သယ်ယူစရိတ်ကြီးသဖြင့် ထားဝယ်တွင် ဝါးဈေးနှစ်ဆတက်
diz_admin
April 6, 2022သယ်ယူစရိတ်ကြီးမြင့်မှုကြောင့် ထားဝယ်တွင် ဝါးဈေး ယမန်နှစ်ထက် ဈေးနှစ်ဆတက်သွားကြောင်း ထားဝယ် ကမ်းနားလမ်းရှိ ဝါးရောင်းချသူအချို့ထံမှ သိရသည်။ ဆောက်လုပ်ရေးလုပ်ငန်းနှင့် အိမ်သုံး ဝါးကြီးတစ်လုံးကို ယမန်နှစ်က ငါးရာကျပ်ခန့်သာရှိရာမှ ယခုနှစ်တွင် တစ်ထောင်ခန့်ဖြစ်လာပြီး ဝါးငယ်တစ်လုံး သုံးရာကျပ်ခန့်ရှိရာမှ ခြောက်ရာခန့်ဖြင့် ရောင်းချနေရကြောင်း ဝါးရောင်းချသူတစ်ဦးက ပြောသည်။ “ပင်ရင်းကတော့ ဈေးမတက်ဘူး။ ပုံမှန်ပါ။ အဓိက သယ်ယူစရိတ်ကြီးသွားတော့ ဈေးကွက်ထဲမှာ ဈေးတင်ရတာပေါ့” ဟု ဝါးရောင်းချသူ အမျိုးသားတစ်ဦးက ပြောသည်။ ယမန်နှစ်က ဝါးလုံးရေ တစ်ထောင်ပါ ကားတစ်ခေါက်ကို သယ်ယူစရိတ် ရှစ်သောင်းခန့်သာ ပေးရပြီး ယခုနှစ်မှာ တစ်သိန်းလေးသောင်းခန့်ပေးရကြောင်း ဝါးရောင်းချသူအချို့ထံမှ သိရသည်။ “ဝါးကြီးတစ်လုံးကို အိမ်အရောက်ပို့ တစ်ထောင်ဆိုလို့ တစ်လုံးရှစ်ရာနဲ့ ကိုယ်တိုင်သွားသယ်လိုက်ရတယ်။ မနှစ်က ငါးရာပဲ ရှိတယ်” ဟု လောင်းလုံးမြို့နယ်ရှိ ဒေသခံတစ်ဦးက […]

                    
                    
                    
                    
                    
                    
                    
                    
