ပဲဒက်ရွာက စစ်ကောင်စီတပ်စခန်းပစ်ခတ်ခံရပြီးနောက် နှစ်ဖက်ပစ်ခတ်မှုဖြစ်၊ မြိတ်-ထားဝယ်ကားလမ်းပိတ်
Dawei Watch
August 1, 2023သရက်ချောင်းမြို့နယ် ပဲဒက်ရွာက စစ်ကောင်စီတပ်စခန်းကို ယနေ့ ဩဂုတ်လ ၁ ရက် နံနက် ၆ နာရီခွဲမှာ ပစ်ခတ်ခံရပြီးနောက် နှစ်ဖက်ပစ်ခတ်မှုဆက်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါစခန်းကို သိမ်းငှက်ပြောက်ကျားတပ်ဖွဲ့နှင့် ကစယ်ဒိုကျားမဟာမိတ်ပူးပေါင်းအဖွဲ့တို့က သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ နံနက် ၆ နာရီခွဲမှ ၈ နာရီခွဲခန့်အထိ ထိတွေ့ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားကြောင်း ၎င်းက ဆိုသည်။ “ရန်သူရဲ့ ထိခိုက်မှုအခြေအနေကိုတော့ အခုထက်ထိ ကျွန်တော်တို့အနေနဲ့ မသိရသေးဘူးပေါ့နော်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။ နှစ်ဖက် ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်က တပ်ဖွဲ့ဝင်နှစ်ဦး ခြေနှင့် လက်တို့တွင် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရသော်လည်း စိုးရိမ်ဖွယ်ရာ မရှိကြောင်း ၎င်းက ပြောဆိုသည်။ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ပြန်လည်ဆုတ်ခွာခဲ့ကြောင်း […]