ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

အထောက်အထားမဲ့ မြန်မာကလေးများ ထိုင်းကျောင်းတွင် တက်ရောက်ခွင့်ပြုရန် ထိုင်းအစိုးရ စာထုတ်ညွှန်ကြား

Dawei Watch

March 9, 2024

ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းကလေးငယ်များကို သက်ဆိုင်ရာနယ်မြေများရှိ ကျောင်းများတွင် ကျောင်းအပ်လက်ခံပေးကြရန် ထိုင်းပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ၍ တိုက်တွန်းလိုက်သည်။ လာမည့်စာသင်နှစ်အတွက် မြန်မာကလေးငယ်များအပါအဝင် ရွှေ့ပြောင်းကလေးများအားလုံး ပညာသင်ကြားခွင့်ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေကျောင်းများ၏ ကျောင်းအုပ်များက လက်မခံဘဲ မနေကြရန်နှင့် ရွှေ့ပြောင်းကလေးငယ်များကို ကျောင်းအပ်လက်ခံပေးကြရန် ဝန်ကြီးဌာနက ထပ်မံတိုက်တွန်းထားခြင်းဖြစ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ကလည်း အတည်ပြုပြောဆိုသည်။ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း မြန်မာကလေးငယ်များစွာ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းရောက်ရှိလာသည့်အတွက် ကလေးငယ်များ ပညာသင်ကြားခွင့်ရရှိရေးကို နားလည်သဘောပေါက်စေရန် ကျောင်းအုပ်ကြီးများကို အသိပေးထုတ်ပြန်ခြင်းဖြစ်နိုင်ကြောင်း FED အဖွဲ့က ကိုမင်းဦးက ပြောသည်။ “အခုက တမင်တကာ ကလေးတွေကို လက်မခံဘဲ နေမှာစိုးလို့ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်က ဝင်လာတဲ့ ကလေးတွေက နည်းတာမဟုတ်ဘူးလေ။ ဒါကို သူတို့လည်း တွေ့မယ်။ နယ်စပ်ဘက်မှာတော့ ပိုများမှာပေါ့။ ဒါကြောင့်မို့ […]

ထိုင်းတွင် မြန်မာလုပ်သားငါးရာကျော် လုပ်အားခမရသဖြင့် အမှုဖွင့်တိုင်ကြား

Dawei Watch

March 7, 2024

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ ItaIian Thai DeveIopment Public Co.,Ltd တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၅၀၀ ကျော်အတွက် လုပ်အားခ ဘတ် ၆ သန်းခန့်ကို အလုပ်ရှင်ဘက်က အချိန်မီ ထုတ်ပေးခဲ့ခြင်းမရှိသဖြင့် ယနေ့နေ့လယ်ပိုင်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း အလုပ်သမားများနှင့် အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ WAG ထံမှ သိရသည်။ နှစ်နိုင်ငံ သဘောတူစာချုပ် MoU စနစ်ဖြင့် ဝင်ရောက်လာသော အလုပ်သမားများအပါအဝင် မြန်မာအလုပ်သမား ၅၀၀ နီးပါးသည် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပုံမှန်လုပ်ကိုင်နေရာမှ ပြီးခဲ့သော ဖေဖော်ဝါရီလအတွက် လုပ်အားခကို အလုပ်ရှင်ထံမှ အချိန်မီ ရရှိခဲ့ခြင်းမရှိကြောင်း အလုပ်သမားများထံမှ သိရသည်။ အလုပ်သမား တစ်ဦးလျှင် ဘတ် ၁၅၀၀၀ ခန့်ဖြင့် အားလုံးစုစုပေါင်း ဘတ် ၆ သန်းကျော်ကို အလုပ်ရှင်နှင့် […]

ထိုင်းတွင် မြန်မာလုပ်သားများ လုပ်အားခ ဘတ် ကိုးသိန်းကျော် မရသဖြင့် အမှုဖွင့်တိုင်ကြား

Dawei Watch

March 6, 2024

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဆောက်လုပ်ရေးခွင်ရှိ မြန်မာအလုပ်သမားများသည် လုပ်အားခ ဘတ် ကိုးသိန်းကျော် မရသဖြင့် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးသို့ မတ်လ ၅ ရက်နေ့က တိုင်ကြားလိုက်ကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့နှင့် အလုပ်သမားများထံမှ သိရသည်။ နောင်ယိုင်းမြို့ရှိ CESE2 ဆောက်လုပ်ရေးခွင်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၃၄ ဦး၏ လစာများကို အလုပ်ရှင်က တာဝန်ယူထုတ်ပေးခြင်း မရှိကြောင်း အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ WAG ထံမှ သိရသည်။ လုပ်အားခ နှစ်လကျော်အတွက် အားလုံးစုစုပေါင်း ဘတ် ကိုးသိန်းကျော်ကို အလုပ်ရှင်က ထုတ်မပေးသည့်အပြင် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ရိုက်ရန် ငွေကြေးကောက်ခံထားသော်လည်း တာဝန်ယူဆောင်ရွက်ပေးခဲ့ခြင်း မရှိသဖြင့် Name List စာရွက်များလည်း သက်တမ်းကုန်သွားကြောင်း အဖွဲ့ထံမှ သိရသည်။ ထို့ကြောင့် အလုပ်သမားများ၏ အခက်အခဲများကို […]

