ရေဖြူ နဘုလယ်ဒေတွင် အမျိုးသားတစ်ဦး သတ်ခံရပြီး အုပ်ချုပ်ရေးမှူးနေအိမ် မီးရှို့ခံရ
diz_admin
March 24, 2022ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသ ရလိုင်ရွာက ဒလန်ဟုဆိုသူ အမျိုးသားတစ်ဦး အသတ်ခံရပြီး ပရဒတ်ရွာ အုပ်ချုပ်ရေးမှူး၏ နေအိမ်မီးရှို့ခံရကြောင်း ဒေသခံများထံမှ သိရသည်။ အသက် ၅၈ နှစ်အရွယ်ရှိ ဦးမြင့်သားဆိုသူကို မတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဆိုင်ကယ်ဖြင့် အမျိုးသားနှစ်ဦးက လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ယင်းရွာက ဒေသခံတစ်ဦးက ပြောသည်။ ဦးခေါင်းတွင် ကျည်ထိမှန်သည့် ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ၎င်းက ဆိုသည်။ ၎င်းသည် ကံပေါက်ဒေသဖက်ကဖြစ်ပြီး ရလိုင်ရွာတွင် လာရောက်အခြေချနေထိုင်သည်မှ ဆယ်နှစ် ဝန်းကျင်ရှိပြီဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါ ဆေးဆရာကို ပစ်သတ်ခဲ့ကြောင်း Dawei guerrilla revolutionary force (DGRF) အဖွဲ့နှင့် Launglone People Defense Force […]


