ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

သရက်နှစ်ခွရွာတွင် ‌ကျောင်းပိတ်ရန် လက်နက်ကိုင်အဖွဲ့တစ်ခုက သတိပေး၊ စစ်ကောင်စီက ဆက်ဖွင့်ရန် ဖိအားပေး

Dawei Watch

June 8, 2023

သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာတွင် ကျောင်းဆက်လက် မဖွင့်ရန် လက်နက်ကိုင်အဖွဲ့တစ်ခုက သတိပေးပြောဆိုထားသလို စစ်ကောင်စီကမူ ကျောင်းဆက်ဖွင့်ထားရန် ဖိအားပေးခိုင်းစေနေကြောင်း ဒေသခံများက ပြောသည်။ ဇွန်လ ၅ ရက် နံနက် ၁၀ နာရီဝန်းကျင်က သရက်နှစ်ခွရွာ အထက်တန်းကျောင်းခွဲသို့ အရပ်ဝတ်ဖြင့် လက်နက်ကိုင် ၁ဝခန့် ဝင်ရောက်လာပြီး ဆရာမများနှင့် ကျောင်းသားမိဘများကို ခေါ်ယူကာ ကျောင်းဆက်လက် မဖွင့်ရန် ပြောဆိုခဲ့ကြောင်း ဒေသခံအချို့နှင့် ဆရာမအချို့က ဆိုသည်။ “ကျောင်းမဖွင့်ဖို့ပြောတယ်။ အခုတော့ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ဖြစ်ပါစေ။ နောက်ထပ်ဆိုရင်တော့ ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုပြီးပြောတယ်။ တို့တွေအားလုံးကို မှတ်တမ်းယူဆောင်သွားပြီလေ။ ဆရာမတွေ အားလုံးက သွားမရဲတော့ဘူးလို့ပြောတယ်။ ကိုယ့်အသက်ထက် အရေးမကြီးဘူးလေ” ဟု သရက်နှစ်ခွရွာကျောင်းက ဆရာမတစ်ဦးက ပြောသည်။ ယင်းသို့ ပြောဆိုပြီးနောက် ဆရာများက ကျောင်းဆက်မဖွင့်ရဲတော့သလို မိဘများလည်း […]

လောင်းလုံး ကျေးရွာအချို့တွင် ညဖက်ကင်းလှည့်၊ ကင်းပုန်းဝပ်မှုများကြောင့် ဒေသခံများစိုးရိမ်မှုမြင့်တက်

Dawei Watch

June 7, 2023

လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် ဇွန်လ ၁ ရက်ကစပြီး စစ်ကောင်စီတပ်က ညဖက်ကင်းလှည့်ခြင်း ကင်းပုန်း ဝပ်ခြင်းများ နေ့စဉ်ဆက်တိုက်လုပ်ဆောင်လာသောကြောင့် ဒေသခံများကြား စိုးရိမ်မှုမြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်မြစ်ကမ်းဘေးတွင်ရှိသည့် သာယာကုန်း၊ သဲပုံ၊ အင်းဝန်း၊ ကမြောကြီး ကျေးရွာတို့တွင် ယင်းသို့ လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ မေလ ၃၁ ရက်တွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထားဝယ်မြို့ရှိ တနင်္သာရီတိုင်း စစ်ကောင်စီ ဝန်ကြီးများအိမ်ရာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီးနောက် အထက်ပါရွာများတွင် ကင်းလှည့်ခြင်း၊ ကင်းပုန်းဝပ်ခြင်းများ လုပ်ဆောင်လာကြောင်း ဒေသခံတို့က ဆိုသည်။ “သူတို့ ကညဖက်ဆို မြေတင်ကားတွေနဲ့လာတယ်။ အရင်က ကိုယ်ရွာနဲ့ကိုယ်ဆိုတော့ ညဖက်အပြင်ထွက်ရင် ထွက်လို့ရသေးတယ်။ အခုက ထွက်လို့မရဲတော့ဘူး။ သူတို့က ရွာထဲမှာတော့ ဖမ်းတာဆီးတာမျိုးမလုပ်ဘူး။ တစ်ခါတလေ […]

သရက်ချောင်းက ကျေးရွာလေးရွာထက်မနည်းကို စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်ရှာဖွေ

Dawei Watch

June 7, 2023

သရက်ချောင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ယနေ့တွင် ကျေးရွာ လေးရွာထက်မနည်းကို ဆက်လက်ဝင်ရောက်ရှာဖွေစစ်ဆေးကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်စစ်ကြောင်းသည် ဇွန်လ ၆ ရက် နံနက် ၅ နာရီခန့်က သရက်နှစ်ခွရွာမှ ဥတ္တူရွာဘက်ကို စစ်ကြောင်းထိုးလာကြောင်း ဒေသခံတို့က ဆိုသည်။ ဥတ္တူရွာက နေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်။ ယင်းသတင်းကို Dawei Watch က ဇွန်လ ၆ရက်က သတင်းဖော်ပြပြီးဖြစ်သည်။ ထိုမှတစ်ဆင့် ယနေ့ ဇွန်လ ၇ရက်တွင် ကျောက်လှေကား၊ ဟင်းဘုတ်ချောင်း၊ အင်းပြား၊ ကြာအင်းကျေးရွာများကို ရွာစဉ်တစ်လျှောက် ဆက်လက်ဝင်ရောက်ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်လာခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ယနေ့ နံနက် ၇ နာရီခွဲခန့်က အင်အား ၂၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် ကြာအင်းရွာသို့ […]

