ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

လောင်းလုံး အင်းဝန်းတံတားအနီးတွင် ခရီးသွားပြည်သူလေးဦး ဖမ်းဆီးခံရ

Dawei Watch

July 26, 2023

လောင်းလုံးမြို့နယ်ရှိ အင်းဝန်းတံတားအနီး တွင် ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့ နံနက်စောစော တွင် ဒေသခံခရီးသွားပြည်သူလေးဦး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံခရီးသွားများထံမှ သိရသည်။ လောင်းလုံးမြို့ဘက်မှ ထားဝယ်ဘက်သို့ လာသည့် ခရီးသည်တင်ကား တစ်စီးကို အဆိုပါ အင်းဝန်းတံတားအနီးတွင် စစ်ကောင်စီတပ်ကတားဆီးစစ်ဆေးကြောင်း ခရီးသွားပြည်သူတစ်ဦးက ပြောသည်။ ကားပေါ် လိုက်ပါဘာသော လူငယ်အမျိုးသား နှစ်ဦး၏ တယ်လီဖုန်းကို စစ်ဆေးပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၎င်းက ဆိုသည်။ “ဖုန်းထဲမှာဘာတွေ့လဲတော့ မသိဘူး” ဟု အထက်ပါခရီးသွားက ပြောဆိုသည်။ ယင်းအပြင် မင်းရပ်ကျေးရွာသားဖြစ်သည့် ကိုတင်ဇော်ဦးနှင့် ၎င်း၏ ယာဉ်နောက်လိုက်ဖြစ်သူမှာလည်း ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့သို့ ရေခဲသွားယူစဉ် အဆိုပါတံတားအနီး ဖမ်းဆီးခံရကြောင်း ကိုတင်ဇော်ဦးနှင့်နီးစပ် သူတစ်ဦးက ပြောသည်။ ၎င်းတို့လေးဦးစလုံးကို စစ်ကောင်စီတပ်က မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကို အတည်မပြုနိုင်သေးပေ။ […]

အဖမ်းခံထားရသည့် ကံပေါက်က အမျိုးသမီး ၂ ဦးပြန်လွတ်လာ

Dawei Watch

July 26, 2023

ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာတွင် ဇူလိုင် ၁၆ ရက်က အဖမ်းခံလိုက်ရသည့် အမျိုးသမီးနှစ်ဦး ပြန်လွတ်မြောက်လာကြောင်း စုံစမ်းသိရှိရသည်။ မအေးမြတ်သူနှင့် မသဇင်လွင်တို့ ဇူလိုင်လ ၂၄ ရက်က ပြန်လွတ်လာခြင်းဖြစ်‌သည်။ ၎င်းညီအမနှစ်ဦးသည် ကံပေါက်ကျေးရွာ ဗိုလ်ချုပ်ရပ်ကွက် လျှပ်စစ်ပစ္စည်းဆိုင် တစ်ခုတွင် အဖမ်းခံရပြီး မောရဝတီရေတပ်တွင် ၉ ရက်အကြာ စစ်ဆေးခံရပြီးနောက် ပြန်လွတ်လာခြင်းဖြစ်သည်။ ဇူလိုင်လ ၁၅ ရက် ၊ ကံပေါက်သစ်တောရုံးအနီး မိုင်းတွေ့ခဲ့ပြီးနောက် ဇူလိုင်လ ၁၅ ရက်နှင့် ၁၆ ရက် နှစ်ရက်ဆက်တိုက် ဒေသခံ ၉ ဦးအဖမ်းခံခဲ့ရပြီး အားလုံးပြန်လွတ်လာကြပြီဖြစ်သည်။ “နှစ်ရက်ဆက်တိုက် အဖမ်းခံရသူတွေ အားလုံးပြန်လွတ်လာကြပြီ “ ဟု ကံပေါက်ဒေသခံတစ်ဦး ကပြောသည်။ သို့သော် ဇူလိုင်လ ၂၃ရက်နှင့် ၂၄ ရက်နေ့တို့က […]

