တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ လေးထောင်နီးပါရှိ
diz_admin
March 8, 2023တနင်္သာရီတိုင်းတွင် ယခုပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ လေးထောင်နီးပါး ရှိကြောင်း တနင်္သာရီတိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ စာမေးပွဲဖြေဆိုရန် စာရင်းသွင်းသူ ၄၃၀၃ ဦးရှိသည့်အနက် ယနေ့ မတ်လ ၈ ရက် မြန်မာစာဖြေဆိုသည့်နေ့တွင် ၃၉၀၇ ဦး လာရောက်ဖြေဆိုပြီး ပျက်ကွက်သူ ၃၉၆ ဦးရှိကြောင်း အထက်ပါရုံးမှ တာဝန်ရှိသူက ပြောသည်။ ခရိုင်အလိုက်အနေဖြင့် ထားဝယ်ခရိုင်တွင် ၆၁၈ ဦး၊ မြိတ်ခရိုင်တွင် ၂၈၅၇ ဦး၊ ကော့သောင်းတွင် ၂၄၂ ဦး၊ ဘုတ်ပြင်းတွင် ၁၉၁ ဦး စုစုပေါင်း ၃၉၀၇ ဦးဝင်ရောက်ဖြေဆိုခြင်းဖြစ်သည်။ “စာစစ်ဌာနအနေနဲ့ကတော့ ၁၉ခုရှိတယ်” ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။ ယခုပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းကို စနစ်ဟောင်းဖြင့် စာမေးပွဲစစ်ဆေးခြင်းမှာ နောက်ဆုံးဖြစ်ကြောင်း တနင်္သာရီတိုင်းပညာရေးမှူးရုံးတာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ ပြီးခဲ့သည့် […]


