ကံပေါက်ဈေးထဲက ကုန်စုံဆိုင်ပိုင်ရှင် မိသားစုနှင့် အလုပ်သမား စုစုပေါင်းခြောက်ဦး အဖမ်းခံရ
Dawei Watch
July 16, 2023ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသ ၊ မဂ္ဂင်ရပ်ကွက် ၊ ကံပေါက်ဈေးအတွင်းရှိ ကုန်စုံဆိုင်ပိုင်ရှင် မိသားစုဝင် လေးဦး၊ အလုပ်သမား နှစ်ဦး စုစုပေါင်းခြောက်ဦး ဖမ်းဆီးခံရကြောင်း စုံစမ်းသိရှိရသည်။ ကုန်စုံဆိုင် ပိုင်ရှင် ဒေါ်ဒီးဒုတ် (ခေါ်) ဒေါ်စန်းမြင့်၊ ဒေါ်မီးချို၊ ကိုကျော်ဦး၊ ကိုကျော်ကျော်တို့ မိသားစုလေးဦးအပြင် အလုပ်သမားများဖြစ်ကြသည့် ကိုမင်းသူအောင်၊ ကိုအောင်ပိုင်စိုးတို့ ဖမ်းဆီးခံရခြင်းဖြစ်သည်။ ၎င်းတို့ ခြောက်ဦးအား ဇူလိုင်လ ၁၅ ရက် ညနေပိုင်းတွင် မောရဝတီရေတပ်မှ စစ်ကောင်စီတပ်သားများက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “ကုန်စုံဆိုင်ကို အရင်ဝင်တယ်။ ဆိုင်မှာရှိတဲ့လူအကုန်ခေါ်တယ်။ ဒေါ်ဒီးဒုတ်ကိုတော့ အိမ်မှာဝင်ခေါ်သွားတာ” ဟု ၎င်းက ပြောဆိုသည်။ ကံပေါက်ဈေးထဲရှိ ၎င်းကုန်စုံဆိုင်အား ဝင်ရောက်ဖမ်းဆီးနေစဉ် ကံပေါက်ဈေးနှင့် အထက်တန်းကျောင်းလမ်းကို ပိတ်ထားခဲ့ကြောင်း ဆိုသည်။ […]


