အဖမ်းခံထားရသည့် ကျောက်နီမော်ဒေသခံ အမျိုးသမီးနှစ်ဦးပြန်လွတ်
diz_admin
January 26, 2023စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာမှ အမျိုးသမီးနှစ်ဦး မနေ့(ဇန်နဝါရီ ၂၅)ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူအချို့၏ ပြောပြချက်အရ သိရသည်။ အသက် ၄၅ နှစ်ခန့်ရှိ ကျောက်နီမော်ရွာသား ကိုဇော်ဦး၏ နေအိမ်ကို ဇန်နဝါရီလ ၂၄ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့က လာရောက်ချိပ်ပိတ်စဉ် ဘေးအိမ်တွင်နေသည့် အမျိုးသမီးနှစ်ဦးကိုပါ ဖမ်းဆီးသွားခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူနှစ်ဦးမှာ ကိုဇော်ဦး၏ အမဝမ်းကွဲတော်စပ်သူ အသက် ၄၇ နှစ်ခန့်ရှိ ဒေါ်စန်းမူနှင့် အိမ်နီးချင်းဖြစ်သူ အသက် ၂၀ ကျော်အရွယ် မအိအိထွေးတို့ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့က တစ်ရက်ကြာ စစ်ဆေးမေးမြန်းကာ ပြန်လွှတ်ပေးခဲ့ကြောင်း ဆွေမျိုးနီးစပ်တော်သူ အမျိုးသားတစ်ဦးက ပြောသည်။ “ပြန်လွတ်ပြီ မနေ့ညနေကပြန်လွတ်တယ်။ ရိုက်နှက်ထုထောင်းတာတော့မရှိပါဘူး။ ဖမ်းပြီး စစ်ဆေးမေးမြန်းတာလောက်ပဲတဲ့” ဟု ၎င်းက ပြောသည်။ ဆန္ဒပြချိန်က […]


