ကန်ချနဘူရီရှိ စွန့်ပစ်အိမ်တွင် တရားမဝင် မြန်မာနိုင်ငံသား ၁၂၀ ကျော် ဖမ်းဆီးခံရ
Dawei Watch
April 5, 2024ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်ရှိ စွန့်ပစ်အိမ်တစ်အိမ်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၂၀ ခန့်ကို ယမန်နေ့ (ဧပြီ ၄)က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကန်ချနဘူရီမြို့ နော့ဘဝါဒေသရှိ အိမ်တစ်အိမ်ထဲတွင် မြန်မာနိုင်ငံသား အများအပြားရှိနေကြကြောင်း သတင်းရရှိခဲ့သဖြင့် ကန်ချနဘူရီရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ အိမ်ထဲတွင် မြန်မာနိုင်ငံသား ၁၂၃ ဦးကို ပစ်ကပ်ကား ၅ စီးနှင့်အတူ တွေ့ရှိရပြီး ထိုင်းကားသမားများက ထွက်ပြေးလွတ်မြောက်သွားကြောင်း အာဏာပိုင်များက ပြောသည်။ မြန်မာနိုင်ငံသားများသည် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် စန်ခရဘူရီထဲသို့ တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်လာခဲ့ပြီး တောင်ပိုင်ဒေသကိုသွားရန် စောင့်ဆိုင်းနေချိန်တွင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။ ခရီးစဉ်အတွက် ဘတ် ၁၅၀၀၀ မှ ၂၀၀၀၀ အထိ ပေးချေထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံသားများက ဖြေကြားထားသည်။ ဖမ်းဆီးခံရသူအများစုသည် […]


