မဲဆောက်တွင် သုံးဘီးဆိုင်ကယ်ဖြင့် ပစ္စည်းပို့နေသည်ဟုဆိုကာ မြန်မာငါးဦး ဖမ်းဆီးခံရ
Dawei Watch
June 21, 2024ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့တွင် သုံးဘီးဆိုင်ကယ်၊ ဘေးတွဲတို့ဖြင့် ပစ္စည်းများသယ်ယူပို့ဆောင်နေသည် ဟုဆိုကာ မြန်မာနိုင်ငံသား ငါဦး ဇွန်လ ၁၉ ရက်က ဖမ်းဆီးခံရသည်။ နိုင်ငံခြားသား အလုပ်သမားများက ၎င်းတို့အား တားမြစ်ထားသော အလုပ်များကို လုပ်ကိုင်နေပြီး သုံးဘီးယာဉ်များကိုလည်း တရားမဝင် မောင်းနှင်နေကြောင်း တိုင်ကြားချက်ရရှိသဖြင့် ရှောင်တခင်စစ်ဆေးပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တာခ့်ခရိုင် လဝက ရုံးက ထုတ်ပြန်သည်။ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများက သုံးဘီးဆိုင်ကယ်များမောင်း၍ ပစ္စည်းများကို သယ်ယူပို့ဆောင်ခြင်း၊ ကားဖြင့် ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းများတွင် လုပ်ပိုင်ခွင့်မရှိကြောင်း တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။ အကယ်၍ ဝင်ရောက်လုပ်ကိုင်နေသည်ကို တွေ့ရှိပါက တရားမဝင် ဝင်ရောက်လုပ်ကိုင်မှုများဖြင့် အရေးယူခံရနိုင်ကြောင်း Labour Rights Foundation အဖွဲ့က ကိုဇော်က ဆိုသည်။ “သူဌေးက သုံးဘီးနဲ့ ပစ္စည်းပို့ခိုင်းတာမျိုးဆို […]


