တိုက်ပွဲဖြစ်သည့် ရေဖြူ မူးဒူးရွာတွင် မသန်စွမ်းတစ်ဦးသေဆုံး၊ PDF တစ်ဦး ပြင်းထန်ဒဏ်ရာရ
Dawei Watch
June 21, 2024ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသသို့ စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ မူးဒူးရွာအနီးတိုက်ပွဲဖြစ်ပွားရာ အရပ်သားတစ်ဦးသေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးလည်း ပြင်းထန်ဒဏ်ရာရကြောင်း ဒေသခံများ၊ ပူးပေါင်းတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။ ဇွန်လ ၁၉ ရက်က အနောက်မူးဒူးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်မှုရှိပြီး PDF တပ်ဖွဲ့ ဝင်တစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း PDF ပူးပေါင်းတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မူးဒူးရွာအတွင်းသို့ ပစ်ခတ် ဝင်ရောက်လာခဲ့ရာ အသက် ၃၆နှစ်အရွယ် အမျိုးသားတစ်ဦး ကျဉ်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ “သူ့က မွေးရာပါ ဆွံအ နားမကြားသူပါ။ (ကျည်ထိမှန် ဒဏ်ရာကို) ဆေးကုနေတုန်းပဲ ဆုံးသွားတယ်” ဟု ၎င်းက […]

                    
                    
                    
                    
                    
                    
                    
