လောင်းလုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှုးတစ်ဦး ပစ်ခတ်ခံရ၊ ပွန်းပဲ့ဒဏ်ရာသာ ရရှိဟုဆို
diz_admin
March 5, 2023လောင်းလုံးမြို့ပေါ် တွင် ယနေ့ (မတ် ၅) မနက်ပိုင်းက (ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးမင်းသိန်း ပစ်ခတ်ခံရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ယနေ့မနက် ကိုးနာရီကျော်ကျော်ခန့်က ဦးမင်းသိန်းမှာ ဆိုင်ကယ်ဖြင့်အိမ်ပြန်လာစဉ် လမ်းတစ်နေရာတွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။ “ပစ်သံက ကြားရတာ လေးငါးရှစ်ချက်လောက်ရှိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ ပစ်ခတ်ခံရမှုကြောင့် ဦးမင်းသိန်းတွင် ပွန်းပဲ့ဒါဏ်ရာအနည်းငယ်သာ ရရှိခဲ့သည်ဟု သိရပြီး အချို့မျက်မြင်တွေ့ရှိသူများကမူ ဦးမင်းသိန်းကို ထိမှန်ခဲ့ခြင်းမရှိကြောင်း ပြောသည်။ ၎င်းမှာ NLD အစိုးရလက်ထက်တွင် လောင်းလုံးမြို့နယ် (ဃ)ရပ်ကွက်အုပ်ချုပ်ရေးမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှုအဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဦးမင်းသိန်းကို စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေမှုအား ရပ်တန့်ရန် သတိပေးသည့်အနေဖြင့် ပြီးခဲ့သည့်နှစ် ဧပြီလ ၇ ရက်နေ့က လက်နက်ကိုင်တစ်စုက ၎င်း၏ဦးခေါင်းကို သေနတ်ဒင်ဖြင့် ထုရိုက်ခဲ့ဖူးသည်။ သို့သော် ဦးမင်းသိန်းမှာ လက်နက်ကိုင်ဆောင်ကာ […]


