ကလိန်အောင်တွင် တောပစ်ထွက်သည့် အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး
diz_admin
February 25, 2023ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင် ဖေဖော်ဝါရီလ ၂၁ ရက်က တောပစ်ထွက်သည့် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သေဆုံးသူအမျိုသားမှာ ကလိန်အောင်မြို့၊ အမှတ် ၃ ရပ်ကွက်တွင် နေထိုင်သူ ကိုဌေးလွင်ဦးဆိုသူဖြစ်သည်။ ကလိန်အောင်မြို့အနီးက KNU ထိန်းချုပ်နယ်မြေအတွင်းရှိ သစ်တောထဲသို့ ကိုဌေးလွင်ဦးသည် အခြားအမျိုးသားနှစ်ဦးနှင့်အတူ တောပစ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းနောက် အဆိုပါအမျိုးသားနှစ်ဦးနှင့် အချင်းများရာမှ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားပြီး ကိုဌေးလွင်ဦး ကျည်ထိမှန်သေဆုံးသွားခဲ့ကြောင်း ၎င်းတို့က ပြောသည်။ “မိသားစုကတော့ သေဆုံးကြောင်း အတည်ပြုတယ်။ အလောင်းကတော့ ပြန်မရသေးဘူး။ သူနဲ့အတူ တောပစ်လိုက်တဲ့ လူနှစ်ယောက်ကိုတော့ KNU က စစ်နေတယ်လို့သိရတယ်” ဟု ကလိန်အောင်မြို့ အမှတ် ၃ ရပ်ကွက် ဒေသခံတစ်ဦးက ပြောဆိုသည်။ […]


