တိုင်းအတွင်း စစ်ရေးပြင်းထန်သည့်ဒေသတို့တွင် လယ်ယာနှင့် ဥယျာဉ်ခြံလုပ်ငန်းများမလုပ်နိုင်
Dawei Watch
June 25, 2024တိုင်းအတွင်း စစ်ရေးပြင်းထန်သောကြောင့် စစ်ဘေးရှောင်ရသည့်ဒေသများတွင် လယ်ယာနှင့် ဥယျာဉ်ခြံလုပ်ငန်းများ မလုပ်နိုင်ကြကြောင်း အဆိုပါဒေသမှ ဒေသခံများက ပြောသည်။ သရက်ချောင်းမြို့နယ်၊ ဆင်ကူးကျေးရွာက ဒေသခံများသည် နှစ်ဖက်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသဖြင့် ဥယျာဉ်ခြံလုပ်ငန်းများကို ရပ်ဆိုင်းထားရကြောင်း ဒေသခံတို့က ဆိုသည်။ “တော်တော်များများက ထွက်ပြေးတိမ်းရှောင်နေရတာဆိုတော့ တောလည်း မထွင်နိုင်ဘူး၊ ပစ်ထားကြရတယ်။ ရွာမှာ ပြန်ဝင် နေသူတွေလည်း တောထဲတောင်ထဲက တော်ရုံတန်ရုံ သွားလာမရဲကြဘူး။ ရွာထဲနဲ့ နီးတဲ့ ဥယျာဉ်ခြံတွေတော့ တောထွင် တာတွေဘာတွေ လုပ်နိုင်ကြမှာပါ။ ကျွန်မတို့ကတော့ အခုထိ တောထဲမှာပဲ ရှိနေသေးတယ်။ ခြံတွေ အိမ်တွေလည်း လှည့်မကြည့်နိုင်တော့ပါဘူး” ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။ သရက်ချောင်းမြို့နယ် ရငဲရွာတွင်လည်း စစ်ဘေးရှောင်နေရသဖြင့် လယ်ယာလုပ်ငန်းလုပ်ကိုင်သူ မရှိသလောက် ဖြစ်လာကြောင်း ရငဲရွာက ဒေသခံအချို့က ပြောဆိုသည်။ ပုလောမြို့နယ်၊ […]


