ကံပေါက်ဒေသတွင် ဆန္ဒထုတ်ဖော်ခြင်း တစ်ပတ်တာအနှစ်ချုပ်
diz_admin
March 9, 2021အာဏာသိမ်းပြီးနောက် ရှစ်ရက် ခန့်အကြာတွင် ကံပေါက်ဒေသရှိ လူ အင်အားထောင်ချီလမ်းပေါ်ထွက်လာပြီး သပိတ်စစ်ကြောင်းများဖြင့် စတင် ချီတက်ဆန္ဒပြခဲ့ကြသည်။ မတ်လ ၁ ရက်နေ့ မနက်ပိုင်းတွင် CDM တွင်ပါဝင်သည့် ကျောင်းဆရာ၊ ဆရာမ၊ ဒေသခံများ သပိတ်စစ်ကြောင်း လှည့်လည်ဆန္ဒထုတ်ဖော်ပြီး ညနေပိုင်းတွင် တပ်ကောင်စီမှခန့်အပ်သောအုပ်ချုပ်ရေးမှူး အလိုမရှိ စာသားပါ စာရွက်များကို လျှပ်စစ်ဓာတ်တိုင်တို့တွင် ကပ်ထားသည်ကိုတွေ့ရသည်။ ညအချိန်တွင် ကပ်ထားသည့်ယင်း စာရွက်များကို စစ်တပ်ဘက်ကလာ ရောက်ခွာယူခဲ့ သည်။ မတ်လ ၂ ရက်မနက်ပိုင်းတွင်လည်း သပိတ်စစ်ကြောင်းများ ပုံမှန် အတိုင်းလမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။ ကံပေါက်ဈေးလမ်းဆုံလမ်းပေါ်တွင် တပ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်၏ ပုံများကပ်ထားသည်ကို တွေ့ရသည်။ မွန်းလွဲပိုင်းတွင် အဆိုပါဓာတ်ပုံများကို စစ်တပ်ဘက်မှ လာရောက်ခွာယူခဲ့သည်။ နောက်တစ်နေ့ မတ်လ ၃ ရက်တွင် သပိတ်စစ်ကြောင်းများ […]


