ရေဖြူ တောင်ရင်းအင်းရွာတွင် ပြည်သူ့စစ်တစ်ဦး ပစ်ခတ်ခံရ
diz_admin
March 31, 2023ရေဖြူမြို့နယ်၊ ဖားချောင်းကျေးရွာအုပ်စု၊ တောင်းရင်းအင်းရွာတွင် လက်နက်ကိုင်ဆောင်ထားသည့် ပြည်သူ့စစ်ဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ပစ်ခတ်ခံရသူမှာ အသက် ၅၀ ကျော်အရွယ်ရှိ ဦးထွန်းအောင်သူဆိုသူဖြစ်ပြီး မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် နေအိမ်၌ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ သေနတ်ဒဏ်ရာရှိသွားသည့် ဦးထွန်းအောင်အား စစ်ကောင်စီက ကားဖြင့် တောင်ရင်းအင်း-ဂန့်ဂေါ်တောင် လမ်းဆုံအထိ လာရောက်သယ်ဆောင်သွားခဲ့သည်ဟု ဒေသခံအချို့က ဆိုသည်။ ယင်းလမ်းဆုံမှတစ်ဆင့် အရေးပေါ်ကားဖြင့် မောရဝတီရေတပ်ဆေးရုံကို တင်ပို့သွားပြီး ဆေးကုသနေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “မနေ့က ပစ်ခံရပြီးမှာ စစ်တပ်ကားလာပြီး တင်သွားတယ်။ ဒီနေ့တော့ ရွာမှာ အခြေနေပုံမှန်ပဲ” ဟု ၎င်းက ပြောသည်။ ဦးထွန်းအောင်အား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက လာရောက်ပစ်ခတ်ခဲ့သည်ကိုမူ မသိရသေးပေ။ အာဏာသိမ်းပြီးနောက် ၂၀၂၁ […]


