ကော့သောင်းမှ ဝင်လာသော မြန်မာလုပ်သားခုနစ်ဦး ရနောင်းတွင် ဖမ်းဆီးခံရ
Dawei Watch
November 30, 2023ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင်တွင် ကော့သောင်းမှတစ်ဆင့် ဝင်ရောက်လာသော မြန်မာအလုပ်သမား ခုနစ်ဦးကို နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးရမိကြောင်း အမှတ် ၂၅ ထိုင်းခြေမြန်တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။ စုန့်စမ်ရမ်ဒေသ နာ့ခါးရွာအနီးတွင် မြန်မာအလုပ်သမားများကို ပစ်ကပ်ကားဖြင့် တရားမဝင် ပို့ဆောင်နေသည်ဟု သတင်းပေးတိုင်ကြားလာသဖြင့် စစ်ဆေးရေးဂိတ်ရှိ အာဏာပိုင်များက ရှာဖွေဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ ပစ်ကပ်ကားပေါ်တွင် မြန်မာအလုပ်သမား အမျိုးသားတစ်ဦး၊ အမျိုးသမီးခြောက်ဦးနှင့်အတူ ထိုင်းနိုင်ငံသား ကားသမားတစ်ဦးတို့ကို ဖမ်းမိခဲ့ကြောင်း ဆိုသည်။ မြန်မာအလုပ်သမားများသည် ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (Border pass) ဖြင့် ဝင်ရောက်လာခဲ့ကြပြီး ဖူးခက်မြို့သို့ သွားရောက်လုပ်ကိုင်ကြမည်ကြောင်း ဖော်ပြသည်။ ထိုင်းကားသမားကလည်း မြန်မာအလုပ်သမားများကို နာ့ခါးရွာရှိ လှေဆိပ်မှတစ်ဆင့် မြန်မာအလုပ်သမားများကို ပို့ဆောင်ပေးရန် မြန်မာပွဲစားတစ်ဦးက ဖုန်းဖြင့် ဆက်သွယ်ခဲ့သဖြင့် သွားရောက်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ဖြေကြားထားသည်။ ပို့ဆောင်ခ တစ်ဦးစီအတွက် ဘတ် ၁၀၀၀ ရရှိခဲ့ပြီး အားလုံးကို ဖန်ငခရိုင် တကို့ပါဒေသသို့ တစ်ဆင့်ခံ […]

                    
                    
                    
                    
                    
                    
                    
                    
