နေထိုင်လုပ်ကိုင်ခွင့်လျှောက်သည့် ရွှေ့ပြောင်းလုပ်သားများကို ထိုင်းအစိုးရသစ်က တစ်နှစ်ကျော်ဆက်နေထိုင်ခွင့်ပြု
Dawei Watch
October 7, 2023ယာယီနေထိုင်လုပ်ကိုင်ခွင့်လက်မှတ် လျှောက်ထားသည့် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကို လက်မှတ် မထုတ်ပေးခင် ၁၆လကျော် ဆက်နေထိုင်ခွင့်ပြုလိုက်ကြောင်း ထိုင်းအစိုးရသစ် အောက်တိုဘာလ ၃ရက်နေ့တွင် အတည်ပြုထုတ်ပြန်လိုက်သည်။ ပြီးခဲ့သော ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံမှ တရားမဝင် အလုပ်သမားများကို ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ယာယီနေထိုင်အလုပ်လုပ်ခွင့်လက်မှတ် ပန်းရောင် ဘတ်ကတ် လျှောက်ရန် အလုပ်ရှင်မှတစ်ဆင့် အမည်စာရင်းတင်သွင်းခွင့်ပြုခဲ့သည်။ အမည်စာရင်းသွင်းသူများကို စက်တင်ဘာလ ၃၀ ရက်နေ့အထိ နေထိုင်လုပ်ကိုင်ခွင့်ပြုထားပြီး ယခု အောက်တိုဘာလ ၃ ရက်နေ့ ထိုင်းအစိုးရအဖွဲ့ အစည်းအဝေးတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ နေထိုင်လုပ်ကိုင်ခွင့် ပြုလိုက်ခြင်းဖြစ်သည်။ ပန်းရောင်ဘတ်ကတ် ပြုလုပ်ရန်အတွက် အမည်စာရင်းတင်သွင်းထားသည့် […]