BREAKING
May 7, 2025

ရွှေ့ပြောင်းလုပ်သား

ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သားတစ်ဦးက ထိုင်းနိုင်ငံသား ၄ ဦးကို ကတ်ကြေးဖြင့် လိုက်ထိုး

diz_admin

March 13, 2023

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် မြန်မာအမျိုးသားတစ်ဦးက ထိုင်းအမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂ ဦးကို ကတ်ကြေးဖြင့် လိုက်ထိုးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မတ်လ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီခွဲအချိန်ခန့်တွင် စူရတ်ဌာနီခရိုင် ကော့ဖငန်းကျွန်းရှိ အဝတ်လျှော်ဆိုင်တွင်  ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အသက် ၃၁ နှစ်အရွယ်ရှိ မောင်အောင်ထွေးနိုင်အမည်ရှိသော မြန်မာအလုပ်သမားသည် ၎င်းနှင့်အတူ ပင်မင်းဆိုင်တွင် အလုပ်လုပ်ကိုင်နေသော အသက် ၂၉ နှစ်အရွယ်ရှိ ထိုင်းအမျိုးသမီးတစ်ဦးကို ကြိုက်နေသော်လည်း ယင်းအမျိုးသမီးက ပြန်မကြိုက်၍ ကတ်ကြေးဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း‌ ဖော်ပြထားသည်။ ၎င်းနှင့်အတူလုပ်ကိုင်နေသော စုကန်ယားအမည်ရှိ ထိုင်းအမျိုးသမီးကို ကြိုက်နေခဲ့ခြင်းဖြစ်ပြီး လက်ဆောင်ပစ္စည်များနှင့် သူမလိုအပ်သည်များကို မကြာခဏဝယ်ပေးလေ့ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။ သို့သော်လည်း သူမသည် မြန်မာအမျိုးသား၏ ခံစားချက်ကို လက်ခံမပေးဘဲ […]

ထိုင်းသို့ တရားမဝင်လာသဖြင့် မြန်မာလုပ်သား ၅၀ ကျော် ဖမ်းဆီးခံရ

diz_admin

March 13, 2023

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သဖြင့် သုံးရက်အတွင်း မြန်မာအလုပ်သမား ၅၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရသိရသည်။ စူဖန်းဘူရီခရိုင် ဘန့်ပလားမားဒေသရှိ အဝေးပြေးလမ်းမပေါ်တွင် ပစ်ကပ်ကားတစ်စီးပေါ် လိုက်ပါလာသော တရားမဝင် မြန်မာအလုပ်သမား ၁၃ ဦးကို မတ်လ ၁၂ ရက် နေ့လည်ပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည်။ ဘန်ကောက်သို့ ဦးတည်နေသည့် ယင်းပစ်ကပ်ကားမှာ လိုင်စင်နံပါတ်ပြားမတပ်ထားသည့်အပြင် ကားအနောက်ပိုင်းကို ကင်းဗက်အနက်ရောင်ပိုင်းဖြင့် ဖုံးထားသည်ဟု ဆိုသည်။ တရားမဝင် အလုပ်သမားများ တင်ဆောင်လာနိုင်သည်ဟု သံသယရှိသဖြင့် အမြန်လမ်းရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေး ခဲ့ရာမှ မြန်မာအလုပ်သမား အမျိုးသား ကိုးဦးနှင့် အမျိုးသမီး လေးဦးတို့ကို ဖမ်းမိကြောင်း ဖော်ပြသည်။ မြန်မာအလုပ်သမားများကို တစ်ဦးလျှင် ဘတ် ၂၀၀၀ ဖြင့် တာခ့်ခရိုင် နောင်ဘိုတိုင်ဒေသမှတစ်ဆင့် ဘန်ကောက်သို့ ပို့ဆောင်ပေးရန် […]

အစားအသောက် မဖြုန်းတီးပါနှင့်

diz_admin

March 13, 2023

ကိုယ့် ထမင်းစား စားပွဲဝိုင်းထဲ ရောက်လာတဲ့ အစားအသောက် တစ်ခုဟာ အဆင့်ဆင့် ဖြတ်ရပါတယ်။ ကမ္ဘာကြီးမှာ စားသောက်ကုန် သုံးပုံတစ်ပုံလောက်ဟာ မစားမသောက်ရဘဲ အလဟဿ ဖြစ်သွားပါတယ်။

