KNU နှင့် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး ကော်သူးလေ ရဲဘော်သုံးဦးကျဆုံး
diz_admin
February 22, 2023ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ နှင့် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားသဖြင့် ရဲဘော်သုံးဦး ကျဆုံးခဲ့ကြောင်း ကော်သူးလေတပ်မတော် (တနင်္သာရီတိုင်း) က ဖေဖော်ဝါရီလ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီလ ၁၇ ရက်နှင့် ၂၀ ရက်တို့တွင် KNU တပ်မဟာ ၄ ၏ KNLA နှင့် ကော်သူးလေတပ်မတော် KTLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်သားသုံးဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ကော်သူးလေ KTLA တပ်ရင်း ၁ က ထောင်းမာ့ဖြူကျေးရွာလမ်းအတိုင်းသွားနေချိန် အသင့်စောင့်ဆိုင်းနေသည့် KNLA တပ်က တိုက်ခိုက်သဖြင့် ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ထို့နောက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် KNLA ရဲဘော်တစ်ဦးကို […]


