BREAKING
November 3, 2025

ရွှေ့ပြောင်းလုပ်သား

ထိုင်း-မြန်မာနယ်စပ်တွင် လူသားချင်းစာနာမှုကူညီရေးဇုန်ကို ယခုလကုန်တွင်တည်ဆောက်ရန်စီစဉ်

Dawei Watch

February 6, 2024

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဘက်တွင် မြန်မာဒုက္ခသည်များအတွက် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ရေး လုံခြုံရေးဇုန်တစ်ခုကို ယခုလကုန်ပိုင်းတွင် တည်ဆောက်သွားရန် စီစဉ်နေကြောင်း Bangkok Post သတင်းဌာနတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံအတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးလာသော ဒုက္ခသည်များကို ဆေးဝါးနှင့် အစားအသောက်များ ထောက်ပံ့ပေးနိုင်မည့် အကူအညီပေးရေးဇုန်တစ်ခုကို မြဝတီ-မဲဆောက် နယ်စပ်အနီးတွင် တည်ဆောက်သွားရန် စီစဉ်ထားကြောင်း ထိုင်းနိုင်ငံခြားရေး ဒုဝန်ကြီး Sihasak က ပြောသည်။ ယင်းအစီအစဉ်သည် ပဋိပက္ခဖြစ်ပွားနေမှုများကို ထိန်းညှိနိုင်ရန် ရည်ရွယ်ထားပြီး ဆွေးနွေးညှိနှိုင်းရေး လမ်းစများ ပေါ်ထွက်လာရေးအတွက်လည်း ရည်မှန်းထားကြောင်း ဒုဝန်ကြီး၏ ပြောကြားချက်ကို သတင်းတွင် ဖော်ပြထားသည်။ ထိုအစီအစဉ်ထဲတွင် ထိုင်းနှင့် မြန်မာကြက်ခြေနီအသင်းများ ပါဝင်လာမည်ဖြစ်ပြီး အာဆီယံ၏ လူသားချင်း စာနာမှုအကူအညီများကို မြေပြင်သို့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အကူအညီပေးရေးဇုန်တည်ဆောက်ရန်အတွက် အာဆီယံအထူးအစည်းအဝေးတွင် […]

ဖူးခက်တွင် ဆိုင်ကယ်ခိုးသည်ဟုဆိုကာ မြန်မာလုပ်သားတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

February 5, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ခရီးသွားမြို့ဖြစ်သော ဖူးခက်မြို့တွင် ဆိုင်ကယ်ခိုးသည်ဟုစွပ်စွဲချက်ဖြင့် မြန်မာအလုပ်သမား တစ်ဦး ဖေဖော်ဝါရီလ ၄ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဖူးခက်မြို့ ကရွန်ဒေသ ကတာတောင်ကုန်းပေါ်တွင် အသက် ၃၂ နှစ်အရွယ် ကိုညီညီထွေးအမည်ရှိသော မြန်မာ အလုပ်သမားကို ညဘက်တွင် ဆိုင်ကယ်များ ပတ်ခိုးနေသည်ဟုဆိုကာ ထိုင်းရဲတပ်ဖွဲ့က ပူးပေါင်းဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ရေးသားထားသည်။ ဖူးခက်မြို့အတွင်းရှိ ကရွန်ဒေသနှင့် အနီးတဝိုက်နေရာများတွင် ညဘက် ဆိုင်ကယ်များ ပျောက်ဆုံးနေသည်ကို ပြီးခဲ့သော ၂၀၂၃ ခုနှစ် ဩဂုတ်လကတည်းက တိုင်ကြားချက်ရရှိထားခဲ့ကြောင်း ဆိုသည်။ ထို့ကြောင့် သံသယရှိသူကို ဖူးခက်တရားရုံးက ဝရမ်းထုတ်၍ ရှာဖွေဖမ်းဆီးနေခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ရဲတပ်ဖွဲ့များက CCTV မှတ်တမ်းများမှတစ်ဆင့် ခြေရာခံပြီး အသွင်ယူ၍ ဖမ်းဆီးရာ ကိုညီညီထွေးကို […]

