ထိုင်း ကော့စမွေနှင့် ကော့ဖငန်းကျွန်းများတွင် မြန်မာလုပ်သားများ အခန်းရှာရခက်လာ
Dawei Watch
March 27, 2024ထိုင်းနိုင်ငံတောင်ပိုင်း ခရီးသွားကျွန်းများဖြစ်သော ကော့စမွေနှင့် ကော့ဖငန်းကျွန်းများတွင် ယခုသီတင်းပတ်များ အတွင်း မြန်မာအလုပ်သမားများ နေထိုင်ရေးအတွက် အခန်းများ ရှာရခက်ခဲလာကြောင်း ကျွန်းတွင်နေထိုင်သည့် မြန်မာအလုပ်သမားများက ပြောသည်။ ခရီးသွားကျွန်းများဖြစ်ပြီး လုပ်ခလစာကောင်းမွန်သောကြောင့် မြန်မာအလုပ်သမားများ ကျွန်းသို့ အခြေချ လုပ်ကိုင်မှု များပြားလာကြောင်း စုံစမ်းသိရှိရသည်။ ယခင်နှစ်ထက် ကျွန်းပေါ်တွင် မြန်မာအလုပ်သမားများ ၂ ဆ ၃ ဆခန့်အထိ ပိုမိုများပြားလာသဖြင့် ကျွန်းပေါ်ရှိ အငှားချထားသော တိုက်ခန်းများ၊ အခန်းတွဲများနှင့် လုံးချင်းတိုက်များအပါအဝင် အားလုံးနီးပါး ပြည့်နေကြောင်း ကော့စမွေကျွန်းရှိ ထားဝယ်ဒေသခံ အလုပ်သမားတစ်ဦးက ဆိုသည်။ “အခုက အခန်းတွေ မရတော့လို့ တစ်ခန်းမှာ ၈ ယောက်လောက်အထိ ပေါင်းနေနေရတဲ့ အခြေအနေဖြစ်နေတယ်။ (မြန်မာ) နိုင်ငံထဲက ထွက်လာတဲ့ သူတွေလည်း လာတာကိုး။ အကုန်လုံး ဒုက္ခတွေ […]