ထားဝယ်တွင် ကျောင်းအပ်သူများ၍ ပြင်ပဈေးကွက်တွင် ပုံနှိပ်စာအုပ်ဈေးနှစ်ဆတက်

Dawei Watch

June 7, 2023

ထားဝယ်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်း ကျောင်းများတွင် ယခုပညာသင်နှစ်(၂၀၂၃-၂၀၂၄)တွင် ကျောင်းအပ်သူ များပြားလာသည့်အတွက်ကြောင့် ပြင်ပဈေးကွက်တွင် အတန်းစုံအခြေခံပညာ ပုံနှိပ်စာအုပ်များ ဈေးနှစ်ဆ တက်လာသည်ဟု ထားဝယ်မြို့ရှိ ကျောင်းသုံးစာအုပ် အရောင်းဆိုင်များထံမှသိရသည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် KG မှ G 12 အထိ အခြေခံပညာ ပုံနှိပ်စာအုပ်များ၏တန်ဖိုးမှာ အတန်းပေါ်မူတည်ပြီး ကျပ်သုံးထောင်မှ ကျပ်တစ်သောင်းခွဲ နီးပါးအထိသာရှိရာမှ ယခုနှစ် ၂၀၂၃ -၂၀၂၄ ပညာသင်နှင့်တွင် ကျပ် ခုနှစ်ထောင်မှ ကျပ်သုံးသောင်းအထိ ရှိလာသည်ဟု ထားဝယ်မြို့ရှိ ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာ အရောင်းဆိုင် ပိုင်ရှင်အမျိုးသမီးတစ်ဦးကပြောသည်။ “ဈေးတက်တယ် ထက်ဝက်လောက်ကိုတက်တယ်။ ဒီနှစ်က ကျောင်းတက်တဲ့သူတွေ တော်တော်များတယ်”ဟု သူမကပြောသည်။ အခြေခံပညာကျောင်းများတွင် ပုံနှိပ်စာအုပ်များ အခမဲ့ပေးလေ့ ရှိသော်လည်း ထားဝယ်ဒေသတွင် ကျောင်းမဖွင့်မီကတည်းကပင် ကျောင်းသားအများစုက ပုံနှိပ်စာအုပ်များဝယ်ယူ၍ ပြင်ပ ဆရာများထံတွင် ကြိုတင်သင်ကြားလေ့ရှိသည်။ ယခုပညာသင်နှစ်တွင် ယခင်နှစ်များနှင့်မတူဘဲ […]

လောင်းလုံး အထက်တန်းကျောင်း ဖျက်ဆီးခံရ

Dawei Watch

June 6, 2023

လောင်းလုံးမြို့ အထက်တန်းကျောင်းကို အမည်မသိလူများက ဝင်ရောက်ပြီး ကျောင်းစာသင်ခန်းအချို့ကို ဖျက်ဆီးသွားကြောင်း မြို့ခံအချို့က ပြောသည်။ တနင်္ဂနွေကျောင်းပိတ်ရက်ဖြစ်သည့် ဇွန်လ ၄ ရက်နေ့တွင် ဝင်ရောက်ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ကျောင်းထဲရှိ စာသင်ခန်းအချို့၊ ဆရာ၊ ဆရာမ နားနေဆောင်နှင့် ကွန်ပျူတာများကို ရိုက်ခွဲဖျက်ဆီးသွားခြင်းဖြစ်ကြောင်း မြို့ခံတို့က ပြောဆိုသည်။ “ကျောင်းမှာ ဖျက်ဆီးခံလိုက်ရတာကတော့ တော်တော်များတယ်။ ကွန်ပျူတာတွေ၊ စာသင်ခန်းတွေ ကြေမွနေအောင် ရိုက်ဖျက်သွားတာ” ဟု မျက်မြင်တွေ့ရသည့် ကျောင်းသားမိဘတစ်ဦးက ပြောဆိုသည်။ စာသင်ခန်းထဲ ပျက်စီးနေမှုအခြေအနေကို ဇွန်လ ၅ ရက် ကျောင်းဖွင့်ချိန်ရောက်မှ တွေ့ရှိခဲ့ပြီး ယင်းနောက် လောင်းလုံးမြို့မရဲစခန်းက လာရောက်စစ်ဆေးခဲ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ရဲစခန်းက လာရောက်စစ်ဆေးချိန် ကျောင်းအနီးဝန်းကျင်ရှိ ဒေသခံ အနည်းဆုံး ခြောက်‌ဦးကို စစ်ဆေးရန်ရှိသည်ဟုဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။ […]