ကန်ချနဘူရီတွင် တရားမဝင် မြန်မာနိုင်ငံသား တစ်ရာနီးပါးဖမ်းဆီးခံရ

Dawei Watch

March 4, 2024

၆ ဘီးကားပေါ်လိုက်ပါလာသည့် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၉၄ ဦးကို ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် ယမန်နေ့ (မတ် ၃) နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ နံနက် ၈ နာရီအချိန်ခန့်တွင် ကန်ချနဘူရီခရိုင် ထုန်းဖားဖမ်းဒေသရှိ စစ်ဆေးရေးဂိတ်သို့ ဖြတ်သန်းသွားသော ၆ ဘီးတပ် ကုန်တင်ကားတစ်စီးကို မသင်္ကာသဖြင့် အာဏာပိုင်များ နောက်ကလိုက်လံစစ်ဆေးရာမှ လမ်းပိုင်းတစ်နေရာတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ကားပေါ်တွင် မြန်မာနိုင်ငံသား အမျိုးသား ၅၈ ဦး၊ အမျိုးသမီး ၃၁ ဦးနှင့် ကလေးငယ် ၅ ဦး စုစုပေါင်း ၉၄ ဦးကို ဖမ်းဆီးရမိခဲ့သည်။ အာဏာပိုင်များ လာရောက်စစ်ဆေးချိန်တွင် ကားသမားက ထွက်ပြေးသွားပြီး ကားနှင့်အတူ မြန်မာနိုင်ငံသားများကို ပစ်ထားခဲ့သဖြင့် ဖမ်းခံရခြင်းဖြစ်ကြောင်း […]

မလေးရှားရောက် တရားမဝင် မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ဟု သံရုံးထုတ်ပြန်

Dawei Watch

February 29, 2024

မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာပြီး အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ အနေဖြင့် အခက်အခဲဖြစ်ပြီး နေရပ်ပြန်လိုပါက မလေးရှားလူဝင်မှုကြီးကြပ်ရေးရုံးတွင် ဒဏ်ကြေးပေးဆောင်ပြီး နေရပ်ပြန်နိုင်မည်ဖြစ်ကြောင်း ကွာလာလမ်ပူရှိ မြန်မာသံရုံးက ယနေ့တွင် ထုတ်ပြန်ထားသည်။ တရားမဝင် မြန်မာနိုင်ငံသားများသည် မလေးရှားအစိုးရ၏ ဖြေလျှော့ကာလဖြစ်သော ၂၀၂၄ ခုနှစ် မတ်လ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း လဝကရုံးများတွင် ဒဏ်ကြေး ရင်းဂစ် ၅၀၀ ကို ပေးဆောင်၍ မြန်မာနိုင်ငံသို့ တရားဝင် လေကြောင်းခရီးဖြင့် နေရပ်ပြန်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားများသည် နိုင်ငံကူးလက်မှတ် သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) နှင့် လေယာဉ်လက်မှတ်များ လိုအပ်မည်ဖြစ်ပြီး ဒဏ်ကြေးပေးဆောင်ပြီးနောက် ၁၄ ရက်အတွင်း နေရပ်ပြန်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံကူးလက်မှတ်မရှိသေးသော မြန်မာနိုင်ငံသားများသည် […]

ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သားတစ်ဦးကို ကြိုးဆွဲချသတ်သေ

Dawei Watch

February 27, 2024

ထိုင်းနိုင်ငံတောင်ပိုင်း နခွန်စီထမရတ်ခရိုင် ချဝမ်ဒေသတွင် မြန်မာအလုပ်သမားတစ်ဦး နေထိုင်ရာအခန်းတွင် ကြိုးဆွဲချသတ်သေခဲ့ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။ ခလောကျန်းဒီး မီးရထားဘူတာနောက်ရှိ အခန်းတွင် တစ်ဦးတည်းရှိနေစဉ် ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က ကြိုးဆွဲချသတ်သေခဲ့ခြင်းဖြစ်သည်။ သေဆုံးသူသည် အသက် ၃၅ နှစ်အရွယ် ကိုကောင်းအမည်ရှိ မြန်မာအလုပ်သမားတစ်ဦးဖြစ်ပြီး မြန်မာပြည်နေရပ်ကို ဖော်ပြထားခြင်းမရှိပေ။ အခန်းတွင် တစ်ဦးတည်းရှိနေချိန် သေဆုံးနေသည်ကို လူတစ်ဦးက တွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သတ်သေရသည့် အကြောင်းအရင်းကိုမူ မသိရှိရသေးကြောင်း သတင်းတွင် ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်ကလည်း မြန်မာပြည်ပြန်ခွင့်မရသည့် မြန်မာအလုပ်သမားတစ်ဦး ကြိုးဆွဲချသတ်သေခဲ့ပြီး နေစရာ စားစရာမရှိသဖြင့် နောက်ထပ်မြန်မာတစ်ဦးလည်း မြောင်းထဲခုန်ချ သတ်သေခဲ့သည်။ Ref: สื่อมวลชน ข่าวท้องถิ่น ฉวาง

မလေးရှားစက်ရုံ ပေါက်ကွဲမှုတွင် လောင်းလုံးသားတစ်ဦးအပါအဝင် မြန်မာ ၂ ဦး သေဆုံး

Dawei Watch

February 26, 2024

မလေးရှားနိုင်ငံ ဆယ်လန်ဂေါပြည်နယ်တွင် ဖြစ်ပွားခဲ့သော စက်ရုံတွင်း ပေါက်ကွဲမှုတစ်ခုတွင် လောင်းလုံးဒေသခံတစ်ဦးအပါအဝင် မြန်မာနိုင်ငံသား ၂ ဦးသေဆုံးခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။ ဆယ်လန်ဂေါပြည်နယ် ပူချွန်းအူတာမာစက်မှုဇုန်အတွင်း ဂျလမ်းအူတာမာ ၂/၂၆ ရှိ စက်ရုံထဲတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သံဂဟေဖြတ်ရာတွင် သုံးသော အယ်စီတိုင်လင်းဓါတ်ငွေ့ ပြင်းအားများလာမှုကြောင့် စက်ရုံတစ်ခုလုံး ပျက်စီးသည်အထိ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဟု မလေးရှားသတင်းတွင် ဖော်ပြထားသည်။ ပေါက်ကွဲမှုကြောင့် လောင်းလုံးဒေသခံ ကိုလာဖြူအပါအဝင် နှစ်ဦး သေဆုံးခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။ “အလောင်းနဲ့ ပတ်သက်ပြီး ဘာမှ အဖြေမသိရသေးဘူး။ အာဏာပိုင်တွေ ဆက်သွယ်လာမှ သိရမယ်ပြောတယ်” ဟု ၎င်းက ဆိုသည်။ သူသည် လောင်းလုံးမြို့နယ် ကုန်းဇရပ်ရွာဇာတိဖြစ်ပြီး ဇနီးဖြစ်သူနှင့် […]

ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် CI စခန်းများစဖွင့်

Dawei Watch

February 23, 2024

ထိုင်းနိုင်ငံရောက် နိုင်ငံကူးလက်မှတ်မရှိသေးသော မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ဟုခေါ်သည့် CI (Certificate of Identity) စာအုပ် ထုတ်ပေးရေးစခန်းများကို ယနေ့ (ဖေဖော်ဝါရီလ ၂၃) တွင် စတင်ဖွင့်လှစ်နေပြီဖြစ်သည်။ CI စာအုပ်ပြုလုပ်ရန်အတွက် ထိုင်းနိုင်ငံတဝန်းရှိ 7-Eleven စတိုးဆိုင်များတွင် ကနဦး ရက်ချိန်းရယူရမည်ဖြစ်သည်။ သို့သော် ယခုလအတွက် သတ်မှတ်ထားသော လူအရေအတွက် ပြည့်သွားပြီဖြစ်၍ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကတည်းက ရက်ချိန်းရယူရန် ယာယီခေတ္တပိတ်ထားကြောင်း အကျိုးဆောင်များထံမှ သိရသည်။ 7-Eleven က ရရှိခဲ့သော သတ်မှတ်ရက်ချိန်းများအတိုင်း သတ်မှတ်ထားသော CI စခန်းများတွင် သွားရောက် ပြုလုပ်ရမည်ဖြစ်သည်။ CI စာအုပ်ထုတ်ပေးရေး စခန်း ၅ ခုကို စမွတ်စခွန်၊ စမွတ်ပရကန်၊ ချွန်ဘူရီ၊ ပထုံဌာနီနှင့် စူရတ်ဌာနီခရိုင်များတွင် ဖွင့်လှစ်ထားသည်။ […]