BREAKING
November 10, 2025

ထားဝယ်

ကလိန်အောင်မြို့ခံနှစ်ဦးဖမ်းဆီးခံရ

diz_admin

April 10, 2023

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့က မြို့ခံအမျိုးသားကြီးနှစ်ဦးကို ဧပြီလ ၈ ရက် နံနက်ပိုင်းတွင် ကလိန်အောင် နယ်မြေရဲစခန်းက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံအချို့က ပြောသည်။ အမှတ် (၁) ရပ်ကွက်တွင် နေထိုင်သည့် ဦးကိုလေးမြင့်နှင့် အမှတ် (၂) ရပ်ကွက်တွင် နေထိုင်သည့် ဦးဖြူတို့နှစ်ဦး ဖမ်းဆီးခံရခြင်းဖြစ်ကြေင်း ၎င်းတို့က ဆိုသည်။ ၎င်းတို့ နှစ်ဦးသည် အသက်၅၀ ဝန်းကျင်အရွယ်ခန့်ရှိကြပြီး ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်သူများဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။ ယင်းနောက် နောက်တစ်ရက် နံနက်ပိုင်းတွင် ၎င်းတို့နှစ်ဦး၏ မိသားစုဝင်အချို့ကိုလည်း ထပ်မံလာရောက် ခေါ်ဆောင်သွားသေးကြောင်း မြို့ခံအချို့က ဆိုသည်။ “မနေ့ (ဧပြီ ၈) က စရဖက စစ်ဆေးစရာရှိလို့ စခန်းလိုက်ခဲ့ဖို့ လာခေါ်သွားတယ်။ ဒီနေ့ (ဧပြီ ၉) မနက်ပိုင်းကျတော့ သူတို့မိသားစုတွေပါ စစ်စရာရှိလို့ […]

ထားဝယ်မြို့နယ် ပကာရီရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဝင်တိုက်

diz_admin

April 9, 2023

ထားဝယ်မြို့နယ် ပကာရီရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေး အဖွဲ့များက ယနေ့ (ဧပြီ ၉) နေ့လယ် ၁၁ နာရီခန့်မှစပြီး ဝင်ရောက်တိုက်ခိုက်နေကြောင်း ဒေသခံအချို့က ပြောသည်။ ပကာရီရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယခု နေ့လယ် ၁၂ နာရီ ၄၀ မိနစ်(သတင်းမေးမြန်းချိန်) အထိ ပစ်ခတ်မှုဖြစ်ပွားနေဆဲဖြစ်သည်ဟု ဒေသခံအချို့ထံမှသိရသည်။ “အခုလောလောဆယ် စကားပြောလို့ အဆင်မပြေသေးဘူး၊ ကျွန်တော်တို့လည်း ပုန်းနေရတယ်။ အခုထိ ပစ်ခတ်မှုတွေဖြစ်နေတုန်းပဲ” ဟု ပကာရီရွာမှ အမျိုးသားတစ်ဦးက ဆိုသည်။ ယနေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ထားဝယ်မြို့နယ်အတွင်းရှိ စစ်ကောင်စီပစ်မှတ်များကို ဆက်တိုက်ဝင်ရောက်တိုက်ခိုက်နေပြီး စော်ဖျားရွာ စစ်ကောင်စီဂိတ်၊ မောင်မယ်‌ရှောင်ရွာ ဘုရားမဲစစ်ဆေးရေးဂိတ်နှင့် ယခု ပကာရီရဲစခန်းများကို ရှေ့ဆင့်နောက်ဆင့် ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်သည်။ သရက်ချောင်းမြို့နယ် စော်ဖျားရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များ […]

ထားဝယ်မြို့ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တိုက်

diz_admin

April 9, 2023

ထားဝယ်မြို့၊ မောင်မယ်ရှောင်ကျေးရွာက ဘုရားမဲစစ်ဆေးရေးဂိတ်ကို ယနေ့ (ဧပြီ ၉)နံနက် ၉ နာရီအချိန်ခန့်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ နံနက် ၉ နာရီခန့်က PDF တပ်ဖွဲ့များရောက်လာပြီး မကြာမီ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မောင်မယ်ရှောင်ကျေးရွာမှ ဒေသခံအမျိုးသားက ပြောသည်။ “မနက်တုန်းက အလှူရှိနေတော့ အလှူကလူတွေ ပစ်ခတ်သံတွေကြားပြီး ထမင်းကို မစားဖြစ်ကြဘူးထင်တယ် ထပြေးလာကြတာ” ဟု အထက်ပါ အမျိုးသားက ဆိုသည်။ မိနစ်အနည်းကြာ ပစ်ခတ်မှုဖြစ်ပြီးနောက် ဘုရားမဲ စစ်ဆေးရေးဂိတ်နှင် ဇဟာအခြေစိုက် စစ်ကောင်စီတပ်က နံနက် ၁၁ နာရီခန့်အထိ လက်နက်ကြီးနှင့်ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်ဟု ယင်းကျေးရွာမှ အခြား‌ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ပစ်ကြခတ်ကြတော့ ကိုယ့်အိမ်ထဲမှာပဲ တံခါးတွေပိတ်ပြီး ဝပ်နေကြတယ်” ဟု အထက်ပါ အမျိုးသားက ဆိုသည်။ အဆိုပါ […]