ရေဖြူတွင် ရော်ဘာခြံလုပ်သားလူငယ်တစ်ဦး ဖမ်းဆီးခံရ

Dawei Watch

July 25, 2023

ရေဖြူမြို့နယ် ကလိန်အောင်မြို့နှင့် ကံ့ကော်တောင်ရွာကြား ရာဘာခြံတစ်ခြံတွင် လုပ်ကိုင်သည့် လူငယ်အမျိုးသားတစ်ဦး ဇူလိုင်လ ၂၄ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ အသက် ၂၀ ကျော်အရွယ် အဆိုပါလူငယ်ကို စစ်ကောင်စီတပ်က အိမ်စီးကားအဖြူရောင်ဖြင့် ဖမ်းဆီးခေါ်ဆောင်လာ ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံခရီးသွားတစ်ဦးက ပြောသည်။ “လက်နောက်ပြန်ကြိုးတုပ်ပြီးတော့ ကံ့ကော်တောင် စစ်ဆေးရေးဂိတ်မှာ စစ်ဆေးနေတာ တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။ ကံ့ကော်တောင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးစစ်ဆေးပြီး ကံပေါက် မောရဝတီ ရေတပ်စခန်းသို့ ဆက်လက်ခေါ်သွားသည်ကို တွေ့ရကြောင်း ဒေသခံအချို့က ပြောဆိုသည်။ အဆိုပါလူငယ်အမျိုးသားကို မည်သည့်‌အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးကြောင်း ၎င်းတို့က ဆိုသည်။ ရေဖြူမြို့နယ် ကံပေါက်ရွာ သစ်တောလမ်းဆုံးတွင် ဇူလိုင်လ ၁၅ ရက်နေ့က မိုင်းတွေ့ပြီးနောက် စစ်ကောင်စီက […]

ရေဖြူ မူးဒူးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်၊ ပစ်ခတ်ခံရသဖြင့် ဒေသခံနှစ်ဦးဒဏ်ရာရ

Dawei Watch

July 25, 2023

ရေဖြူမြို့နယ်၊ မူးဒူးရွာသို့ စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်လာပြီး ပစ်ခတ်သဖြင့် ဒေသခံနှစ်ဦး ကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ဇူလိုင်လ ၂၄ ရက် မွန်းလွဲပိုင်းတွင် စစ်ကြောင်းဝင်လာခြင်းဖြစ်ပြီး မူးဒူးရွာတွင် ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းရှိသည့်အနက် အနောက်ကျောင်းတွင် တပ်စွဲထားကြောင်း ၎င်းတို့က ဆိုသည်။ စစ်ကြောင်းဝင်ရောက်ချိန် လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ခဲ့ပြီး အခြားရွာက ဖမ်းဆီးခေါ်ဆောင်လာသူ လေးဦးနှင့် မူးဒူးရွာက ဒေသခံလေးဦးတို့ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ၎င်းတို့က ပြောသည်။ ယနေ့ ဇူလိုင်လ ၂၅ ရက် နံနက် ၁၀ နာရီဝန်းကျင်မှစပြီး ကျေးရွာထဲတွင် သေနတ်ပစ်ခတ်ခြင်း၊ ကင်းပုန်းဝပ်ကာ ပစ်ခတ်ခြင်းတို့ကြောင့် မူးဒူးရွာသား ဒေသခံနှစ်ဦး ကျည်ထိန်မှန်ဒဏ်ရာရသဖြင့် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဒီမနက် ပစ်ခံရတာ နှစ်ယောက်ရှိတယ်။ တစ်ယောက် […]

