အယုဒ္ဓယတွင် သင်္ဘောကျင်းပေါက်ကွဲမှုဖြစ်ပြီး မြန်မာနှစ်ဦးသေဆုံး
Dawei Watch
August 11, 2024ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် ဘန်စိုင်ဒေသရှိ သင်္ဘောကျင်းတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုတွင် သေဆုံးခဲ့သော အလုပ်သမားနှစ်ဦးမှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။ စနမ်ချိုင်းဒေသရှိ သင်္ဘောကျင်းတွင် ဩဂုတ်လ ၉ ရက် နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲမှုကြောင့် မြန်မာအလုပ်သမားနှစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး နောက်ထပ်မြန်မာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့သဖြင့် နီးစပ်ရာ ဆေးရုံများသို့ အရေးပေါ်ပို့ဆောင်ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ သေဆုံးသူများသည် အသက် ၂၀ မှ ၂၅ နှစ်အရွယ်များဖြစ်ကြကြောင်း ဆိုသည်။ ဒဏ်ရာရရှိသူများအနက် သုံးဦးမှာ ပြင်းထန်ခဲ့ပြီး တစ်ဦးသည် ဒဏ်ရာသက်သာလာပြီးနောက် ဆေးရုံဆင်းပြီဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။ ဆေးရုံရှိ တစ်ဦးမှာ စိုးရိမ်ရအခြေအနေတွင် ဆက်ရှိနေဆဲဖြစ်ကြောင်း ဖော်ပြသည်။ ကနဦးစုံစမ်းမှုအရ အလုပ်သမားများသည် သင်္ဘောကျင်းတွင် ဝရိန်ဆော်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း […]


