ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

သရက်ချောင်းက ရွာအချို့တွင် ဖုန်းပြောခွင့် KNU တင်းတင်းကျပ်ကျပ်ပိတ်ပင်၊ မလွှဲမရှောင်သာ ပိတ်ရသည်ဟု KNU ပြော

Dawei Watch

March 6, 2026

စစ်အာဏာရှင်တပ်နှင့် KNU ပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်နေသည့် သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် KNU က ဖုန်းပြောဆိုခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ တော်လှန်ရေးတပ်များနှင့် တိုက်ပွဲပြင်းထန်နေသည့် ဝင်းဝရဲစခန်းနှင့် ၇ မိုင်ခန့်အကွာ ကျွဲမင်းကုန်းရွာနှင့် ကနက်သီရိကျေးရွာ တို့တွင် ပိတ်ပင်ထားကြောင်း အဝေးရောက်နေသည့် ကနက်သီရိရွာခံ လူငယ်တစ်ဦးက ပြောသည်။ ထို့အပြင် အခြားကျေးရွာများတွင်လည်း အလားတူ ပိတ်ပင်ထားနိုင်ကြောင်း ၎င်းက ဆိုသည်။ “ဖုန်းလိုင်းက နေရာတိုင်းမမိဘူး။ ရွာပြင်ထွက်ပြီး ဖုန်းလိုင်းရတဲ့ နေရာတွေမှာ သွားသွားပြောရတာ၊ အဲဒါကို KNU က ဖုန်းမပြောရဘူးဆိုပြီး လိုက်လိုက်ပိတ်နေတာ။ အိမ်ကလူတွေနဲ့ လုံးဝအဆက်အသွယ်မရတာ ဆယ်ရက်လောက်ရှိနေပြီ” ဟု အထက်ပါလူငယ်က ပြောဆိုသည်။ ဒေသခံများအား ဖုန်းပြောဆိုခွင့်မပြုကြောင်း ကြေညာထားသည့် ဆိုင်းဘုတ်များ KNU လက်အောက်ခံ […]

ထားဝယ်မြို့တွင် သံဃာတော်များ ဒုတိယအကြိမ်မြောက် မြို့ပတ် ပရိတ်ရွတ်မည်

Dawei Watch

March 6, 2026

ထားဝယ်မြို့တွင် မတ်လ ၈ရက် တနင်္ဂနွေနေ့ ညနေပိုင်းကစပြီး သံဃာတော်များသည် မြို့တွင်းလှည့်လည်ပြီး ပရိတ်ရွတ်ဖတ် ပူဇော်မည်ဖြစ်ကြောင်း ဦးဆောင်စီစဉ်သူများထံမှ သိရသည်။ မြို့တွင်းလှည့်လည်ရာတွင် ဗုဒ္ဓရုပ်ပွားတော်များ တင်ဆောင်သည့်ကား၊ ပရိတ်ရေအိုး တင်ဆောင်သည့်ကားနှင့် ပရိတ်ရွတ်ဖတ်သည့် သံဃာတော်များကို တင်ဆောင်မည့်ကား အပါအဝင် ကား ၂၁စီးခန့်သည် ညနေ ၃ နာရီမှစ၍ ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီးဝင်းအတွင်းမှ စတင်ထွက်ခွာမည်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ထားဝယ်မြို့တွင်း နှစ်ကျိတ်ရှစ်ဆူဘုရားများ လှည့်လည်သည့် လမ်းကြောင်းများအတိုင်း ပရိတ်ရွတ်ဖတ်ပြီး ည ၉ နာရီတွင် ရွှေတောင်စားလမ်းအတိုင်း ဝင်ရောက်ကာ ဇေတဝန်ဘုန်းတော်ကြီးကျောင်းတွင် အဆုံးသတ်မည်ဖြစ်ကြောင်း ဦဆောင်စီစဉ်သူ ဦးနိုင်မျိုးသွင်က ပြောသည်။ “အခုက ဒုတိယအကြိမ်ဖြစ်တယ်ပေါ့နော်။ အစဉ်အလာ တစ်ခုအနေနဲ့ ဖြစ်သွားရအောင် မြို့ခံပရဟိတအဖွဲ့တွေ ပူးပေါင်းပြီး စီစဉ်ခဲ့တာပါ” ဟု ၎င်းက […]

