BREAKING
November 4, 2025

ထားဝယ်

စားအုန်းဆီဈေး သုံးဆနီးပါးတက်လို့ အခြေခံလူတန်းစားများ အခက်တွေ့

diz_admin

March 7, 2022

စားအုန်းဆီဈေးနှုန်းမှာ အာဏာမသိမ်းမီကဈေးထက် သုံးဆနီးပါးမြင့်တက်လာသည့်အတွက် အ‌ခြေခံ လူတန်းစားများ အခက်တွေ့နေရကြောင်း ငြီးတွားနေကြသည်။ ထားဝယ်ဈေးကွက်တွင် ၁၀ ပိဿာ ၄၀ ကျပ်သားဝင် ကော်ဆီပုံးဝါတစ်လုံးလျှင် ကျပ်ရှစ်သောင်းဝန်းကျင်၊ ပဲလုံးဆီ တစ်လီတာ တစ်ဘူးလျှင် လေးထောင်ငါးရာကျပ်ဝန်းကျင်နှင့် ပုဇွန်ဆီတစ်ဘူးလျှင် လေးထောင်ကျပ် ဝန်းကျင် ပေါက်ဈေးရှိနေသည်။ အဆိုပါ ဈေးနှုန်းများမှာ မတ်လ ၇ ရက်နေ့ ပေါက်ဈေးများဖြစ်သည်။ အထက်ပါစားအုန်းဆီဈေးများမှာ အာဏာ မသိမ်းမီက သုံးသောင်းဝန်းကျင်သာရှိပြီး လက်ရှိမှာ ယင်းဈေးထက် သုံးဆနီးပါး မြင့်တက်နေခြင်းဖြစ်‌ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ စားအုန်းဆီဈေးမှာ နေ့တိုင်းနီးပါး ဈေးတက်နေပြီး အပြောင်းအလဲဖြစ်နေကြောင်း ထားဝယ်မြို့ရှိ လုပ်ငန်းရှင်ကြီးတစ်ဦးက ဆိုသည်။ “ဆီဈေးက တစ်နေ့တစ်ဈေး ဖြစ်နေတယ်။ ဒီနေ့ရောင်းတဲ့ဈေးက မနက်ဖြန် ကိုယ်ပြန်ဝယ်ရတဲ့ အရင်း ဖြစ်နေတာ” ဟု ၎င်းက […]

ထားဝယ်တွင် သုံးလသားကလေးအပါအဝင် လေးဦး ကိုဗစ်ဖြင့် သေဆုံး

diz_admin

March 7, 2022

ရေဖြူမြို့နယ် မူးဒူးရွာက အသက် သုံးလသား ကလေးတစ်ဦး အပါအဝင် လူလေးဦး မတ်လ ၆ ရက်နေ့က ကိုဗစ်‌ဖြင့် သေဆုံးသွားကြောင်း ထားဝယ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့နှင့် နာရေးကူညီမှု-ထားဝယ်တို့ထံမှ သိရသည်။ သုံးလသား ကလေးငယ်မှာ ဆေးရုံကြီးရှိ ကိုဗစ်ကုသဆောင်တွင် ကုသနေစဉ် မတ်လ ၆ ရက်နေ့ ညနေ လေးနာရီခန့်တွင် သေဆုံးသွားကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးက ဆိုသည်။ “ကိုဗစ်နဲ့ လသားအရွယ်သေတာ ထားဝယ်မှာ ပထမဆုံးပဲ” ဟု ၎င်းက ပြောသည်။ ကိုဗစ်ဖြင့်သေဆုံးသည့် အထက်ပါကလေးငယ်အား ယနေ့ (မတ် ၇) သင်္ဂြိုဟ်မည်ဖြစ်ကြောင်း အထက်ပါတပ်ဖွဲ့ထံမှ သိရသည်။ သေဆုံးသွားသည့် ကလေးငယ်၏ မိဘတွင်မူ ကိုဗစ်ပိုးမတွေ့ရကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။ ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်က အသက် ၈၃နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ […]