တောင်မင်းပြောင်ရွာတွင် နေအိမ် ၃ ဆောင်မီးလောင်ပြီး အိမ် ၅၀ ကျော်ဖျက်ဆီးခံရ

Dawei Watch

July 25, 2023

စစ်ကြောင်းထိုးခံရသည့် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် တောင်မင်းပြောင်ရွာတွင် နေအိမ်သုံးဆောင်မီးရှို့ခံရပြီး လူမရှိသည့် နေအိမ် ငါးဆယ်ခန့်မှာလည်း ဖျက်ဆီးခံထားရသည်ဟု ဒေသခံများထံမှသိရသည်။ ဇူလိုင်လ ၂၂ ရက်က ခမောင်းတောင်ရွာနီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက တောင်မင်းပြောင်ရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးနောက် ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “နေအိမ်သုံးဆောင် မီးရှိုခံရတယ်။ ဖျက်ဆီးခံရတာက လမ်းမတန်းအိမ်တွေချည်းပဲ ညဘက်မှာ ဝင်သွားတာထင်တယ်။ ကျွန်တော်တို့အိမ်မှာဆို မီးတွေပွင့်နေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ စစ်ကြောင်းဝင်လာသည့်အတွက် ထွက်ပြေးတိမ်းရှောင်သွားကြသည့် ဒေသခံများ၏ နေအိမ်တံခါးများကို ရိုက်ဖျက်ပြီး အသုံးဆောင်ပစ္စည်းများနှင့် စားနပ်ရိက္ခာများကို ဖျက်ဆီးသွားခြင်းဖြစ်ဟု ဒေသခံများကဆိုသည်။ ယင်းအပြင်နေအိမ်အချို့တွင်လည်း အသုံးဆောင်ပစ္စည်းအချို့၊ ရွှေနှင့် ပိုက်ဆံများ ပျောက်‌ဆုံးနေသည်ကို တွေ့ရကြောင်း ဒေသခံအချို့ကဆိုသည်။ ထားဝယ်ခရိုင်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ရေးအရှိန်မြင့်လာနိုင်သည့်အတွက် လောင်းလုံးနှင့် ရေဖြူမြို့နယ်ရှိ ကျေးရွာရှစ်ရွာမှ ဒေသခံပြည်သူများ စစ်ဘေးရှောင်ထွက်ပြေးနေကြရသည်။ ယင်းဒေသများမှ စစ်ဘေးရှောင်ရသူ […]

လောင်းလုံးနှင့်ရေဖြူက စစ်ရှောင်များအတွက် ရိက္ခာများ အရေးပေါ်လှူဒါန်းပေးကြရန်တောင်းဆို

Dawei Watch

July 25, 2023

တိုက်ပွဲများကြောင့် လတ်တလေား ထွက်ပြေးတိမရှောင်နေကြရသည့် လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ်မှ ဒေသခံများအတွက် အရေးပေါ်စာနပ်ရိက္ခာများလှူဒါန်းပေးရန် စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က တောင်းဆိုလိုက်သည်။ စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဂိမှာန်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကော်မတီအပါအဝင် အဖွဲ့ငါးဖွဲ့ပူးပေါင်းပြုလုပ်နေသည့် ၃ ရက်တာ ကမ်းပိန်တွင် ပါဝင်လှူဒါန်းပေးရန် တောင်းဆိုခြင်းဖြစ်သည်။ လောင်းလုံးမြို့နယ် ခမောင်းတောင်၊ တောင်မင်းပြောင်၊ စခန်းကြီး၊ ဖွားဘုတ်ပြင် စသည့်ကျေးရွာများမှ ဒေသခံများ စစ်ဘေးရှောင်နေကြရသည်။ ယင်းအပြင် ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေဇုန် ဧရိယာအတွင်းရှိကျေးရွာများနှင့် အနီးနားမှ ကျေးရွာများလည်း စစ်ဘေးရှောင်နေကြရသည်။ လတ်တလော ယင်းကျေးရွာတို့မှ စစ်ဘေးရှောင်ဦးရေ တစ်ထောင်ဝန်းကျင်ရှိနေကြောင်း ဂိမှာန် စစ်ဘေးရှောင် ကူညီရေးအဖွဲ့ဝင်တစ်ဦးကဆိုသည်။ “အဲဒီဒေသတွေကပြည်‌သူတွေက ရုတ်တရက်ထွက်ပြေးလာရတာဆိုတော့ ရှိနေတဲ့ ရန်ပုံငွေနဲ့ မလုံလောက်ဘဲဖြစ်နေလို့ ဒီကမ်းပိန်းကို လုပ်ရတာဖြစ်တယ်” ဟု ‌၎င်းကဆိုသည်။ စစ်ဘေးရှောင်များထဲတွင် သွေးလွန်တုပ်ကွေး၊ ရာသီပေါ်တုပ်ကွေးတို့ဖြင့် နေထိုင်မကောင်းသူများလည်းရှိနေပြီး […]

