ပြင်းဖြူသားရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ
Dawei Watch
June 14, 2023သရက်ချောင်းမြို့နယ်၊ ပြင်းဖြူသားရွာအုပ်ချုပ်ရေးမှူး ဇွန်လ ၁၃ရက် နေ့လယ်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ ပစ်ခတ်ခံရသူမှာ အသက် ၃၈ နှစ်ဝန်းကျင် ဦးဇော်ဝမ်းဖြစ်ပြီး ၎င်းသည် NLD အစိုးရလက်ထက်က အုပ်ချုပ်ရေးမှူး တာဝန်ယူခဲ့သလို အာဏာသိမ်းမှု ဖြစ်ပြီးနောက်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအဖြစ် ဆက်လက် လုပ်ကိုင်နေသူဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ သရက်ချောင်းမြို့မှ ပြင်းဖြူသားရွာသို့အပြန် ပိတိုင်ရွာနှင့် ချောက်ချောင်းရွာကြားတွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “လက်မောင်းမှာ ထိတယ်လို့တော့ကြားတယ်။ မနေ့က ထားဝယ်ဆေးရုံကို ယူတင်သွားတယ်ပြောတယ်” ဟု ၎င်းက ပြောဆိုသည်။ ယခုပစ်ခတ်မှုကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လုပ်ဆောင်သည်ကို မသိရသေးပေ။ ဇွန်လ ၂ ရက် နေ့လယ် ၁၂ နာရီခန့်ကလည်း […]