ထားဝယ်ထောင်က လွတ်ငြိမ်းဖြင့်လွတ်လာသည့် နိုင်ကျဥ်းနှစ်ဦး စစ်မှုထမ်းဆင့်ခေါ်စာပို့ခံရ

Dawei Watch

March 5, 2026

ထားဝယ်အကျဥ်းထောင်က လွတ်ငြိမ်းဖြင့် လွတ်မြောက်လာသည့် ထားဝယ်မြို့ခံ နိုင်ငံရေးအကျဥ်းသားဟောင်းနှစ်ဦးထံ စစ်မှုထမ်းဆင့်ခေါ်စာပို့ခံရကြောင် ကာယကံရှင်များနှင့် နီးစပ်သူများထံမှ သိရသည်။ မတ်လ ၄ရက် မွန်းလွဲပိုင်း၌ ရပ်ကွက်လူကြီးကတစ်ဆင့် ဆင့်ခေါ်စာပို့ခိုင်းသည့်အပြင် စစ်အာဏာရှင်တပ်သားများက နေအိမ်များ၌ ကားဖြင့်လည်း လာရှာခဲ့သေးကြောင်း ဖြစ်စဥ်အားသိရှိသည့် ကာယကံရှင်းများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “ဆင့်ခေါ်စာလည်းပို့တယ်။ စစ်ကားနဲ့လည်း လာရှာသေးတယ်။ ဒါပေမဲ့ အိမ်မှာ မရှိတော့ နှစ်ယောက်စလုံး မပါသွားကြဘူး” ဟု ၎င်းက ပြောဆိုသည်။ ကာယကံရှင်များ၏ အသေးစိတ်အချက်အလက်များကို သိရှိထားသော်လည်း လုံခြုံရေးအခြေအနေအရ မဖော်ပြခြင်း ဖြစ်သည်။ မတ်လ ၃ရက်နှင့် ၄ရက်တို့တွင် ထားဝယ်ခရိုင်အတွင်းရှိ မြို့အဝင်စစ်ဆေးရေးဂိတ်နှင့် စစ်အာဏာရှင်တပ်သားများ စစ်ဆေးသည့်နေရာများ၌ လူငယ်ရှစ်ဦးထက်မနည်း ဖမ်းဆီး စစ်မှုထမ်းစုဆောင်းခံရကြောင်း Dawei Watch က စုံစမ်းသိရှိရသည်။ မတ်လ ၂ရက် […]

ထားဝယ်အရှေ့တောတွင် KTLA ဆာကဆောတပ် ပစ်ခတ်မှုကြောင့် KNLA တပ်ဖွဲ့ဝင်အချို့ဒဏ်ရာရဟု KNU ထုတ်ပြန်

Dawei Watch

March 5, 2026

ထားဝယ်အရှေ့တောဒေသတွင် ကော်သူးလေတပ်မတော်-KTLA ဆာကဆောတပ်က ပစ်ခတ်မှုကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း (၁၂) က ရဲဘော်ငါးဦး ထိခိုက်ဒဏ်ရာရကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်က မတ်လ ၄ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။ မတ်လ ၄ရက် ညနေ ၃နာရီခန့်တွင် ထားဝယ်အရှေ့တောဒေသ ဖောင်းတောနှင့် ပျားသားချောင်းကျေးရွာ ကြားတွင် KNLA တပ်ရင်း (၁၂) က တပ်ဖွဲ့ဝင်များကို တပ်မမှူး ဗိုလ်အယ်ခွီး (ခေါ်) ဗိုလ်ကော်လဖိုး ဦးဆောင်သည့် ဆာကဆောတပ်က ခြုံခိုတိုက်ခိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ KNLA တပ်ရင်း (၁၂) တပ်ဖွဲ့ဝင်များက စစ်အာဏာရှင်တပ်နှင့် စစ်ရေးဖော်ဆောင်နေသည့်နေရာသို့ အင်အားဖြည့်ရန် သွားနေစဉ် ယင်းသို့ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားသည်။ […]

