တိမ်းရှောင်နေသည့် လောင်းလုံး စစ်ပြဲရွာအုပ်ချုပ်ရေးမှူးဟောင်း ပစ်သတ်ခံရ
diz_admin
February 10, 2023လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးသားလေးဆိုသူ ဖေဖော်ဝါရီလ ၉ ရက်က ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ စစ်ပြဲကျေးရွာအုပ်စု စစ်ပြဲအနောက်ပိုင်းဈေးအနီးရှိ ၎င်း၏နေအိမ်တွင်ပင် ညနေ ၄ နာရီခန့်တွင် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “နာထင်မှာတစ်ချက် သေနတ်ဒဏ်ရာတွေ့တယ်။ ပါးစပ်မှာလည်း တစ်ချက်ထင်တယ်။ သွေးတွေနဲ့ ပေနေတာ ဆိုတော့ သေချာ မမြင်လိုက်ရဘူး” ဟု အလောင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။ ဦးသားလေးသည် NLD အစိုးရလက်ထက်က စစ်ပြဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ဆက်မလုပ်တော့ကြောင်း ဒေသခံအချို့က ဆိုသည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက စစ်ကောင်စီနှင့် မပူးပေါင်းရန် သတိပေးပြောဆိုခဲ့ပြီးနောက် ဦးသားလေးမှာ ရွာတွင် မနေတော့ဘဲ တိမ်းရှောင်နေသည်မှာ တစ်နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း ၎င်းတို့ကပြောဆိုသည်။ “ဘာဖြစ်လို့ လာသတိပေးတာလဲတော့ […]