သရက်ချောင်းမြို့နယ် စော်ဖျားတွင် တိုက်ပွဲပြင်းထန်

diz_admin

April 9, 2023

သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာတွင် ယနေ့ (ဧပြီ ၉) နံနက် ၅ နာရီခန့်မှစပြီး တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံအချို့က ပြောသည်။ ကနဦးသိရသည့် အချက်အလက်များအရ နံနက် ၁၀ နာရီခွဲခန့်အထိ ပစ်ခတ်မှုများ ကြားနေရဟုဆိုသည်။ စော်ဖျားကျေးရွာ ဘုရားကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို  ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ “ပစ်ခတ်သံတွေ အခုလေးတင် စဲသွားတာ၊ ကျွန်မတို့လည်း ရှောင်နေရတယ်။ စကားကို ကျယ်ကျယ်မပြောရဲဘူး။ နောက်မှမေးပါ” ဟု စော်ဖျားရွာက ဒေသခံအမျိုးသမီးက ဆိုသည်။ စော်ဖျားရွာတိုက်ပွဲဖြစ်ပွားနေစဉ် လက်နက်ကြီး လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်နေသဖြင့် စော်ဖျားရွာအပါအဝင် အနီးအနားကျေးရွာမှ ဒေသခံများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ “ကျွန်မတို့လည်း ရွာမှာ မနေရဲလို့အခြားနေရာကို ပြေးလာရတယ်။ […]

လောင်းလုံး ကရင်ကြီးရွာသားတစ်ဦး ပစ်သတ်ခံရ

diz_admin

April 8, 2023

လောင်းလုံးမြို့နယ် ကရင်ကြီးရွာက ဒေသခံရွာသားတစ်ဦး ဧပြီ ၆ ရက်နေ့ ညနေပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ပစ်သတ်ခံရသူမှာ အသက် ၅၀ ကျော်အရွယ်ရှိ ဦးခင်မောင်ဝင်းဆိုသူဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ယင်းနေ့ ညနေ ၆နာရီဝန်းကျင်က နေအိမ်တွင်ရှိနေစဉ် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သေနတ်သံက တစ်ချက်ပဲကြားရတယ်” ဟု ၎င်းက ပြောသည်။ ဦးခင်မောင်ဝင်းအား မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ပစ်ခတ်သွားသည်ကို မသိရသေးပေ။ ၎င်း၏ ရုပ်အလောင်းကို ဧပြီ ၇ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် အရေးပေါ်ကားဖြင့် ထားဝယ်သို့ သယ်ဆောင် သွားပြီးနောက် ယင်းနေ့ မွန်းလွဲပိုင်းတွင် ကရင်ကြီးရွာသို့ ပြန်လည်သယ်ဆောင်လာကာ သင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

ရေဖြူ ဇာဒီရွာတွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦး ပစ်ခတ်ခံရသဖြင့်သေဆုံး

diz_admin

April 7, 2023

ရေဖြူမြို့နယ် ဇာဒီကျေးရွာအုပ်စုတွင် ဧပြီလ ၆ ရက် ညနေ ၄ နာရီဝန်းကျင်က ဆိုင်ကယ်စီးလာ‌သော အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားများက ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားကြောင်း ရွာသားတို့က ပြောသည်။ သေဆုံးသူမှာ ဇာဒီကျေးရွာအုပ်စု သစ်လှတောရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၀ ဝန်းကျင်အရွယ် ကိုအောင်ကို ဆိုသူဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ၎င်းမှာ မြန်မာနိုင်ငံအထက်ပိုင်းဒေသမှ လာရောက်လုပ်ကိုင်စားသောက်ရင်း ဇာဒီရွာသူနှင့် အိမ်ထောင်ကျထားသူ ဖြစ်သည်ဟု ဆိုသည်။ ကိုအောင်ကိုသည် ရော်ဘာခြံမှ ပြန်လာစဉ် ခေါင်ပြန်-ဇာဒီလမ်းအရောက် စစ်ကားသုံးစီးနှင့်တွေ့ပြီး မောင်းပြေးသဖြင့် သေနတ်ဖြင့် လိုက်ပစ်ခံရပြီး သေဆုံးခဲ့ခြင်းကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ပစ်ခံရပြီးနောက် ကိုအောင်ကိုအား စစ်ကားဖြင့်ပင် ကံပေါက်သို့ သယ်ဆောင်လာပြီး ဧပြီလ ၇ ရက် နံနက်ပိုင်းတွင် အလောင်းပြန်လာပို့ပေးခဲ့ကြောင်း ဒေသခံများက […]