အရက်နဲ့ စိတ်ကျန်းမာရေး

diz_admin

March 12, 2023

စိတ်မပြေ လက်မပျောက် – အရက်သောက် အသည်းကွဲလို့ ဖြစ်ဖြစ်၊ အလုပ်ပြုတ်လို့ ဖြစ်ဖြစ်၊ အခြားစိတ်ဖိစီးလို့ ဖြစ်ဖြစ် သောက်ကြ စားကြတယ်။ စိတ်ပြေလက်ပျောက် အရက်သောက်ကြတယ် လို့ ဆိုကြတယ်။ ဟုတ်ပါတယ်။ ယမကာက လူကို အိပ်ပျော်စေတယ်၊ ဘီယာလေး နည်းနည်းပါးပါးက လူကို စိတ်အပန်းဖြေစေတယ်၊ သောကတွေကနေ ခဏလေး ဝေးစေတယ်။ ဒါပေမဲ့ ပျော်လို့ သောက်တယ်၊ ပျင်းလို့ သောက်တယ်၊ သောက်ချင်လို့ သောက်တယ်ဆိုတာ ဖြစ်လာပြီဆိုရင်တော့ မပေါ့ပါနဲ့တော့။

အရက်နဲ့ စိတ်ကျန်းမာရေး

diz_admin

March 12, 2023

စိတ်မပြေ လက်မပျောက် – အရက်သောက် အသည်းကွဲလို့ ဖြစ်ဖြစ်၊ အလုပ်ပြုတ်လို့ ဖြစ်ဖြစ်၊ အခြားစိတ်ဖိစီးလို့ ဖြစ်ဖြစ် သောက်ကြ စားကြတယ်။ စိတ်ပြေလက်ပျောက် အရက်သောက်ကြတယ် လို့ ဆိုကြတယ်။ ဒါပေမဲ့ ပျော်လို့ သောက်တယ်၊ ပျင်းလို့ သောက်တယ်၊ သောက်ချင်လို့ သောက်တယ်ဆိုတာ ဖြစ်လာပြီဆိုရင်တော့ မပေါ့ပါနဲ့တော့။

လေထုညစ်ညမ်းမှု

diz_admin

March 9, 2023

၂၀၂၃ ခုနှစ် မတ်လအတွင်း ကမ္ဘာမှာ လေထု အညစ်ညမ်းဆုံး ဆယ်မြို့ထဲမှာ ရန်ကုန်လည်း ပါနေပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာမြို့က အဆိုးဆုံး ဖြစ်နေပါတယ်။ ရန်ကုန်က အညစ်ညမ်းဆုံး ဒုတိယ လိုက်နေပြီး အဲဒီနောက် အိန္ဒိယနိုင်ငံ ဒေလီနဲ့ မွန်ဘိုင်းမြို့တွေက အစဉ်လိုက် တည်ရှိနေပါတယ်။ မြန်မာတွေ အနေများတဲ့ ချင်းမိုင် ကလည်း နံပါတ် ၆ နေရာက လိုက်နေပါတယ်။

ဘန်ကောက်ရှိ ဈေးဝယ်စင်တာအပြင်တွင် မြန်မာအချင်းချင်းဓားထိုးမှု အမျိုးသမီးတစ်ဦးသေဆုံး

diz_admin

March 9, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဈေးဝယ်စင်တာတစ်ခု၏ အပြင်ဘက်တွင် မြန်မာအမျိုးသားတစ်ဦးက မြန်မာအမျိုးသမီး တစ်ဦးကို ဓားဖြင့်ထိုးသဖြင့် အမျိုးသမီးဖြစ်သူသေဆုံးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယနေ့ (မတ်လ ၉) နေ့လယ် ၁၂နာရီခန့်တွင် ဘန်ကောက်မြို့ ရတ်ချထေဝီဒေသ ပတူနမ်နယ်မြေရှိ ဈေးဝယ်စင်တာ အပြင်ဘက်တွင် ဓားထိုးမှုဖြစ်ပွားခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့များ သွားရောက်စစ်ဆေးချိန် ဈေးဝယ်စင်တာတစ်ခု၏ အရှေ့ဘက်တွင် ဓားဒဏ်ရာဖြင့် လဲကျနေသော အသက် ၃၄ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီး မဖြူမာအောင်ကို တွေ့ရှိကြောင်း သတင်းများတွင် ဖော်ပြသည်။ ရင်ဘတ်၊ လက်နှင့် နောက်ကျောတို့တွင် ဓားဒဏ်ရာ ငါးချက် ရရှိထားသည့် မဖြူမာအောင်ကို ဆေးရုံမှ ဆေးအကူအဖွဲ့များက မိနစ် ၃၀ ခန့် ရှေ့ဦးပြုစုနည်း CPR ဖြင့် လုပ်ဆောင်ပေးခဲ့သော်လည်း အောင်မြင်မှုမရှိဘဲ သေဆုံးသွားကြောင်း ရေးသားထားသည်။ […]