စစ်ကောင်စီတပ်သား ၁၀ ဦး ပြည်သူ့ကာကွယ်ရေးတပ်များထံ ဘက်ပြောင်း
Dawei Watch
November 22, 2024စစ်မှုထမ်းရန် အဓမ္မစုဆောင်းခံရသူများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦး ထားဝယ်ခရိုင်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ ဘက်ပြောင်းခိုလှုံလာကြောင်း သက်ဆိုင်ရာ တပ်ဖွဲ့များထံမှ သိရသည်။ ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ နိုဝင်ဘာလ ၁၈ ရက်မှ ၂၁ ရက်အတွင်း ဘက်ပြောင်းခိုလှုံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးရှိနေပြီဖြစ်သည်။ မွန်- တနင်္သာရီအစပ်တွင် စစ်ရေးလှုပ်ရှားနေသည့် ဒေါနစစ်ကြောင်းထံသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး ဘက်ပြောင်းခိုလှုံလာကြောင်း ယင်းစစ်ကြောင်းက နိုဝင်ဘာလ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ဘက်ပြောင်းလာသူများထဲတွင် ရေဖြူမြို့နယ် ကံပေါက်ဒေသအခြေစိုက် အမှတ် ၂၇၃ ခြေလျင်တပ်ရင်းမှ စစ်ကောင်စီတပ်သား ၅ ဦးနှင့် တောင်ပိုင်းရေတပ်ကွပ်ကဲရေးဌာနက ရေတပ်သားတစ်ဦးပါဝင်သည်။ အမှတ် ၂၇၃ ခြေလျင်တပ်ရင်းမှ ဘက်ပြောင်းလာသူ ငါးဦးစလုံးမှာ စစ်မှူးထမ်း သင်တန်းဆင်းထားသူများဖြစ်သည်။ ယင်းအပြင် […]


