စစ်လေယာဉ်များ မကြာခဏပျံသန်းနေ၍ ဗုံးကြဲမည်ကို တောင်ပျောက်ဒေသခံများ စိုးရိမ်
Dawei Watch
June 15, 2025သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်အတွင်း စစ်ကောင်စီလေယာဥ်များ မကြာခဏ ပျံ၀ဲနေသည့်အတွက် ဗုံးကြဲမည်ကို နေ့စဉ်စိုးရိမ်နေရကြောင်း ဒေသခံအချို့က ပြောသည်။ စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောင်ပျောက်တိုက်နယ်အတွင်းရှိ ကျေးရွာအချို့အား မကြာခဏလေကြောင်းဖြင့် ဗုံကြဲတိုက်ခိုက်လေ့ရှိသည်။ Dawei Watch ၏ မှတ်တမ်းအရ မေလ ၁၉ ရက်နောက်ပိုင်း စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောင်ပျောက်တိုက်နယ်အား လေကြောင်းဖြင့် အနည်းဆုံးနှစ်ကြိမ် တိုက်ခိုက်ခဲ့ဖူးသည်။ လက်ရှိအချိန်တွင် နေ့တိုင်းနီးပါး စစ်ဖက်ကဟု ယူဆရသည့် လေယာဉ်၀ဲနေသည့်အတွက် ဗုံးထပ်မံကြဲခံရမည်ကို ဒေသခံများ စိုးရိမ်နေကြခြင်းဖြစ်သည်။ “အရင်ကတော့ လေယာဉ်လာလည်း လုပ်စရာရှိတာလုပ်နေတာပဲ။ အခုတော့ အသံကြားတာနဲ့ ဘယ်သူမှမရှိတော့ဘူး” ဟု တောင်ပျောက်တိုက်နယ် ကျောက်အိုင်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက Dawei Watch ကိုပြောဆိုသည်။ ကျောင်အိုင်ရွာသည် ဇွန်လ ၇ ရက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ […]