ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး ဘတ် ၆ သန်း ထီပေါက်
Dawei Watch
March 20, 2024ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ဦးသည် မတ်လ ၁၆ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီအမြင့်ဆုံးဆုဖြစ်သော ဘတ် ၆ သန်း ပထမဆုကို ဆွတ်ခူးခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ မတ်လ ၁၆ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီ ပထမဆုဂဏန်း ၉၉၇၆၂၆ တွင် ခြောက်လုံးတိုက် ပထမဆု ဘတ် ၆ သန်း ပေါက်ခဲ့ခြင်းဖြစ်သည်။ ထီပေါက်သည့် မြန်မာအလုပ်သမားမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည်မှာ ၁၂ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။ ထီပေါက်ခဲ့သော မြန်မာအလုပ်သမားက ဆုငွေထုတ်ယူနိုင်ရန် အလုပ်သမားကူညီရေးအဖွဲ့ဖြစ်သော MHAC မဟာမိတ်အဖွဲ့ထံသို့ ဆက်သွယ်အကူအညီတောင်းခံခဲ့သဖြင့် မတ်လ ၁၈ ရက်နေ့က ဆုငွေကို ထုတ်ယူပေးနိုင်ခဲ့ကြောင်း အဖွဲ့တာဝန်ခံတစ်ဦးက ပြောသည်။ “သူတို့က အလုပ်သွားရင်းနဲ့ပဲ ထိုးလိုက်တာ […]