အဖွဲ့ဝင်တစ်ဦးပစ်သတ်ခံရပြီးနောက် ကျောက်ရပ်ရွာကို ပျူစောထီးအဖွဲ့က ခြိမ်းခြောက်

diz_admin

April 7, 2023

ထားဝယ်မြို့နယ်၊ ကျောက်ရပ်ရွာတွင် ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်သူ အသက် ၄၀ ဝန်းကျင်အရွယ် ဦးဝေလ (ခေါ်) ဦးသီဟအောင် ဧပြီလ ၄ ရက် နံနက်ပိုင်းတွင် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ကျောက်ရပ်ရွာဈေးအနီး ကွမ်းယာဆိုင်တွင် ရှိနေစဉ် အမည်မသိ သေနတ်သမားတို့က လာရောက်ပစ်ခတ်သဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ နောက်တစ်ရက် ဧပြီလ ၅ ရက်တွင် ပျူစောထီးခေါင်းဆောင် ဦးအောင်စိန်က ဒေသခံများကို အစည်းအဝေးခေါ်ယူပြီး ကျောက်ရပ်ကျေးရွာအုပ်စုအတွင်း ညမထွက်ရ၊ အမျိုးသားနှစ်ဦး ဆိုင်ကယ်မစီးရဟုပြောဆို ပြောဆိုသွားကြောင်း ဒေသခံအချို့က ဆိုသည်။ “ညမထွက်မရအမိန့်က ဘယ်ချိန်ကနေ ဘယ်ချိန်အထိဆိုပြီး ပြောတာမရှိဘူး။ (ပျူစောထီးပစ်သတ်ခံရပြီးနောက်ပိုင်း) ရွာမှာကလည်း ည ၆ နာရီကျော်ဆို လမ်းမထွက်ရတော့ဘူး။ ဆိုင်ကယ်စီးတာကတော့ ယောင်္ကျား နှစ်ယောက် […]

ထားဝယ်တွင် တန်ဆာခ ဈေးပိုတောင်းလာဟုဆို

diz_admin

April 6, 2023

အဝေးပြေးယာဉ်လိုင်းဖြင့် သယ်ယူပို့ဆောင်သည့် ပစ္စည်းများအတွက် တန်ဆာခဈေးနှုန်းများကို ပိုမိုတောင်းခံမှုများ ရှိလာကြောင်း ထားဝယ်က ပစ္စည်းတင်ပို့သူအချို့က ပြောသည်။ လမ်းခရီးလုံခြုံမှု မရှိဟု အကြောင်းပြကာ ကားဂိတ်အချို့က တန်ဆာခများကို ပိုတောင်းလာကြောင်း ထားဝယ်မြို့မှ အဝတ်အထည်များ ဖြန့်ဖြူးရောင်းချနေသည့် လူငယ်အမျိုးသမီးတစ်ဦးက ဆိုသည်။ “ပစ္စည်းက လမ်းကြောင်းအခြေအနေ နည်းနည်းမအေးလို့ဆိုပြီး တန်ဆာခကို ပိုယူတယ်ဆိုပြောတယ်။ အရင်တုန်းက အထုတ်ကြီးတစ်ထုတ်ကို တစ်သောင်းကျော်ဆို အခုနှစ်သောင်းလောက်ဖြစ်သွားတယ်” ဟု ၎င်းက ပြောဆိုသည်။ စက်သုံးဆီပြတ်လပ်မှုနှင့် စက်သုံးဆီ ဈေးတက်လာမှုကြောင့် ၂၀၂၂ ခုနှစ် ဇွန်လကလည်း တန်ဆာခဈေးနှုန်း တစ်ကြိမ်ဈေးတက်ခဲ့သေးသည်။ သုံးထောင်ကျပ်ခန့် ပေးရသည့် ပစ္စည်းထုတ် တစ်ထုတ်ကို ငါးထောင်ကျပ်အထိ ဈေးတက်သွားခြင်းဖြစ်သည်။ ၂၀၂၂ နှစ်ကုန်ပိုင်းတွင် တန်ဆာခဈေးနှုန်းများ တစ်စတစ်စ ထပ်တက်လာပြီး ယခင် ငါးထောင်ပေးရသည့် ပစ္စည်းထုတ်တစ်ခုကို ခုနစ်ထောင်ကျပ်အထိ […]