ပညစ်ရွာစစ်ဘေးရှောင်များ ရိက္ခာအခက်အခဲဖြစ်
diz_admin
March 11, 2023လောင်းလုံးမြို့အနောက်ဘက်တောင်ကြောရှိ ပညစ်ရွာ စစ်ကြောင်းထိုးခံရပြီးနောက် တစ်ရက်အကြာတွင် ဒေသခံစစ်ဘေးရှောင်များ စားနပ်ရိက္ခာအခက်အခဲဖြစ်နေကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်သည် မတ်လ ၁၀ ရက် နံနက်ပိုင်းတွင် တိုက်ပွဲမဖြစ်ဘဲ ပညစ်ရွာကို လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ပညစ်နှင့် တစ်ကမ်းတွင်တည်ရှိသည့် ကရင်ကြီးတွင်မူ မတ်လ ၆ရက်က ပျူစောထီးစခန်း တိုက်ခိုက်ခံရပြီးနောက် ပစ်ခတ်မှုများ ဖြစ်ခဲ့သည်။ မတ်လ ၁ဝရက် နံနက်တွင် စစ်ကောင်စီတပ် စစ်ကြောင်း ကုန်လမ်းရေလမ်းတို့မှ ပညစ်ရွာသို့ ရုတ်တရက်ဝင်ရောက် လာခြင်းဖြစ်သဖြင့် ဒေသခံများမှာ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ထွက်ပြေးခဲ့ရကြောင်း ဒေသခံတို့က ပြောသည်။ ထို့နောက်နေအိမ် ငါးလုံးအား မီးရှို့ခဲ့ပြီး ကုန်စုံဆိုင်အားလုံးနီးပါးကို ဖျက်ဆီးခဲ့ကာ ကုန်ခြောက်၊ အသုံးအဆောင် ပစ္စည်းများကိုလည်း ယူဆောင်သွားသောကြောင့် ဒေသခံများ ရိက္ခာအခက်အခဲဖြစ်နေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဆန်က […]


