ထားဝယ် ရှင်မော်သွားလမ်းတွင် မိုင်းဟုယူဆရသည့် အထုပ်နှစ်ထုပ်ကြောင့် ခရီးသည်များ စိုးရိမ်
diz_admin
October 1, 2022ထားဝယ် လောင်းလုံး ရှင်မော်ဘုရားသွား ကားလမ်းမပေါ်တွင် မိုင်းဟုယူဆရသည့် အထုပ်နှစ်ထုပ် ရှိနေသဖြင့် ခရီးသည်များ စိုးရိမ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ လောင်းလုံးမြို့နယ် သကျက်တောကျေးရွာနှင့် ကျောက်ပုံကျေးရွာအကြားရှိ တံတားတစ်ခုတွင် အနက်ရောင် ပလပ်စတစ်အိတ်ဖြင့် ထုပ်ထားသည့် ဝါယာကြိုးများပါသည့် အထုပ်နှစ်ခု တံတားဟိုဘက် သည်ဘက်တွင် ရှိနေကြောင်း ယင်းလမ်းပိုင်းကို ဖြတ်သန်းလာသူ မျက်မြင်တစ်ဦးက ပြောသည်။ စက်တင်ဘာလ ၂၉ ရက်နေ့ကပင် ရှိနေခြင်းဖြစ်ပြီး ယနေ့ အောက်တိုဘာလ ၁ရက် နံနက် ၉နာရီခွဲအချိန်အထိ ယင်းနေရာတွင် ရှိနေဆဲဖြစ်ကြောင်း ဖြတ်သန်းသွားလာသည့် ဒေသခံအချို့က ပြောသည်။ “တံတားပေါ်မှာ ပေါ်တင်ကြီးကို တင်ထားတာတွေ့နေရတယ်။ အဲဒါမြင်တာနဲ့ တံတားကို ဖြတ်ရမလား။ မဖြတ်ရဘူးလားတောင် မသိတော့အောင်ကိုဖြစ်သွားတယ်” ဟု အထက်ပါဒေသခံက ဆိုသည်။ ဆိုင်ကယ်များမှာ အခြားလမ်းမှ ကွေ့ပတ်သွားနိုင်သော်လည်း […]


