ရွှေဘိုပေါ်ဆန်းစျေး ဆက်တိုက်တက်၊ ဆန်တစ်အိတ် ကျပ်တစ်သောင်းကျော်ထပ်တက်
diz_admin
April 26, 2023ယခုရက်ပိုင်းအတွင်း ထားဝယ်နှင့် မြိတ်မြို့တို့တွင် ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်လျှင် တစ်သောင်းကျပ်ကျော်အထိ စျေးထပ်တက်ခဲ့ကြောင်း ဆန်ဈေးကွက်အတွင်းမှ သိရသည်။ ထားဝယ်ဆန်ဈေးကွက်တွင် ပြီးခဲ့သည့်အပတ်က ရွှေဘိုပေါ်ဆန်းအဟောင်း တစ်အိတ်လျှင် ၁၂၃၀၀၀ ကျပ်၊ ဆန်အသစ် ၁၁၂၅၀၀ ကျပ်သာရှိခဲ့ကြောင်း သိရသည်။ ယင်းနောက် ဧပြီလ ၂၅ ရက်နေ့မှစပြီး ဆန်ဟောင်းနဲ့ အသစ်တစ်ဈေးတည်းဖြစ်ခဲ့ပြီး တစ်အိတ်လျှင် ၁၂၃၀၀၀ ကျပ်ဖြစ်နေကြောင်း ထားဝယ်မြို့ရှိ ဆန်အရောင်းဆိုင်တို့မှ သိရသည်။ ဆန်အသစ်တစ်အိတ်လျှင် ၁၀၅၀၀ ကျပ် မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မြိတ်ဆန်ဈေးကွက်တွင် ဧပြီလ ၂၃ ရက်နေ့မှစပြီး ဆန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာနေကြောင်း ကုန်စုံအရောင်းဆိုင်တချို့က ပြောပြသည်။ “စတက်တုန်းကဆိုရင် ပေါ်ဆန်းမွှေးတွေပဲ ဈေးတက်တာ၊ ဆန်းကြမ်းကမတက်သေးဘူး၊ အခုက ဆန်ကြမ်းပါလိုက်တက်နေပြီ” ဟု ကုန်စုံဆိုင်ရှင်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့်အပတ်က မြိတ်စျေးကွက်တွင် […]


