ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်မြို့ပေါ် ဖမ်းဆီးခံရသူ ၅၀ကျော် စစ်မှုထမ်းသင်တန်းတက်ခိုင်းရန် မြိတ်သို့ စစ်သင်္ဘောဖြင့်ပို့

Dawei Watch

January 17, 2026

ထားဝယ်မြို့ပေါ်တွင် ဖမ်းဆီးခံရသည့် လူငယ်အမျိုးသားများအနက် ၅၀ ကျော်ကို စစ်မှုထမ်းသင်တန်းတက်ခိုင်းရန် မြိတ်မြို့သို့ စစ်သင်္ဘောဖြင့် ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ကာယကံရှင်မိသားစုဝင်များနှင့် မြို့ခံများထံမှ သိရသည်။ ထားဝယ်မြို့ပေါ် ရပ်ကွက်အသီးသီးတွင် ဇန်နဝါရီလ ၈ရက်ညမှစ၍ လူငယ်အမျိုးသားများ ပုံစံအမျိုးမျိုးဖြင့် ဖမ်းဆီး ခံရခြင်းဖြစ်ပြီး စစ်မှုထမ်းသင်တန်း အပတ်စဥ် ၂၁ တက်ရောက်ရန် ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ထားဝယ်မြို့အခြေစိုက် စစ်အာဏာရှင် တပ်ရင်းအသီးသီးတွင် စုဆောင်းခံရသူများကို သရက်ချောင်းမြို့၊ ဆင်ဖြူပြင် ဆိပ်ကမ်းမှတစ်ဆင့် စစ်သင်္ဘောတစ်စီးဖြင့် ဇန်နဝါရီလ ၁၅ ရက်ညတွင် ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်း သိရသည်။ ယင်းသို မပို့ဆောင်မီ မိသားစုနှင့် လုံးဝတွေ့ခွင့်မပေးခဲ့ဘဲ ထားဝယ်မြို့ သပြေချောင်းတပ်နယ်ရှိ စစ်တပ်ဆေးရုံတွင် ဆေးစစ်ခဲ့ရကြောင်း စစ်မှုထမ်းစုဆောင်းခံရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ဆိုသည်။ “၉ရက်နေ့ ညကတည်းက ခေါ်သွားပြီး […]

လောင်းလုံးတွင် ရွေးကောက်ပွဲနီးချိန် မြို့နယ်အဝင်အထွက် ကမြောကင်းတံတားဂိတ် အစစ်ဆေးပြန်တင်းကျပ်

Dawei Watch

January 16, 2026

ရွေးကောက်ပွဲ ကျင်းပခါနီးလာချိန် လောင်းလုံးမြို့နယ် အဝင်အထွက် ဂိတ်ဖြစ်သည့် ထားဝယ်မြစ်ကူး ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများကို စစ်အာဏာရှင်တပ်က အစစ်အဆေး တင်းကျပ်နေကြောင်း ဒေသခံခရီးသွားများက ပြောသည်။ လောင်းလုံးမြို့နယ်သည် စစ်ကော်မရှင်က ဇန်နဝါရီလ ၂၅ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါဝင်သည်။ ဇန်နဝါရီ ပထမပတ်ကစပြီး အဆိုပါစစ်ဆေးရေးဂိတ်တွင် ဒေသခံခရီးသွားများကို အသွားအပြန် လမ်းဆင်းလျှောက်ခိုင်းခြင်း၊ မှတ်ပုံတင်ပြရခြင်းနှင့် ရှာဖွေစစ်ဆေးခြင်းများ ခပ်စိပ်စိပ်လုပ်ဆောင်လာကြောင်း ဒေသခံခရီးသွားမြို့ခံတစ်ဦးက ဆိုသည်။ “အခုက ခရီးသွားတွေ (ဆိုင်ကယ်နဲ့လာရင်) ဂိတ်ရှေ့ရောက်ရင် အကုန်ဆင်းတွန်းရတယ်။ ကျောင်းသူ ကျောင်းသားတွေနဲ့ ကလေးသူငယ်တွေ ပါလည်း မရဘူး။ အချို့သောသူတွေကို မှတ်ပုံစစ်ဆေးခံရတာတွေ ရှိတယ်” ဟု ၎င်းက ပြောဆိုသည်။ လောင်းလုံးမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပရန် နီးကပ်လာချိန် […]