ဥတ္တူရွာက နေအိမ်နှစ်လုံးမီးရှို့ခံရ

Dawei Watch

June 6, 2023

သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာက နေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့သွားကြောင်း ဒေသခံအချို့က ပြောသည်။ ဇွန်လ ၆ ရက် ယနေ့ နံနက် ၅ နာရီခန့်က သရက်နှစ်ခွရွာမှ ဥတ္တူရွာဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ရွာထဲက နေအိမ်နှစ်လုံးကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းသည် လမ်းတွင်တွေ့ရှိသည့် ဥတ္တူရွာသားနှစ်ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်ပြီးနောက် ရွာထဲသို့ ရုတ်တရက် ရောက်ရှိလာခြင်းဖြစ်ကြောင်း ယင်းကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “တို့ရွာသားအချင်ချင်း စကားပြောနေတုန်းမှာပဲ မီးခိုးတွေမဲတက်လာတယ်။ သူတို့ သီးသန့်ကြီးလာရှို့သွားတဲ့ သဘောမျိုးပဲပေါ့” ဟု ၎င်းက ပြောဆိုသည်။ နေအိမ်နှစ်လုံးစလုံးမှာ မီးလောင်ပျက်စီးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ လမ်းပြခေါ်ဆောင်လာသည့် ဥတ္တူရွာသားနှစ်ဦးကို နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ပြီး […]

ထားဝယ်တွင် ကိုဗစ်လူနာ အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ထပ်မံသေဆုံး

Dawei Watch

June 4, 2023

ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် အသက် ၇၃ နှစ်ခန့်ရှိ ကိုဗစ်လူနာအမျိုးသမီးကြီးတစ်ဦး ယနေ့ ဇွန်လ ၄ရက်တွင် ထပ်မံသေဆုံးကြောင်း ပရဟိတအသင်းအဖွဲ့များထံက သိရသည်။ အထက်ပါအမျိုးသမီးမှာ ပလောက်မြို့နယ် ကျောက်တောင်ရွာက ဒေါ်ခင်ယုဆိုသူဖြစ်ပြီး မေလ ၃၀ ရက်က ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူဖြစ်ကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။ “ဘာရောဂါအခံ လက္ခဏာရှိတယ်ဆိုတာ အသေးစိတ်တော့ ကျွန်တော်တို့လည်း မသိဘူး။ မနက်တုန်းက ကျွန်တော်တို့ကို ခေါ်တာ ၆ နာရီမထိုးခင်ပေါ့နော် ဆုံးတာက” ဟု ၎င်းက ဆိုသည်။ ကိုဗစ်လူနာအမျိုးသမီး သေဆုံးမှုအခြေအနေနှင့် ပတ်သက်၍ ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားရန် အဆင်မပြေကြောင်း ပြန်လည်ပြောဆိုသည်။ နာရေးကူညီမှုအသင်း-ထားဝယ်မှ အတွင်းရေးမှူး ဦးအောင်နိုင်ဦးကလည်း အထက်ပါအမျိုးသမီးမှာ သေဆုံးရသည့် အကြောင်းအရင်းကို မသိရသေးကြောင်း ပြောသည်။ “ထားဝယ်ဆေးရုံကြီး […]

သရက်ချောင်းမြို့နယ် စုံစင်ဖျားရွာအနီး ကားတစ်စီးပစ်ခံရပြီး အမျိုးသားတစ်ဦးသေဆုံး

Dawei Watch

June 4, 2023

သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားရွာနှင့် ချောက်ချောင်းရွာကြား ၃၂ မိုင်အနီးတွင် ဇွန်လ ၁ ရက် ည ၈ နာရီကျော်ခန့်က ကားတစ်စီးပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ ထားဝယ်ဘက်မှ မြိတ်ဘက်ကိုဆင်းလာသည့် ဖရဲသီးသယ်သည့်ကားကို တားဆီးရာ ရပ်မပေးသဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းအမျိုးသား သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။ သေဆုံးသူမှာ မြိတ်မြို့နယ် စန္ဒာဝတ်ကျေးရွာမှ အသက် ၅၃ နှစ့်ခန့်ရှိ ဦးဆန်နီဆိုသည့် အမျိုးသားဖြစ်သည်ဟု သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကျွန်တော်တို့ ကြားတဲ့ အခြေအနေအရ သူတို့ပြောတာ တားတာကို မရပ်ပေးလို့ ခြောက်ပစ် ပစ်တာမှာထိတယ်လို့ပြောတယ်။ ကားသမားသေသွားတယ်လို့ပြောတယ်။ စန္ဒာဝတ်ကျေးရွာက ဖရဲသီးပို့တဲ့ကားမောင်းနေသူပေါ့” ဟု တာဝန်ရှိသူက ပြောသည်။ ပြင်းဖြူသားရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး(ခ) […]