အောက်သရက်ချောင်းကျေးရွာတွင် အမျိုးသားနှစ်ဦး ပစ်ခတ်ခံရ၊ တစ်ဦးသေ
diz_admin
October 21, 2022ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အောက်သရက်ချောင်း ကျေးရွာတွင် အောက်တိုဘာလ ၂၀ ရက် ည ၉ နာရီခွဲခန့်တွင် အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး တစ်ဦးသေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ သေနတ်ဖြင့် ပစ်သတ်ခံရသူနှစ်ဦးအနက် အသက် ၃၇ နှစ်ခန့်ရှိ ကိုနောင်စိုးဆိုသူမှာ နေရာတွင်သေဆုံးခဲ့ပြီး အသက် ၃၅ နှစ်ခန့်ရှိ ကိုစိုးထိုက်မှာ သေနတ်ဒဏ်ရာ လေးချက်ခန့် ရရှိထားကြောင်း အောက်သရက်ချောင်းကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါအမျိုးသားနှစ်ဦးမှာ ရွာတွင် အေးဆေးနေတတ်သူများဖြစ်ကြောင်း ၎င်းက ဆိုသည်။ ကိုနောင်စိုးမှာ မူလတန်းကျောင်းအုပ်ဖြစ်ပြီး ကျောင်းမတက်ရဲသဖြင့် အလုပ်နားထားသည်မှာ ကြာပြီဖြစ်သည်ဟု အခြား ဒေသခံအချို့က ပြောသည်။ သေနတ်ဒဏ်ရာဖြင့် ဆေးရုံတင်ထားရသည့် ကိုစိုးထိုက်မှာ ပန်းရံလုပ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ၎င်းတို့နှစ်ဦးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် […]


