ထိုင်းတွင် ရော်ဘာတောထဲနေသည့် မြန်မာကိုယ်ဝန်ဆောင် ဆေးရုံကားပေါ်ကလေးမွေး
Dawei Watch
May 28, 2024ထိုင်းနိုင်ငံအရှေ့ပိုင်း တရတ်ခရိုင်တွင် မြန်မာကိုယ်ဝန်ဆောင်တစ်ဦး ဗိုက်နာလာသဖြင့် ဆေးရုံပို့စဉ် အရေးပေါ်ကားပေါ်တွင် ကလေးမွေးဖွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ တရုတ်မြို့အတွင်းရှိ ရော်ဘာတောထဲတွင် နေထိုင်သော မြန်မာဇနီးမောင်နှံနှစ်ဦးသည် မေလ ၂၃ ရက်နေ့ ညသန်းခေါင်အချိန်အတွင် မခံမရပ်နိင်အောင် ဗိုက်နာလာသဖြင့် အရေးပေါ်ကားခေါ်ပြီး ဆေးရုံပို့စဉ် လမ်းတွင် ကလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ခြင်းဖြစ်သည်။ အသက် ၃၆ နှစ်အရွယ်ရှိ ယင်းအမျိုးသမီးနှင့် အမျိုးသားဖြစ်သူတို့မှာ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့်အတူ ရာဘာတောထဲတွင် နေထိုင်ကြပြီး နေ့လယ်ပိုင်းမှစ၍ ဗိုက်စနာလာခြင်းဖြစ်ကြောင်း ယောက်ျားဖြစ်သူကဆိုသည်။ ဗိုက်နာနေခြင်းကြောင့် ဆရာဝန်နှင့် ပြသောအခါ ကလေးကို ဇွန်လအစောပိုင်းတွင် မွေးရန် ရက်ချိန်းပေးထားသဖြင့် စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းကြရန် မှာကြားခဲ့ဟုဆိုသည်။ ညသန်းခေါင် ၁ နာရီခွဲအချိန်ခန့်တွင် မခံမရပ်နိုင်အောင် ဗိုက်နာလာသဖြင့် အရေးပေါ်ဖုန်းနံပါတ်ဖြစ်သော […]


