လောင်းလုံးတွင် ဖုန်းဆိုင်ဖောက်ထွင်းခိုးယူသူများကို ဖမ်းမိဟုဆို
Dawei Watch
June 23, 2023လောင်းလုံးမြို့ မြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဖုန်းအရောင်းဆိုင် ဖောက်ထွင်းခိုးယူသူများကို ဖမ်းမိထားပြီး မြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း မြို့ခံအချို့က ပြောသည်။ ဖုန်းဆိုင် ဖောက်ထွင်းခိုးယူသူများဟု ဖမ်းဆီးထားများမှာ ဆယ်ကျော်သက်အရွယ် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦး ပါဝင်ကြောင်း ၎င်းတို့က ဆိုသည်။ ၎င်းဆယ်ကျော်သက်အရွယ်လေးဦးမှာ လောင်းလုံးမြို့အနီးက စမ်းလှမ်းကျေးရွာတွင် နေထိုင်သူများဖြစ်သည်ဟုလည်း ဆိုသည်။ ဖုန်းဆိုင်အား ဖောက်ထွင်းပြီး တစ်ရက်ခြား ဇွန်လ ၁၆ ရက်တွင် စမ်းလှမ်းကျေးရွာရှိ ကုန်စုံဆိုင်အား ထပ်မံဖောက်ထွင်း ခိုးယူရာမှ ဆက်စပ်ပြီး ဖုန်းဆိုင်ဖောက်ထွင်း ခိုးယူသူများဖြစ်သည်ကို သိရကြောင်း ဖုန်းဆိုင်ပိုင်ရှင်၏ မိတ်ဆွေတစ်ဦးက ပြောသည်။ “သူတို့ရွာကဆိုင်မှာ ခိုးတာဆိုတော့ ဟို (ဆိုင်ရှင်) ကလည်းသိတာပေါ့၊ လက်စလက်နရှိတယ်ဆိုတာကို။ အဲဒီကနေ အိမ်မှာသွားရှာတာ သူတို့ဆိုင်က မုန့်ပုံးတွေရော၊ ဖုန်းတွေရော၊ ပါဝါဘဏ်တွေရောတွေ့လို့ ဆက်စပ်ပြီး အကြောင်းကြားတာနဲ့ […]


