ထားဝယ်တွင် သန်းခေါင်စာရင်းဖြည့်ရန် စာရွက်များ အိမ်အရောက်လိုက်ဝေ
Dawei Watch
September 29, 2024သန်းခေါင်စာရင်းဖြည့်ရမည့် စာရွက်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် အိမ်အထိ လိုက်လံဝေငှနေကြောင်း ထားဝယ်မြို့ခံအချို့က ပြောသည်။ သန်းခေါင်စာရင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကောက်ယူမည်ဟု ကြေညာထားသော်လည်း ယင်းစာရွက်များကို စက်တင်ဘာလ နောက်ဆုံးအပတ်ကတည်းက လိုက်လံဝေငှနေခြင်းဖြစ်သည်။ သန်းခေါင်စာရင်းစာရွက်များကို အချို့အုပ်ချုပ်ရေးမှူးများက အိမ်အထိလိုက်ဝေသော်လည်း အချို့ကမူ ရပ်ကွက်ရုံးတွင်လာယူရန် ဖုန်းဆက်ခေါ်ထားကြောင်း ဆိုသည်။ “ကျွန်မတို့အိမ်မှာတော့ အသက်ကြီးပိုင်းတစ်ယောက် လာပြီးပေးသွားတယ်။ တစ်ခြားမှာ( အခြားရပ်ကွက်မှာ) တော့ ရပ်ကွက်ရုံးမှာသွားယူရတယ်တဲ့” ဟု ထားဝယ်မြို့သစ်ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးကဆိုသည်။ ဖြည့်ရမည့် သန်းခေါင်စာရင်းတွင် လူဦးရေနှင့်သက်ဆိုင်သည့် အချက် ၁၁ ချက်၊ ပြည်တွင်းရွေ့ပြောင်းမှုနှင့်ဆိုင်သည့် အချက် ၆ ချက်၊ ပညာရေး ၆ ချက်၊ လုပ်သားအင်အား ၇ ချက်၊ မွေးဖွားခြင်းအကြောင်း ၉ ချက်၊ မသန်စွမ်းအကြောင်း […]


