ထားဝယ် ဒေါင်းငူဈေးအနီး ညောင်ကိုင်းကျိုးကျပြီး အမျိုးသမီးနှစ်ဦးဒဏ်ရာရ
Dawei Watch
July 14, 2023ထားဝယ်မြို့ ဒေါင်းငူရပ်ကွက် ဒေါင်းငူဈေးအနီးတွင် ယနေ့ ညနေက ညောင်ကိုင်းကျိုးကျပြီး အမျိုးသမီးနှစ်ဦး ဒဏ်ရာရကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ ဇွန်လ ၁၄ ရက် ညနေ ၇နာရီခန့်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ညနေဈေး (ခေါ်) ဒေါင်းငူဈေးတွင် ဒူးရင်းသီးရောင်းသူ နှင့် ဝယ်သူအမျိုးသမီးနှစ်ဦး ဒဏ်ရာရကြောင်း အထက်ပါအဖွဲ့၏ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။ “ဈေးဘက်ထိုးထွက်နေတဲ့ လုံးပတ် ၅ပေ အရှည်ပေ ၂၀ ရှိတဲ့ ညောင်ကိုင်းက ဈေးဘက်ကျိုးကျသွားတာ” ဟု ၎င်းက ဆိုသည်။ ညောင်ကိုင်းပိမိသည့်အတွက် ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသမီးနှစ်ဦးစလုံးမှာ ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေပြီဖြစ်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။ “တစ်ယောက်ကတော့ အသက် လေးဆယ်ကျော်လောက်ရှိမယ်။ သူကတော့ ခြေထောက်ဒဏ်ရာရထားတယ်။ ကျန်တစ်ယောက်က ကျွန်တော်တို့မရောက်ခင် သုံးဘီးနဲ့ ဆေးရုံတင်သွားလို့ […]