ဂေဟာမှာ ခိုလှုံနေရတဲ့ MoU တရားဝင် မြန်မာလုပ်သားတွေ

Dawei Watch

February 1, 2024

အာဏာသိမ်းမှုနောက်ဆက်တွဲ ဂယက်တွေကြောင့် ရုန်းကန်နေရတဲ့ မိသားစုကို ထောက်ပံ့နိုင်ဖို့ ထိုင်းမှာ တရားဝင် အလုပ် လာလုပ်ကြပေမယ့် အေဂျင်စီတွေ တာဝန်မဲ့တာ၊ မြန်မာသံရုံးဘက်က ဖြေရှင်းမှုအားနည်းတာတွေကြောင့် မြန်မာလုပ်သား တွေဟာ အလုပ်လက်မဲ့ဖြစ်နေရတာ၊ လုပ်အားခ မရတာတွေကြောင့် နေထိုင်စားသောက်ဖို့တောင် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေကြရပါတယ်။

ဖူးခက်တွင် MoU မြန်မာလုပ်သားများ နှစ်လလုပ်ပြီး အလုပ်မရှိတော့၍ အခက်အခဲဖြစ်နေ

Dawei Watch

January 31, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်တွင် နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် တရားဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများမှာ နှစ်လလုပ်ပြီးသည်နှင့် အလုပ်မလုပ်ရတော့သဖြင့် အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ အမျိုးသမီး ၁၀ ဦးပါဝင်သော မြန်မာအလုပ်သမား ၂၅ ဦးကို ဖူးခက်ခရိုင် ဘန်းဖွန် ဘန်ခန်းတွင် ရှိသော PCONS ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်ရန် မြန်မာအေဂျင်စီ စစ်သွေးညီက နှစ်နှစ်စာချုပ်ဖြင့် ပြီးခဲ့သောနှစ် နိုဝင်ဘာလက စေလွှတ်ထားကြောင်း အလုပ်သမားများထံမှ သိရသည်။ သို့သော်လည်း အလုပ်စဆင်းသည့်ရက်မှစ၍ နှစ်လကျော်ကာလအထိ ၃၅ ရက်သာ အလုပ်ဆင်းခဲ့ရကြောင်း အလုပ်သမားများက ဆိုသည်။ ယင်းနောက် ဇန်နဝါရီလ ၂၄ ရက်နေ့မှစ၍ သူဌေးက လုပ်ငန်းခွင်တွင် အလုပ်မရှိတော့သဖြင့် မြန်မာအလုပ်သမားများကို အလုပ်မပေးနိုင်တော့ကြောင်း […]

ထိုင်းနယ်စပ်မှ တနင်္သာရီဘက်ကူးမည့် မြန်မာ ၂ ဦးကို မူးယစ်ဆေးများနှင့်အတူ ထိုင်းရဲဖမ်းမိ

Dawei Watch

January 30, 2024

ထိုင်းနိုင်ငံနယ်စပ်နှင့် ထိစပ်နေသော တနင်္သာရီတိုင်းဘက်သို့ တရားမဝင် ဝင်ရောက်ရန် လုပ်ဆောင်နေသည့် မြန်မာ ၂ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဇန်နဝါရီလ ၂၉ ရက်နေ့က ထိုင်းရဲများက ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ ထိုင်းနိုင်ငံ၊ ပကျွတ်ခီရီခန်ခရိုင် ကောလက်ဒေသရှိ အမျိုးသားဥယျာဉ်ထဲတွင် နယ်ခြားစောင့်တပ်များ တောတွင်း ပြစ်မှုကင်းရှင်းရေးနှင့် တရားမဝင် ဝင်ရောက်မှုများမရှိရေးအတွက် တင်းတင်းကြပ်ကြပ် ကင်းလှည့်စစ်ဆေးနေစဉ် ညနေ ၄ နာရီအချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။ စစ်ဆေးနေစဉ် ခြေသံကြားသဖြင့် သွားရောက်စစ်ဆေးရာမှ ပုန်းနေသော မြန်မာနိုင်ငံသား အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးကို တွေ့ရှိရဟုဆိုသည်။ ၎င်းတို့နှစ်ဦးကို ထပ်မံစစ်ဆေးရာ မူးယစ်ဆေးပြား WY အလုံးရေ ၂၇၉ လုံးကိုပါ တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။ မူးယစ်ဆေးပြားများကို ကူဘူရီအမျိုးသားဥယျာဉ်လမ်းကြောင်းကိုသုံး၍ […]

ဖူးခက်တွင် မြန်မာလုပ်သား ၁၅ ဦး လုပ်အားခမရသဖြင့်အမှုဖွင့်

Dawei Watch

January 29, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၅ ဦးသည် လုပ်အားခ ဘတ် ၂ သိန်းကျော်ကို သူဌေးက ထုတ်ပေးခဲ့ခြင်းမရှိသဖြင့် အမှုဖွင့်တိုင်ကြားထားကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ အမျိုးသမီးလေးဦးအပါအဝင် မြန်မာအလုပ်သမား ၁၅ဦးမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ပြီးခဲ့သည့်နှစ် ဇူလိုင်လမှစတင်ကာ လုပ်ကိုင်နေခြင်းဖြစ်ပြီး နောက်ဆုံး လုပ်ကိုင်ခဲ့သည့် လုပ်အားခ တစ်လစာကို သူဌေးဖြစ်သူက ပိုက်ဆံမရှိဟု ပြောဆိုပြီး ထုတ်မပေးကြောင်း WAG အဖွဲ့ထံမှသိရသည်။ လုပ်အားခမရသည့်အပြင် သူဌေးက ယာယီနေထိုင် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ပြုလုပ်ရန် ငွေကြေးများ ကောက်ခံထားပြီး စာရွက်စာတမ်းများ တာဝန်ယူလုပ်ဆောင်ပေးခဲ့ခြင်းမရှိသည့်အတွက် ဖူးခက်မြို့ရှိ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံး (ဆာဝါဒီကန်) သို့ ဇန်နဝါရီလ ၂၈ ရက်နေ့က တိုင်ကြားခဲ့ကြောင်း WAG […]

ဘန်ကောက် ကူးတို့လှေငယ်ပေါ်က ရငဲသားရဲ့ အိမ်မက်တစ်ခု

Dawei Watch

January 29, 2024

တနင်္သာရီတိုင်း ၊ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ထဲက ရငဲကျေးရွာမှာ နေထိုင်တဲ့ အသက်၁၆ နှစ်အရွယ် လူငယ်တစ်ဦး။ ၇ တန်း အထိကျောင်းနေဖူးပြီး ကိုဗစ်အခြေအနေနဲ့ နိုင်ငံရေး ပဋိပက္ခတွေကြားမှာ သူ့ရဲ့ ပညာရေး ၊ဇာတိ ၊သူငယ်ချင်းတွေကိုစွန့်ခွါပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်လာသူ။ ဒီလိုနေရာမှာ ရှင်သန်နေထိုင်ဖို့ သူဘယ်လိုတွေ ကြိုးစားနေရသလဲ။ သူ့ဘဝရည်မှန်းချက်က ဘာလဲ။

ဘန်ကောက်က ထားဝယ်တွေရဲ့ အော်တကွန်စျေး

Dawei Watch

January 27, 2024

ဘန်ကောက်ရောက် ထားဝယ်တွေ ကြား အော်တကွန်စျေးဟာ လူသိများပါတယ်။ အလုပ်လုပ်ရာ နေရာဖြစ်သလို၊ ရိုးရာအစားအစာ၊ ယဉ်ကျေးမှု၊ ပွဲလမ်းသဘင်တွေ စုဆုံရာနေရာလည်း ဖြစ်ပါတယ်။