ထားဝယ်တွင် ကြက်သွန်ဈေးတက်
Dawei Watch
May 9, 2023ထားဝယ်ဈေးကွက်တွင် မေလ ပထမပတ်အတွင်း ကြက်သွန်ဈေးတက်လာကြောင်း ထားဝယ်မြို့ရှိ ကုန်စုံဆိုင် ဖွင့်လှစ်ရောင်းချသူများထံမှ သိရသည်။ ဧပြီလ ၂၈ရက်က ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ၂၀၀ဝကျပ်ခန့် ဈေးရှိရာမှ မေလ ၉ရက်တွင် တစ်ပိဿာ ၂၈၀ဝကျပ် ဖြစ်လာကြောင်း ထားဝယ်မြို့ရှိ ကုန်ခြောက်ဆိုင်ဖွင့်လှစ်ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ဈေးကွက်ထဲမှာတော့ ကြက်သွန်တွေ ပြည်ပတင်ပို့နေတာများလာလို့ ဈေးတက်တယ်” ဟု ၎င်းက ဆိုသည်။ ထို့ကြောင့် ထားဝယ်ဈေးကွက်တွင် ဧပြီလ ၂၈ ရက်မှ မေလ ၉ ရက်အတွင်း ကြက်သွန်နီတစ်ပိဿာ ကျပ်ရှစ်ရာခန့် ဈေးတက်သွားခြင်းဖြစ်ကြောင်း ကုန်စုံဆိုင်ဖွင့်လှစ်ရောင်းချသူများထံမှ သိရသည်။ ထားဝယ်ဒေသသည် ကြက်သွန်စိုက်ပျိုးထုတ်လုပ်သည့် ဒေသမဟုတ်သည့်အတွက်ကြောင့် ရန်ကုန်၊ မော်လမြိုင်ဈေးကွက်တို့မှတစ်ဆင့် မှာယူရောင်းချကြရသည်။ ရန်ကုန်နှင့် မော်လမြိုင် ဈေးကွက်တွင် ဈေးနှုန်းအပြောင်းလဲပေါ်မူတည်၍ ထားဝယ်ဒေသ၏ ကုန်ဈေးနှုန်းများမှာလည်း […]


