ရေဖြူ၊ အုန်းပင်ကွင်းရွာတွင် အမျိုးသား ၆ ဦး ဒလန်ဟုဆိုကာ သတိပေးစာကပ်ခံရ
Dawei Watch
April 25, 2024ရေဖြူမြို့နယ် ၊ အုန်းပင်ကွင်းရွာတွင် ဧပြီလ ၂၀ ရက် က အမျိုးသား ၆ ဦး အမည်နှင့်တကွ သတိပေးစာကပ်ခံရကြောင်း ကာကယံရှင်များ နှင့် ဒေသခံများထံကသိရသည်။ အုန်းပင်ကွင်းရွာ ဘုန်းကြီးကျောင်းလမ်းဆုံတွင် ယင်းအမျိုးသား ၆ ဦးမှာ ဒလန်ဖြစ်သည်ဟုဆိုကာ ရေးသားဖော်ပြထားသည့် စာရွက်ကို လာရောက်ချိတ်ဆွဲ ထားခြင်းဖြစ်သည်။ စာရင်းတွင်ဖော်ပြခံရသူများမှာ စစ်ကောင်စီ၏ ရပ်/ကျေး အုပ်ချုပ်ရေးနှင့် ဆက်စပ်သူများ၊ အရန်မီးသတ်၊ နဝတခေတ် အုပ်ချုပ်ရေးအဖွဲ့ဝင်ဟောင်းများနှင့် နာရေးကူညီမှုအသင်း တာဝန်ရှိသူ တို့ပါဝင်ကြောင်း အုန်းပင်ကွင်းရွာသားတစ်ဦးက ပြောသည်။ စာကပ်ခံရသူများထဲမှ တစ်ဦးဖြစ်သည့် အုန်းပင်ကွင်းရွာ နာရေးကူညီမှု အသင်း တာဝန်ရှိသူ ဦးဇော်လတ်က ယင်းသို့မတရားစွပ်စွဲခံရမှုကြောင့် များစွာနစ်နာရကြောင်း အသင်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြေရှင်းခဲ့သည်။ ’ခိုင်လုံသည့်အထောက်အထား တစ်စုံတရာမျှမရှိဘဲ ပုဂ္ဂိုလ်ရေးဆိုင်ရာ မုန်းတီးမှုကြောင့်သော်လည်ကောင်း၊ လူမှုရေး မကျေနပ်မှုကြောင့် […]