သရက်ချောင်းတွင် အိန်ဂျယ်ယာဉ်လိုင်းက ယာဉ်တစ်စီး ဖမ်းဆီးခံရပြီး တစ်လနီးပါးအကြာတွင် ပြန်လွတ်

Dawei Watch

January 15, 2026

သရက်ချောင်းမြို့နယ်တွင် အိန်ဂျယ်ယာဉ်လိုင်းက ကုန်ပစ္စည်းများတင်ဆောင်လာသည့် မှန်လုံမော်တော်ယာဉ်တစ်စီး ဖမ်းဆီးခံခဲ့ရပြီး တစ်လနီးပါးအကြာတွင် ပြန်လည် လွတ်မြောက်လာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့၊ ဒေသခံအချို့နှင့် သက်ဆိုင်ရာယာဉ်လိုင်းတို့ထံမှ သိရသည်။ ရန်ကုန်မှ မြိတ်မြို့သို့ ထွက်ခွာလာသည့် အဆိုပါယာဉ်သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်ဝန်းကျင်တွင် သရက်ချောင်း မြို့နယ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၁၂) တပ်ခွဲ(၁) စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရ ကြောင်း ၎င်းတို့က ပြောသည်။ စစ်အာဏာရှင်တပ်၏ ယူနီဖောင်း၊ ဦးထုပ်စသည့် စစ်အသုံးအဆောင်ပစ္စည်းများကို တင်ဆောင်လာသဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဖြစ်စဉ်ကိုသိရှိသည့် သရက်ချောင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ သရက်ချောင်းမြို့နယ်က ကုန်ရောင်းကုန်ဝယ် ပြုလုပ်နေသူ ဒေသခံအမျိုးသမီးတစ်ဦးကလည်း အဆိုပါ စစ်ဆေးရေးဂိတ်တွင် စစ်အာဏာရှင်တပ် စစ်အသုံးအဆောင်ပစ္စည်းများကို တာလပတ်ဖြင့် ခင်းကျင်းပြီး ယာဉ်မောင်းနှင့်အတူ ဓာတ်ပုံ မှတ်တမ်းယူ […]

ထားဝယ်မြို့ပေါ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

Dawei Watch

January 15, 2026

ထားဝယ်မြို့ပေါ်တွင် ယနေ့ ဇန်နဝါရီလ ၁၅ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ (ထားဝယ်) ထံမှ သိရသည်။ ကြိုးဆွဲချသေဆုံးခဲ့သူမှာ ထားဝယ်မြို့၊ ကညုံရပ်ကွက်၊ အမှတ် (၃) အထက်တန်းကျောင်းရှေ့တွင်နေထိုင်သည့် အသက် ၃၄ နှစ်အရွယ်ရှိ ကိုဇော်မောင်သန့် ဖြစ်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရှိရသည်။ ကြိုးဆွဲချသေဆုံးခဲ့ရသည့် အကြောင်းအရင်းကိုမူ အသေးစိတ် မသိရသေးပေ။ အဆိုပါအမျိုးသား၏ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းက ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့က ထားဝယ် ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် နေအိမ်သို့ ပြန်လည်ကူညီသယ်ဆောင်ပေးခဲ့ကြောင်း အထက်ပါအဖွဲ့တာဝန်ရှိသူက ပြောသည်။ ထားဝယ်မြို့ပေါ်တွင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂၇ ရက်တွင် လူငယ်အမျိုးသားတစ်ဦးနှင့် ဒီဇင်ဘာလ ၂၅ ရက်တွင် အမျိုးသမီးကြီးတစ်ဦးတို့ ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ဇမ္ဗူသီရိအဖွဲ့ထံမှ သိရသည်။

