မောင်မယ်ရှောင်ရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကားသမားသေဆုံး
Dawei Watch
November 21, 2023ထားဝယ်မြို့နယ် ၊ မောင်မယ်ရှောင်ရွာအနီးတွင် နိုဝင်ဘာလ ၁၉ ရက် ညနေပိုင်းက စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကားသမား သေဆုံးသွားကြောင်း မိသားစုနှင့် နီးစပ်သူများက အတည်ပြုပြောဆိုသည်။ သေဆုံးသွားသည့်ကားသမားသည် အသက် ၄၁ နှစ်အရွယ်ရှိ ကိုမင်းအောင်ဖြစ်ပြီး ရေဖြူမြို့နယ်၊ ဧကနိရွာ ဇာတိဖြစ်သည်။ ၎င်းသည် ထားဝယ်မြို့ နယ် ပကာရီရွာ နှင့် တောင်သုံးလုံးရွာတွင်လည်း နေထိုင်သူဖြစ်ပြီး ထိုင်းနိုင်ငံသို့ သွားမည့်သူများကို ပို့ဆောင်သည့် ဘောလုံးကား ယာဥ်မောင်းတစ်ဦးဖြစ်သည်။ နိုဝင်ဘာလ ၁၉ ရက် မွန်းလွဲပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များက မောင်မယ်ရှောင်ရွာ ရှင်ဓာတ်ဝဲဘုရားအနီးရှိ စစ်ကောင်စီတပ်သားများကို သွားရောက်ပစ်ခတ်သည့် ဖြစ်စဥ်အပြီး တစ်နာရီနီးပါးအကြာတွင် မောင်မယ်ရှောင်ရွာ နှင့် ညင်းထွေးရွာအကြား မောင်မယ်ရှောင်သုဿာန်အနီး၌ ကိုမင်းအောင် မောင်းနှင်လာသည့် အမဲရောင် ISUZU အမျိုးအစားကားကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် ရုပ်အလောင်းကို […]