ထိုင်း ခရိုင်နှစ်ခုတွင် မြန်မာလုပ်သား ၆၀ ဖမ်းဆီးခံရ
diz_admin
March 16, 2023ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်နှင့် ပရာကျွတ်ခီရီခန်ခရိုင်တို့တွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသဖြင့် မြန်မာအလုပ်သမား ၆၀ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဘီးပေါက်သဖြင့် အမြန်လမ်းမဘေးတွင်ရပ်ထားသော ပစ်ကပ်ကားပေါ်၌ မြန်မာအလုပ်သမား ၃၃ ဦးကို ယနေ့ မတ်လ ၁၆ရက် နံနက် ၃ နာရီခွဲခန့်တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ရေးသားထားသည်။ ကားဘီးပေါက်ပြီးနောက် မြန်မာအလုပ်သမားများကို စွန့်ပစ်ကာ ထိုင်းနိုင်ငံသား ကားသမား ထွက်ပြေးသွားကြောင်း ဖော်ပြသည်။ ကန်ချနဘူရီ-စိုင်ယွတ် အမြန်လမ်းတွင် ရပ်နားထားသော ယင်းကားကို ရွာလူကြီးနှစ်ဦးက တွေ့ရှိပြီးနောက် ရဲတပ်ဖွဲ့ကို အကြောင်းခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ကားအနောက် အလုံပိတ်ခန်းကို ရဲက ဖွင့်ပြီးစစ်ရာ မြန်မာအလုပ်သမား ၃၃ ဦးကို တွေ့ရှိခြင်းဖြစ်ကြောင်း ဖော်ပြသည်။ မြန်မာအလုပ်သမားများကို မေးမြန်းရာတွင် ထိုင်းနိုင်ငံအတွင်းသို့ တောလမ်းအတိုင်း တရားမဝင် ဝင်ရောက်လာခဲ့ပြီး […]