ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၂၀ကျော် ဖမ်းဆီးခံရ
Dawei Watch
March 13, 2024ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာ အလုပ်သမား ၂၂ ဦးကို ယနေ့ မတ်လ ၁၃ရက် နံနက်ပိုင်းတွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထား သည်။ နံနက် ၈ နာရီခန့်တွင် ထုန့်ဖားဖမ်းဒေသ၌ တရားမဝင် ဝင်လာသော အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၅ ဦးကို ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့များက ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အားလုံးကို စစ်ဆေးရာ ခရီးသွားအထောက်အထား စာရွက်များနှင့် နိုင်ငံကူးလက်မှတ်များ မရှိကြကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ တရားမဝင် တောလမ်းအတိုင်း နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာကြသဖြင့် မောပန်းနေကြကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ပစ်ကပ်ကားတစ်စီး လမ်းဘေးရပ်ထားပြီး အနီးတွင် ခြေရာများ တွေ့ရသဖြင့် ရပ်ကွက်လူကြီးက မသင်္ကာဖြစ်ရာမှ အာဏာပိုင်များနှင့် […]