အထူးသတင်းထောက်ဆိုသူအပါအဝင် သုံးဦးထံမှ လက်နက်နှင့်မူးယစ်ဆေးဖမ်းမိ

Dawei Watch

July 25, 2023

မှုခင်းအထူးသတင်းထောက်တစ်ဦးအပါဝင် သုံးဦးထံမှ မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးရမိသည်ဟု လောင်းလုံးမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ခဲ့သည်။ ဇူလိုင်လ ၂၁ ရက်နေ့ ညက သတင်းအရ သွားရောက်ဖမ်းဆီးရာတွင် လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စု၊ ထိန်ကြီးရွာသားတစ်ဦးနှင့် ဂေါ့အင်းရွာသားနှစ်ဦးထံတွင် လက်နက်နှင့်မူးယစ်ဆေးဝါးများ ရှာဖွေဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ ၎င်းတို့သုံးဦးအနက်တစ်ဦးမှာ မူးယစ်ဆန့်ကျင်ရေး၊သတင်းစုံစမ်းဖော်ပြရေးနှင့် ထောက်လှန်းရေး အထူးသတင်းထောက် ဆိုသူတစ်ဦးပါဝင်သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။ “အဲဒီလူတွေ က ဟိုးအရင်ကတည်းက နာမည်ထွက်နေတဲ့သူတွေ ဆေးရောင်း ဆေးဝယ် မူးယစ်ဖောက်ကားတယ်ဆိုပြီး”ဟု ဒေသခံတစ်ဦးကပြောသည်။ အဆိုပါသုံးဦးကို ဖမ်းဆီးရှာဖွေရာတွင် ၎င်းတို့ထံမှ သေနတ်နှစ်လက်၊ဓါးရှည် ၃ချောင်း၊ ဓါးမြှောင် ၄ ချောင်း၊သုံးဆင့်ချိုးလက်ရိုက်တုတ် တစ်ခုနှင့် ၊WY ဆေးပြား ၃၇၅ ပြားအပါဝင် ငွေသား ၂၈၇၂၀၀ ကျပ်ကို သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်ထဲတွင် […]

လောင်းလုံး လေကြောင်းရန်ကာကွယ်ရေးစခန်းသို့လာသော စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် အိမ်ကြားထဲကျကွဲ

Dawei Watch

July 24, 2023

လောင်းလုံးမြို့နယ် ပြင်ချောင်းကျေးရွာအုပ်စု မြခါးပတ်ကျေးရွာအနီးရှိ ‌စစ်ကောင်စီ လေကြောင်းရန်ကာကွယ်ရေး စခန်းသို့ လာရောက်သည့် စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီးကျည် လူနေအိမ်ကြားထဲကျရောက်‌ပေါက်ကွဲကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ ဇူလိုင်လ ၂၄ ရက် မွန်းလွဲ ၃ နာရီကျော်တွင် မြေသယ်ကား ခြောက်စီးဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လေကြောင်းရန်ကာကွယ်ရေးစခန်းသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း မြခါးပတ်ရွာဒေသခံတစ်ဦးက ဆိုသည်။ “လူချပြီးတာနဲ့ စက္ကန့်ကို မခြားဘူး၊ ချက်ချင်းပြန်တက်သွားတာ” ဟု ၎င်းဒေသခံက ပြောဆိုသည်။ တရုတ်နိုင်ငံသားဟုယူဆရသည့် နိုင်ငံခြားသားများကို လာရောက်ပို့ဆောင်ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ လေကြောင်းရန်ကာကွယ်ရေးစခန်းရှိ စက်ပစ္စည်းများကို တရုတ်နိုင်ငံသားတို့က လာရောက်ပြင်ဆင်ပေးလေ့ရှိသည်ဟုလည်း ဆိုသည်။ အာဏာမသိမ်းခင်ကတည်းက ယင်းသို့ပြင်ဆင်ပေးနေခြင်းဖြစ်ကြောင်းလည်း ဒေသခံတို့က ပြောဆိုသည်။ “ရေဒါပျက်လို့ လာပြင်ပေးတဲ့ တရုတ်တွေကို လာပို့တာထင်တယ်။ အရင်ကလည်း အမြဲတမ်းလာနေကြပဲ” ဟု ဒေသခံတစ်ဦးက […]