ထားဝယ်တွင် မနက်ဖြန် ငါးနာရီကြာ မီးပြတ်မည်

diz_admin

March 5, 2022

ထားဝယ်မြို့နယ်အတွင်း မနက်ဖြန် (မတ် ၆) နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ ငါးနာရီကြာ လျှပ်စစ်မီး ပြတ်တောက်မည်ဖြစ်ကြောင်း ထားဝယ်ခရိုင်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေသည့် Petro & Trans ကုမ္ပဏီက ထုတ်ပြန်ထားသည်။ ၁၁ ကေဗွီ ဓာတ်အားလိုင်းအသစ်တစ်ခု တိုးချဲ့တပ်ဆင်ရန်အတွက် ငါးနာရီကြာ လျှပ်စစ်မီးဖြတ်တောက်ကာ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။ ဓာတ်အားသုံးစွဲမူ ဝန်များလာသဖြင့် ၁၁ ကေဗွီ ဓာတ်အားလိုင်းအသစ်တစ်ခု တိုးချဲ့လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ရန်ကုန်နှင့် အခြားမြို့ကြီးများတွင် အခြေခံလျှပ်စစ်တစ်ယူနစ်ကို ၃၅ ကျပ်ဖြင့် သုံးစွဲနေချိန် တနင်္သာရီတိုင်းနေ ပြည်သူတို့မှာ ၎င်းတို့ထက် ရှစ်ဆကျော် ဈေးပိုပေးပြီး သုံးစွဲနေရသည်။ လက်ရှိထားဝယ်ခရိုင်တွင် လျှပ်စစ်တစ်ယူနစ်ကို ၂၈၃ ကျပ်ဖြင့် သုံးစွဲနေရသည်။ မြိတ်နှင့် […]

ကံပေါက် မိကျောင်းအိုင်ရွာသားတစ်ဦး အသတ်ခံရ

diz_admin

March 4, 2022

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသ မိကျောင်းအိုင်ရွာသားတစ်ဦး မတ်လ ၃ ရက်က အသတ်ခံခဲ့ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သေဆုံးသူမှာ အသက် ၆၀ ကျော်အရွယ် ဦးလှသန်းဆိုသူဖြစ်ပြီး ကံပေါက်ကျေးရွာအုပ်စု ဖက်တောင်ရွာ ဥယျာဉ်ခြံသွားလမ်းတ‌စ်နေရာတွင် ဝမ်းဗိုက် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို ရွာသားတစ်ဦးက မြင်တွေ့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဦးလှသန်းအား စစ်ကောင်စီသတင်းပေးဟုဆိုကာ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ ဦးလှသန်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးဖြစ်ပြီး ယခင် စစ်အစိုးရ ခေတ်ကလည်း ကျေးရွာကောင်စီဝင်ဟောင်းတစ်ဦးဖြစ်ကြောင်း ဒေသခံအချို့က ပြောကြားသည်။

ဘဏ်အပ်ငွေ ထုတ်ရခက်ခဲနေဆဲ

diz_admin

March 4, 2022

တစ်နှစ်ကျော်ကြာသည်အထိ ပြည်သူများ၏ ဘဏ်အပ်နှံငွေများကို ထုတ်ယူရာတွင် အခက်အခဲ ဖြစ်ပေါ်နေဆဲဖြစ်သည်။ ထားဝယ်မြို့ရှိ ပုဂ္ဂလိကဘဏ်လေးခုကို ဆက်သွယ်မေးမြန်းခဲ့ရာ ဘဏ်အပ်နှံငွေများကို အကန့်အသတ် ဖြင့်သာ ထုတ်ပေးနိုင်သေးကြောင်း ပြောကြသည်။ ဧရာဝတီဘဏ်တွင် အကောင့်ထဲရှိ ငွေများကို တစ်ပတ်လျှင် တစ်ကြိမ်ထုတ်ပေးနေပြီး တစ်ကြိမ်ထုတ်လျှင် ကျပ်သုံးသိန်းသာရရှိကြောင်း ၎င်းဘဏ်ဝန်ထမ်းတစ်ဦးက ပြောကြားသည်။ ယင်းကဲ့သို့ ငွေထုတ်ယူရန်အတွက် ကြိုတင်တိုကင်ယူရန် မလိုကြောင်း ၎င်းကပြောသည်။ ကမ္ဘောဇဘဏ်တွင်မူ ကြိုတင်တိုကင်ယူရပြီး တစ်ကြိမ်ငွေထုတ်လျှင် ကျပ်သုံးသိန်းသာ ထုတ်ပေးကြောင်း ယင်းဘဏ်ဝန်ထမ်းတစ်ဦးကပြောသည်။ ရုံးဖွင့်ရက် နံနက် ၁၀ နာရီမှ ၁၁ နာရီကြားအချိန်တွင် တိုကင်ယူရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ CB ဘဏ် (ထားဝယ်) တွင်မူ ငွေထုတ်ပြီးပါက နောက်တစ်ကြိမ်ထုတ်ရမည့်အချိန်ကို ရက်ချိန်းပေးလိုက် ကြောင်း ၎င်းဘဏ်တွင် ကိုယ်တိုင်ငွေထုတ်ဖူးသူတစ်ဦးက ပြောသည်။ တစ်ခါထုတ်လျှင် […]