သရက်ချောင်းတွင် စက်သုံးဆီဖြည့်ရန် တန်းစီစောင့်နေသူသုံးဦး မူးမေ့လဲကျ

Dawei Watch

March 5, 2026

သရက်ချောင်းမြို့တွင် စက်သုံးဆီဖြည့်ရန် တန်းစီစောင့်ဆိုင်သူသုံးဦး မူးမေ့လဲကျကြောင်း မြိုခံအချို့က ပြောသည်။ သရက်ချောင်းမြို့မရဲစခန်းအနီးရှိ Petro Green စက်သုံးဆီဆိုင်တွင် မတ်လ ၄ ရက် မွန်းလွဲပိုင်းတွင် ဆီဖြည့်ရန် စောင့်ဆိုင်း နေသည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ မူးမေ့လဲကျခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသည့် မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။ “နေပူလို့ ဖြစ်တာပေါ့နော်။ ကြီးကြီးမားမားတော့ မဖြစ်ဘူး။ တစ်ယောက်ပဲ အရေးပေါ်ကားနဲ့ လာခေါ်သွားရတယ်” ဟု ၎င်းက ပြောဆိုသည်။ သရက်ချောင်းမြို့တွင် မတ်လ ၂ရက်ကစပြီး စက်သုံးဆီဆိုင်များပိတ်ထားခဲ့ရာမှ မတ်လ ၄ရက်တွင် မွန်းလွဲ ၁ နာရီမှ ၄ နာရီအထိ ပြန်လည်ရောင်းချကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။ ယင်းသို့ရောင်းချနေချိန် နယ်ကျေးရွာများကပါ လာရောက်တန်းစီကာ ဆီလာဖြည့်ကြပြီး လူနှင့် ဆိုင်ကယ် ရာနှင့်ချီ နေပူ […]

သရက်ချောင်းမြို့နယ် ဝင်းဝစခန်းအနီး ရွာများကို စစ်အာဏာရှင်တပ်က ဗုံးကြဲ

Dawei Watch

March 5, 2026

သရက်ချောင်းမြို့နယ်အောက်ပိုင်း မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ဝင်းဝစခန်း အနီးဝန်းကျင် ကျေးရွာများကို စစ်အာဏာရှင်တပ်က မတ်လ ၄ ရက်နှင့် ၅ ရက်နေ့များတွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံအချို့နှင့် စစ်ရေးသတင်းအရင်းအမြစ်အချို့က ပြောသည်။ မတ်လ ၄ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မင်းဒပ်ရွာထဲကို ပေါင် ၂၅၀ ကလက်စတာဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ခြေလျင်စစ်ကြောင်းကလည်း နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ၎င်းတို့က ပြောသည်။ စစ်ရေးဖော်ဆောင်နေသည့်ကာလအတွင်း ဖုန်းလိုင်းများ ပြတ်တောက်နေခြင်း၊ ဒေသခံများ စစ်ဘေးရှောင်နေရခြင်းတို့ကြောင့်နေအိမ်မီးလောင်ပျက်စီးမှု အရေအတွက်နှင့် မီးလောင်ရသည့် အခြေအနေအသေးစိတ်ကို မသိရသေးပေ။ ယနေ့(မတ် ၅) နံနက် ၉ နာရီ ၁၄ မိနစ်တွင်လည်း စုံစင်ဖျားရွာအနီးဝန်းကျင်ကို ပေါင် ၂၅၀ ကလက်စတာဗုံး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပြီး စက်သေနတ်ဖြင့်လည်း ပစ်ခတ်သွားသည်ဟု စစ်ရေးသတင်းအရင်းအမြစ်က […]