သရက်ချောင်း ကျွဲဇပ်ရွာက CDM တစ်ဦးနှင့် ဝပ်ရှော့ဆရာတို့ကို စစ်ကြောင်း ဖမ်းဆီး

Dawei Watch

January 15, 2026

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ် ကားလမ်းဘေးရှိ ကျွဲဇပ်ကျေးရွာက CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးနှင့် ဝပ်ရှော့ဆရာ တစ်ဦးတို့ကို ဇန်နဝါရီလ ၁၃ ရက်တွင် စစ်အာဏာရှင်တပ် စစ်ကြောင်းက ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောသည်။ ဆင်ကူးရွာတွင် လုံခြုံရေးယူထားသည့် စစ်အာဏာရှင်တပ်ဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းဖြင့်ဗုံးနှစ်လုံးချ တိုက်ခိုက် သဖြင့် စစ်အာဏာရှင်တပ်ဖွဲ့က လက်နက်ကြီးဖြင့် သုံးချက်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ “လက်နက်ကြီးနဲ့ ပြန်ပစ်ပြီးတော့ စစ်ကြောင်းက ကျွဲဇပ်အထိဆင်းတယ်။ အဲဒီမှာ CDM ဆရာမနဲ့ ဝပ်ရှော့ဆရာကို ဖမ်းသွားတယ်။ လမ်းမှာတွေ့တဲ့ လူတွေကိုတော့ ခဏပဲခေါ်ထားပြီး ပြန်လွှတ်ပေးခဲ့တယ်” ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသူနှစ်ဦးမှာ CDM ကျန်းမာရေးဝန်ထမ်း ဒေါ်သက်သက်အေးနှင့် ဝပ်ရှော့ဆရာ ဦးအောင်သန်းဦးဖြစ်ကြောင်း ၎င်းက ဆိုသည်။ ၎င်းတို့နှစ်ဦးကို […]

ကလိန်အောင်မြို့အနီး နှစ်ဖက်ပစ်ခတ်မှုဖြစ်

Dawei Watch

January 15, 2026

ကလိန်အောင် – မလွှဲတောင် ကားလမ်းပိုင်းရှိ ရေဖြူမြို့နယ်၊ သာယာမွန်ရွာတွင် ယနေ့ ဇန်နဝါရီလ ၁၅ ရက် နံနက် ၁၁နာရီခွဲဝန်းကျင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ မလွှဲတောင်ဘက်သို့ တက်လာသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးအင်အားစုများကြား ကားလမ်းမပေါ် ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုဖြစ်ကြကြောင်း ဒေသခံများက ပြောသည်။ ပစ်ခတ်မှုအတွင်း နှစ်ဖက်ထိခိုက်မှု ရှိ မရှိကိုမူ စုံစမ်းနေဆဲဖြစ်သည်။ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးနောက် ကားလမ်းမ ယာယီပိတ်ခဲ့ပြီး နေ့လယ် ၁၂နာရီခန့်တွင် ပုံမှန်အတိုင်း ပြန်လည်သွားလာနေကြပြီ ဖြစ်ကြောင်း အဆိုပါလမ်းပိုင်းအသုံးပြုသည့် ကားသမားများက ဆိုသည်။ စစ်အာဏာရှင်တပ်က ပစ်ခတ်မှုဖြစ်ပြီးတိုင်း ကျေးရွာများဘက်သို့ လက်နက်ကြီးပစ်ခတ်လေ့ရှိသဖြင့် ဒေသခံများက အခြေအနေစောင့်ကြည့်နေကြကြောင်း ဒေသခံများက ပြောဆိုသည်။ “လောလောဆယ်တော့ အခြေအနေစောင့်ကြည့်နေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ယနေ့ နေ့လယ် ၁၂ […]

