တနင်္သာရီတိုင်းတွင် အသတ်ခံရသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများကို စစ်ကောင်စီ ရဲဗလတံဆိပ်ပေး
diz_admin
January 5, 2022တနင်္သာရီတိုင်းအတွင်း အသတ်ခံရသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများကို စစ်ကောင်စီ ဥက္ကဋ္ဌက ရဲဗလတံဆိပ်ချီးမြှင့်ကြောင်း ဇန်နဝါရီလ ၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အသတ်ခံရသည့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် မြို့နယ်ထွေအုပ်စာရေး ၁၂ ဦးတို့ကို လွတ်လပ်ရေးနေ့တွင် ဆုပေးခဲ့ခြင်းဖြစ်သည်။ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး ကိုးဦးနှင့် မြို့နယ်ထွေအုပ်စာရေး တစ်ဦးတို့မှာ အသတ်ခံခဲ့ရပြီး ကျန်သည့် အုပ်ချုပ်ရေးမှူးနှစ်ဦးမှာ အသတ်ခံရခြင်း ရှိမရှိကိုမူ Dawei Watch က အတည်မပြုနိုင်သေးပေ။ အဆိုပါ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများမှာ ဒလန်ဟု သတ်မှတ်ခံရသူ အများစုဖြစ်သည်။ ရဲဗလတံဆိပ်ပေးရာတွင် ပါဝင်သည့် ဒေါ်စန်းစန်းဝေမှာ ဘုမ္မော်ရပ်ကွက် စာရေး (ထားဝယ်မြို့နယ်ထွေအုပ် ဝန်ထမ်း) ဖြစ်ပြီး ထားဝယ်မြို့ ရွှေတောင်စားလမ်းတွင် ဆိုင်ကယ်စီးနေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရသဖြင့် သေဆုံးခဲ့သည်။ ရဲဗလတံဆိပ်ရသူများပါဝင်သည့် […]


