ထားဝယ် ဝကုန်းရွာထဲ စစ်ကြောင်းဝင်လာသဖြင့် ရွာသားများထွက်ပြေးတိမ်းရှောင်နေရ
diz_admin
February 15, 2023ထားဝယ်မြို့နယ် အရှေ့တောဒေသ ဝကုန်းရွာထဲကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၄ ရက် နံနက်ပိုင်းကစပြီး ဝင်ရောက်လာသောကြောင့် ဒေသခံ ရွာသူရွာသားများအားလုံး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအချို့က ပြောသည်။ ထားဝယ်ဘက်သို့ တက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ကျောက်မဲတောင်ရွာဘက်မှ ၂၃ မိုင် (ဝကုန်းရွာအနီး) ဘက်သို့ ထွက်လာနေသည့်အချိန်မှစ၍ ယနေ့အထိ တစ်ရွာလုံးဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “လူတွေဖမ်းဆီးခံရတာ မကြားရသေးဘူး။ လူတွေကတော့ အသံကြားတာနဲ့ ဟိုနေ့တည်းကစ တစ်ရွာလုံး အားလုံး ထွက်ပြေးပြီးတော့ ကိုယ့်နေရာနဲ့ကိုယ် ရှောင်ပြေးနေကြတယ်။ အခုကတော့ (စစ်ကောင်စီတပ်က) ဘုန်းကြီးကျောင်း ရှေ့မှာ ရှိနေတယ်။ အိမ်တွေကို လိုက်ဖောက်နေတယ်ဆိုပြောတယ်” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီတပ် ဝင်လာချိန် ရွာတွင် မနေရဲသည့် ဒေသခံများမှာ တောတောင် ဥယျာဉ်ခြံများထဲ […]