စက်သုံးဆီဈေး တစ်လီတာ ၂၀၀၀ ကျော်ပြီ

diz_admin

March 3, 2022

တရိပ်ရိပ်တက်နေသော စက်သုံးဆီဈေးနူန်းသည် အကျမရှိတော့ဘဲ လက်ရှိတွင် တစ်လီကျပ် ၂၀၀၀ ကျော် အထိသို့ပင် မြင့်တက်လာကြောင်း ထားဝယ် စက်သုံးဆီဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ယနေ့ ထားဝယ်မြို့တွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ၁၉၅၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၀၅၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၀၀၀ ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် ၂၀၁၀ ကျပ် ဈေးပေါက်နေကြောင်း စက်သုံး ဆီဆိုင် မန်နေဂျာတစ်ဦးက ပြောသည်။ ယင်းသို့ စက်သုံးဆီဈေးနူန်း ဆက်တိုက်မြင့်တက်လာသဖြင့် ထားဝယ်မြို့ရှိ စက်သုံးဆီပိုင်ရှင်များအသင်း တွင် ဆီဈေးကိစ္စ အစည်းအဝေးတစ်ရပ် လုပ်ရန် စီစဉ်နေကြောင်း ၎င်းကဆိုသည်။ “အခု‌ဆီဈေးတက်နေတာက အရမ်းရုပ်ဆိုးသွားပြီ။ အဲဒါကြောင့် နောက်ထပ်ဈေး ထပ်မတတ်နိုင်အောင် အစည်းအဝေး ခေါ်မယ်လို့တော့ ပြောသံကြားရတယ်” […]

ကျောင်းတွင် ကိုဗစ်အစုလိုက်ကူးစက်မှုရှိပြီး တိုင်းအတွင်း ကျောင်းသား၊ ဆရာ ၁၆၀ကျော် ကူးစက်ခံရ

diz_admin

March 3, 2022

ဘုတ်ပြင်းမြို့နယ်က အထက ကျောင်းတစ်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမ ၆၃ဦး ကိုဗစ်အစုလိုက်အပြုံလိုက် ကူးစက်ခံရပြီး တိုင်းတစ်ခုလုံးတွင် ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမ ၁၆၀ ကျော် ကူးစက်ခံထားရကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။ တိုင်းအတွင်း ကျောင်းသူ၊ ကျောင်းသား ၁၂၃ ဦးနှင့် ဆရာ၊ ဆရာမ ၄၃ ဦး စုစုပေါင်း ၁၆၆ တို့မှာ ကိုဗစ် ကူးစက်ခံထားရကြောင်း အထက်ပါဌာန (စီမံ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းယုက ပြောသည်။ ယင်းအနက် အများဆုံးတွေ့ရှိမှုမှာ ဘုတ်ပြင်းမြို့နယ် အထက တောင်ဒဂုန်ကျောင်းတွင်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၅၇ ဦးနှင့် ဆရာ၊ ဆရာမ ခြောက်ဦး စုစုပေါင်း ၆၃ ဦး […]

ရွှေဈေးတက်ချိန် ထားဝယ်ဈေးကွက်တွင် အရောင်းအဝယ်ပါး

diz_admin

March 2, 2022

ရွှေဈေးတက်နေချိန်တွင် ထားဝယ်ဈေးကွက်၌ အရောင်းအဝယ် အေးစက်နေကြောင်း ရွှေဆိုင်ပိုင်ရှင် အချို့ထံမှ သိရသည်။ လက်ရှိ ထားဝယ်ဈေးကွက်တွင် ‌အခေါက်ရွှေ တစ်ကျပ်သားလျှင် တစ်ဆယ့်ကိုးသိန်းနှစ်သောင်းဝန်းကျင် ပေါက်ဈေးရှိနေကြောင်း ၎င်းတို့ထံမှ သိရသည်။ ထိုသို့ရွှေဈေးတက်နေပြီး အတက်အကျ မငြိမ်သဖြင့် အရောင်းရော အဝယ်ပါ နည်းပါးနေကြောင်း ထားဝယ်မြို့ ဈေးကြီးအရှေ့ဘက်ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ “အရင်က (ဇန်နဝါရီလ) နဲ့ စာရင် အတော်လေးပါးတယ်။ ရွှေဈေးကလည်း လုံးဝမငြိမ်ဘူးဖြစ်နေတာ” ဟု ၎င်းက ပြောသည်။ ရန်ကုန်ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် တစ်ဆယ့်ကိုးသိန်းသုံးသောင်းကျော်ဖြင့် ရောင်းချနေကြသည်။ ထားဝယ်ဈေးကြီးတောင်ဘက်ရှိ ရွှေဆိုင်ပိုင်ရှင်ကမူ အခေါက်ရွှေ ဝယ်သူထက် ပြန်ရောင်းသူက များနေကြောင်း ဆိုသည်။ “အခုချိန်က အလှူတွေ မင်္ဂလာဆောင်တွေလည်း နည်းသွားပြီဆိုတော့ ဝယ်တဲ့သူက အရမ်းနည်းတယ်” ဟု အဆိုပါ ရွှေဆိုင်ပိုင်ရှင်က […]