ထားဝယ်စျေးကွက်တွင် ဆန် အဟောင်း စျေးတက်

Dawei Watch

January 14, 2026

ထားဝယ်ဆန်စျေးကွက်တွင် ယမန်နှစ်က ဝင်ရောက်ခဲ့သည့် လက်ကျန်ဆန်အဟောင်းအချို့မှာ စျေးမြင့်တက်နေကြောင်း စျေးကွက်တွင်းမှ စုံစမ်းသိရှိရသည်။ ရန်ကုန်မြို့မှ တင်သွင်းသည့် ယခုနှစ်ထွက် မိုးစပါး မှရရှိသည့် ဆန်အသစ်များ ဝင်ရောက်လာချိန်တွင် ယင်းသို့စျေးတက်လာခြင်း ဖြစ်ကြောင်း စုံစမ်းသိရသည်။ ရွှေဘိုပေါ်ဆန်း (ချန်ပီယံ) ဆန်အဟောင်းမှာ ယခင်က တစ်အိတ်လျှင်၂၁၆,၅၀၀ ကျပ်မှ ယခုနှစ် မိုးစပါးဆန်အသစ် ထွက်ရှိသည့် ဇန်နဝါရီလ ပထမပတ်အတွင်း ၂၃၉,၅၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း (ရွှေမြင့်မိုရ်) မှာ ၂၄၀,၅၀၀ ကျပ်မှ ၂၄၂,၅၀၀ ကျပ်သို့ အသီးသီးစျေးတက်ကြောင်း စျေးကွက်အတွင်းမှ သိရသည်။ ယခုနှစ်ဆန်းပိုင်းတွင် ဆန်အသစ်များ ထားဝယ်စျေးကွက်အတွင်းသို့ ဝင်ရောက်လာချိန် ချန်ပီယံ (ရွှေဘိုပေါ်ဆန်း) ဆန် အဟောင်း တစ်အိတ်လျှင် ၂၃,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း (ရွှေမြင့်မိုရ်) ဆန် အဟောင်း တစ်အိတ်လျှင် […]

ထားဝယ်အရှေ့တောဒေသကို စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်

Dawei Watch

January 13, 2026

ထားဝယ်အရှေ့တောဒေသကို စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ရက်ဆက်ပစ်ခတ်နေ၍ ဒေသခံများ သတိထားပြီးနေထိုင်နေကြရကြောင်း ဒေသခံအချို့က ပြောသည်။ ဇန်နဝါရီလ ၁၂ ရက်တွင် လက်နက်ကြီး နှစ်လုံး၊ ဒီကနေ့ ၁၃ ရက်တွင် လက်နက်ကြီး ၄ လုံး ဘဝပင်ရွာဝန်းကျင်နှင့် ဝကုန်းရွာဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ “ဘဝပင်ရွာ ခဲလုပ်ကွက်နားမှာ လာကျလို့ ခဲရှာသူတွေ ပြန်ပြေးလာကြတယ်။ ဥယျာဉ်ခြံထဲမှာ တစ်လုံးကျတာ မီးလောင်လို့ ခြံရှင် မီးငြိမ်းသတ်နေရတယ်လို့ ပြောတယ်” ဟု ဘဝပင်ရွာမှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ထားဝယ်မြို့ ဇဟာရွာအခြေစိုက် အမတ (၃၀၂) အမြောက်တပ်ရင်းနှင့် ကျောက်မဲတောင်စခန်းတို့မှ ပစ်ခတ်ခြင်းဖြစ်သည်ဟု ယူဆရပြီး လူနှင့် နေအိမ်ထိခိုက်မှု မရှိသေးဟု သိရကြောင်း ဒေသခံအချို့က ပြောသည်။ “လက်နက်ကြီးက […]