ထိုင်းတောင်ပိုင်းတွင် ၁၀ ဘီးကား ချောက်ထဲထိုးကျပြီး မြန်မာလုပ်သားသေဆုံး
Dawei Watch
September 6, 2024ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်တွင် သစ်တင်ဆောင်လာသည့် ၁၀ ဘီးကားတစ်စီး လမ်ဘေးချောက်ထဲ ထိုးကျ တိမ်းမှောက်ပြီး ကားပေါ်လိုက်ပါလာသည့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ရော်ဘာသစ်တုံးများ သယ်ဆောင်လာသော ကားသည် ချိုင်ဘူရီဒေသ အဝင်တွင် အရှိန်မထိန်းနိုင်တော့ဘဲ အနက် ၇ မီတာခန့်ရှိသော လမ်းဘေးချောက်ထဲသို့ ထိုးကျခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ကားပေါ်တွင် ထိုင်းနိုင်ငံသား ကားသမားတစ်ဦးနှင့် မြန်မာအလုပ်သမားတစ်ဦးတို့ လိုက်ပါလာကြပြီး ကားအရှေ့ပိုင်းတွင် ပိတ်မိနေကြကြောင်းသတင်းတွင် ဖော်ပြသည်။ ကားအရှေ့ပိုင်းသည် အောက်ဘက်သို့ ထိုးဆင်းနေပြီး ရော်ဘာသစ်လုံးများမှာလည်း ကားအရှေ့ပိုင်းသို့ လွင့်စင်ပြီး ဖိထားကြောင်း ဆိုသည်။ ကားသည် ချောက်နက်ထဲသို့ ကျနေသဖြင့် ကားပေါ်ပိတ်မိနေသူများကို ကယ်တင်နိုင်ရန် ကယ်ဆယ်ရေးအဖွဲ့များက ဖြတ်စက်များသုံး၍ အချိန်ခြောက်နာရီခန့်ကြာ […]


