Non-CDM များ ၇ ရက်အတွင်း အလုပ်ထွက်ရန် လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့ထုတ်ပြန်
diz_admin
January 28, 2023အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် မပါဝင်သည့် Non-CDM ဝန်ထမ်းများ ၇ ရက်အတွင်း အလုပ်ထွက်ရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇန်နဝါရီလ ၂၇ရက်တွင် ထုတ်ပြန်လိုက်သည်။ လောင်းလုံးမြို့နယ်အတွင်းရှိ Non-CDM ဝန်ထမ်းများအနေဖြင့် ဖေဖော်ဝါရီလ ၃ရက်နေ့ နောက်ဆုံးထားပြီး စစ်ကောင်စီကို အမြန်ဆုံးစွန့်ခွာရန် ထုတ်ပြန်ထားခြင်းဖြစ်သည်။ ယင်းထုတ်ပြန်ချက်မှာ အာဏာသိမ်းပြီး ၂ နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် Non-CDM များကို ဖိအားပေးသည့် ထုတ်ပြန်ချက်ဖြစ်လာသည်။ ယင်းထုတ်ပြန်ချက်အပေါ် ဒေသတွင်းရှိ CDM ဝန်ထမ်းအချို့က ထောက်ခံကြောင်း ပြောဆိုကြသည်။ “ကျွန်မတို့ တောက်လျှောက် စိုးရိမ်သောကတွေနဲ့ နေလာရတာလေ။ အခုလိုမျိုးထုတ်ပြန်တာကိုတော့ အားပေးတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ ဘယ်လိုခံစားခဲ့ရလဲဆိုတာ သူတို့ (Non-CDM များ) ကိုယ်ချင်းစာတတ်စေချင်လို့ပါ” ဟု လောင်းလုံးမြို့နယ်သူ CDM ဝန်ထမ်းတစ်ဦးက ပြောသည်။ ယခင်ကမူ […]