ထားဝယ်မြစ်ကူး ကမြောကင်းတံတားစစ်ဆေးရေးဂိတ်တွင် ယနေ့ညနေပိုင်း စစ်မှုထမ်းဖမ်းဆီး

Dawei Watch

March 4, 2026

ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်ကို ဆက်သွယ်ထားသည့် ကမြောကင်းတံတား စစ်ဆေးဆေးရေးဂိတ်တွင် စစ်အာဏာရှင်တပ်က လူငယ်များအား ယနေ့ မတ်လ ၄ ရက် ညနေပိုင်းတွင် ဖမ်းဆီးပြီး စစ်မှုထမ်း အဓမ္မစုဆောင်း နေကြောင်း မြို့ခံခရီးသွားများက ပြောသည်။ ထားဝယ်မြို့က စစ်အာဏာရှင်တပ်၏ စစ်မှုထမ်းစုဆောင်းရေးအဖွဲ့သည် ဗွီဂိုးကား နှစ်စီးဖြင့် ယနေ့ ညနေ ၃ နာရီခန့်မှစ၍ အဓမ္မဖမ်းဆီးစုဆောင်းနေခြင်းဖြစ်ကြောင်း မြို့ခံခရီးသွားများက ဆိုသည်။ ဖမ်းဆီခံရသူလူငယ် ငါးဦးထက်မနည်းရှိနေကြောင်း မြို့ခံခရီးသွားတစ်ဦးက ယနေ့ ညနေ ၅နာရီခန့်တွင် ပြောဆိုသည်။ မြို့ခံခရီးသွား အခြားတစ်ဦးကလည်း ယနေ့ ညနေပိုင်း ဖမ်းဆီးခံရသည့် လူငယ်များထဲတွင် ၎င်း၏ အလုပ်သမားတစ်ဦး ပါဝင်ကြောင်း ပြောသည်။ စစ်အာဏာရှင်တပ်သည် မတ်လ ၃ ရက် နံနက်ပိုင်းကလည်း သရက်ချောင်းမြို့ မြို့မရဲစခန်းအရှေ့တွင် လူငယ် […]

ထားဝယ်တွင် ၂၀ လီတာ သောက်ရေသန့် တစ်ဘူး ကျပ် ၁၇၀၀ အထိပေးရ

Dawei Watch

March 4, 2026

ထားဝယ်မြို့တွင် ၂၀ လီတာ သောက်ရေသန့် လဲလှယ်ခမှာ ယခုသီတင်းပတ်အတွင်း ကျပ် ၂၀၀ ခန့်ထပ်တက်သွားပြီး တစ်ဘူး ၁၇၀၀ အထိပေးနေရကြောင်း သောက်ရေသန့်လုပ်ငန်း လုပ်ကိုင်သူများနှင့် မြို့ခံများထံမှ စုံစမ်းသိရှိရသည်။ ယခင်က ထားဝယ်ဈေးကွက်တွင် ၂၀ လီတာ ဝင်ဆံ့သည့် သောက်ရေသန့်တစ်ဘူး၏ လဲလှယ်ခမှာ ၁၅၀၀ ကျပ်သာ ရှိရာမှ ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစ၍ ၁၇၀၀ ကျပ် ဖြစ်သွားခြင်းဖြစ်သည်။ “ဆီဈေးတက်တယ်ဆို အခြားရေသန့်ဈေးတွေလည်း တက်နေကြတာပါ၊ ကျွန်မတို့က အခုမှ လိုက်တက်တာပါ” ဟု ရေသန့်လုပ်ငန်းလုပ်သည့် အမျိုးသမီးက ပြောသည်။ ထားဝယ်မြို့တွင် အောက်ဖြိုးပိုင်၊ မြင့်မိုရ်ဦး၊ Princess၊ မြနဒီ၊ ပွင့်သစ်၊ ရွှေမိ စသည့် သောက်ရေသန့် အမှတ်တံဆိပ် ခုနစ်မျိုးထက်မနည်း ရှိသည်။ ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကစပြီး […]