ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ဘန်ကောက်အနီး ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် မြန်မာလုပ်သား ၁၆၀ကျော် ဖမ်းဆီးခံရ

diz_admin

November 7, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် တရားမဝင်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၆၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နိုဝင်ဘာလ ၆ ရက်နေ့က စမွတ်ပရကန်ခရိုင်ထဲရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အများစုပါဝင်သော အလုပ်နေရာပေါင်း ၃၀ ခန့်ကို ထိုင်းလဝကဌာနက ကွင်းဆင်းစစ်ဆေးခဲ့စဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဆိုသည်။ မြန်မာအလုပ်သမားများနှင့်အတူ ကမ္ဘောဒီးယားနိုင်ငံသား ၇၅ ဦး၊ လာအို နှစ်ဦးနှင့် ထိုင်းနိုင်ငံသား ၄၉ ဦး စုစုပေါင်း ၂၈၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းလဝက က ထုတ်ပြန်သည်။ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို အလုပ်သမားများသည် တရားမဝင်ဝင်ရောက်လာမှု၊ အလုပ်လုပ်ကိုင်ခွင့်ကျော်လွန်နေထိုင်မှု၊ ခွင့်ပြုချက်မရှိသော အလုပ်များတွင် ဝင်ရောက်လုပ်ကိုင်နေမှု၊ ဧည့်စာရင်းမတိုင်မှုနှင့် အခြားအမှုများဖြင့် အမှုဖွင့်ထားကြောင်း ထုတ်ပြန်ထားသည်။ ထိုင်နိုင်ငံသားများမှာမူ နိုင်ငံခြားသားအလုပ်သမားများကို တရားမဝင်ခန့်အပ်ထားမှုဖြင့် […]

ထိုင်းတွင် ကားတိုက်မှုကြောင့် မြန်မာသုံးဦးအပါအဝင် လေးဦးသေဆုံး

Dawei Watch

November 7, 2024

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများလိုက်ပါလာသည့်ကား စူရတ်ဌာနီခရိုင်တွင် ကားတိုက်မှုဖြစ်ပွားပြီး မြန်မာသုံးဦးနှင့် ကားမောင်းသူတို့ သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နိုဝင်ဘာလ ၆ ရက် နံနက်ပိုင်းက ထာ့ချနဒေသ အမြန်လမ်းမပေါ်တွင် မြန်မာနိုင်ငံသားများလိုက်ပါလာသော အလုံပိတ် ပစ်ကပ်ကားက အရှေ့တွင်မောင်းနေသော ၁၈ ဘီးတပ် ကုန်တင်ကားကို အရှိန်ဖြင့်ဝင်တိုက်မိကြောင်း ဖော်ပြသည်။ ကားတိုက်မှုကြောင့် ကားမောင်းသူနှင့် မြန်မာနိုင်ငံသားနှစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်သူတို့က ပြောသည်။ နောက်ထပ် မြန်မာနိုင်ငံသား အမျိုးသား ခြောက်ဦး၊ အမျိုးသမီး လေးဦး စုစုပေါင်း ၁၀ ဦးတို့မှာ ထိခိုက်ဒဏ်ရာရသဖြင့် အနီးရှိဆေးရုံများသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။ ဆေးရုံပို့ဆောင်နေစဉ် မြန်မာတစ်ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူ လေးဦးအထိ ရှိခဲ့သည်။ အနီးအနားကို ရှာဖွေစစ်ဆေးရာ […]

ဘန်ကောက်တွင် ရေခဲမုန့်ရောင်းသည့် မြန်မာနှစ်ဦး ဖမ်းဆီးခံရ

Dawei Watch

November 6, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ခွန်ထီယမ်နယ်မြေတွင် ရေခဲမုန့်ထုတ်လုပ်ရောင်းချနေသော မြန်မာနိုင်ငံသားနှစ်ဦးကို ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကျန်းမာရေးစံနှုန်းများနှင့် ညီညွတ်မှု မရှိသော ရေခဲမုန့်များကို တရားမဝင် ထုတ်လုပ်ရောင်းချနေသည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သော ရက်ပိုင်းအတွင်း စမေဒန်နေရာတွင် မြန်မာနိုင်ငံသားများက ရေခဲမုန့်များကို ကျန်းမာရေးနှင့် မညီညွတ်ဘဲ ထုတ်လုပ်ရောင်းချနေပုံများ ဆိုရှယ်မီဒီယာပေါ်တွင် ပြန့်နှံ့လာပြီးနောက် ထိုင်းနိုင်ငံသားများကြား ဝေဖန်မှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ထိုင်းလဝက ရဲတပ်ဖွဲ့များက ခြေရာခံရှာဖွေနေရာ ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့တွင် အိမ်ဆိုင်နောက်က ရေခဲမုန့်ထုတ်လုပ်နေသော မြန်မာနိုင်ငံသားနှစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ဟုဆိုသည်။ မြန်မာနိုင်ငံသားနှစ်ဦးကလည်း ရေခဲမုန့်လုပ်ရန် နို့နှင့် ပါဝင်ပစ္စည်းများကို ဈေးမှဝယ်ယူပြီး ရေခဲမုန့်ကို ထုတ်လုပ်ရောင်းချနေကြကြောင်း ဝန်ခံထားသည်ဟု ရဲတပ်ဖွဲ့၏ […]

ထိုင်းတောင်ပိုင်းတွင် ထားဝယ်ငါးဖမ်းသမားတစ်ဦး လှေပေါ်က ပြုတ်ကျသေဆုံးမှု အလုပ်ရှင် တာဝန်မယူ

Dawei Watch

November 5, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်းငါးခရိုင်တွင် ငါးဖမ်းလှေလိုက်နေသော ထားဝယ်ဒေသခံ ရေလုပ်သားတစ်ဦးသည် မတော်တဆ ရေထဲပြုတ်ကျ သေဆုံးခဲ့သော်လည်း အလုပ်ရှင်က တာဝန်မယူဘဲ ပစ်ထားခဲ့ကြောင်း သေဆုံးသူနှင့် နီးစပ်သူထံမှ သိရသည်။ ပြီးခဲ့သော အောက်တိုဘာလ ၂၉ ရက်နေ့ နေ့လယ်ပိုင်းက ငါးဖမ်းလှေပေါ် လိုက်ပါသွားသော ထားဝယ်ရေလုပ်သားတစ်ဦးသည် လှေထွက်ပြီး နာရီပိုင်းအကြာ ရေထဲပြုတ်ကျ၍ ပင်လယ်ထဲ ပျောက်ဆုံးသွားခဲ့ကြောင်း နီးစပ်သူက ဆိုသည်။ ပင်လယ်ထဲ ပြုတ်ကျပျောက်ဆုံးခဲ့သူမှာ အသက် ၄၃ နှစ်အရွယ် ကိုကျော့ကီးအမည်ရှိ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် မြို့ဟောင်းရွာသားဖြစ်သည်။ ၎င်းလိုက်နေသော ငါးဖမ်းလှေသည် တစ်လ နှစ်ကြိမ်သာ ဝင်ထွက်လေ့ရှိသော မီးထွန်းလှေအမျိုးအစားဖြစ်ပြီး ပင်လယ်ထဲ ပြုတ်ကျပျောက်ဆုံးခဲ့သော်လည်း အလုပ်ရှင်က တာဝန်ယူမှုမရှိဘဲ ကယ်ဆယ်ရေးကိုလည်း မခေါ် ကမ်းခြေစောင့်တပ်ကိုလည်း အကြောင်းမကြားဘဲ ထားခဲ့ကြောင်း နီးစပ်သူများက ဆိုသည်။ […]

ဘန်ကောက်တွင် ဓားထောက်လုယက်မှု စွပ်စွဲချက်ဖြင့် မြန်မာနှစ်ဦးဖမ်းဆီးခံရ

Dawei Watch

November 5, 2024

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ကပီနယ်မြေရှိ ရေမြောင်းဘေးလမ်းတွင် လေ့ကျင့်ခန်းလုပ်နေသူတစ်ဦးထံမှ ဓားထောက်လုယက်ခဲ့သောဆိုသည့်သံသယဖြင့် မြန်မာနိုင်ငံသားနှစ်ဦး နိုဝင်ဘာလ ၄ ရက်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသည့် မြန်မာနှစ်ဦးသည် အသက် ၂၆ နှစ်နှင့် ၂၇ နှစ်အရွယ်များဖြစ်ကြပြီး ၎င်းတို့ထံတွင် မူးယစ်ဆေးပြား များလည်း တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို သတင်းများတွင် ဖော်ပြသည်။ ပြီးခဲ့သော‌ အောက်တိုဘာလ ၃၁ ရက် ည ၁၀ နာရီခွဲခန့်က ရေမြောင်းဘေးတွင် အမျိုးသမီးတစ်ဦး လေ့ကျင့်ခန်းလုပ်နေစဉ် အမျိုးသားနှစ်ဦးက ဓားထောက်၍ ငွေတောင်းခံခဲ့ကြောင်း ရေးသားထားသည်။ အမျိုးသမီးဖြစ်သူကလည်း ငွေမပါလာသဖြင့် ပါလာသော iPhone 13 အဖြူရောင်ကို ပေးခဲ့၍ ထွက်ပြေးလာခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို သတင်းတွင် ဖော်ပြသည်။ ရဲတပ်ဖွဲ့က […]

ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာ ၄၀နီးပါးဖမ်းဆီးခံရ

Dawei Watch

November 3, 2024

ထိုင်းနိုင်ငံ နခွန်စဝမ်ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၃၈ဦးကို နိုဝင်ဘာလ ၁ရက် ညပိုင်းက ဖမ်းဆီးရမိကြောင်း ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဗဟိုဌာနက ထုတ်ပြန်သည်။ ကောက်လယိုဒေသက အဝေးပြေးလမ်းမပေါ် မောင်းနှင်လာသော ဗန်ကားသုံးစီးကို ထိုင်းအာဏာပိုင်များက တားဆီးစစ်ဆေးရာမှ ကားပေါ်လိုက်ပါလာသော မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများသည် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူများဖြစ်ပြီး အထောက်အထားစာရွက်များ မရှိကြကြောင်း ဖော်ပြသည်။ ကြားခံပွဲစားမှတစ်ဆင့် မဲဆောက်မြို့မှ ချင်းရိုင်မြို့သို့ ရောက်ရှိလာကြပြီး ချင်းရိုင်မှတစ်ဆင့် ပထုံဌာနီခရိုင်သို့ ကားများဖြင့် သွားစဉ် လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံသားများက ထွက်ဆိုထားကြောင်း ဆိုသည်။ မြန်မာနိုင်ငံသားများနှင့်အတူ ထိုင်းကားသမားသုံးဦးကိုလည်း ဖမ်းမိခဲ့ပြီး ခရီးစဉ်အတွက် ကားတစ်စီးလျှင်ဘတ် ငါးထောင် မှ တစ်သောင်းအထိ ရရှိသဖြင့် သွားရောက်ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း […]

နှစ်ရှည်ရွှေ့ပြောင်းလုပ်သားများအပါအဝင် လူငါးသိန်းခန့်ကို ထိုင်းနိုင်ငံသားဖြစ်ခွင့်ပေးမည်ဟုဆို

Dawei Watch

October 30, 2024

ထိုင်းနိုင်ငံတွင် နှစ်ရှည်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများအပါအဝင် လူပေါင်း ၄၈၃,၀၀၀ ခန့်ကို ထိုင်းနိုင်ငံသား ဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရအဖွဲ့အစည်းအဝေးက ဆုံးဖြတ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ၁၉၈၄ ခုနှစ်မှစ၍ ထိုင်းနိုင်ငံတွင်း နှစ်ရှည်ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်သူများနှင့် ထိုင်းတွင် နှစ်ရှည်အခြေချနေထိုင်ပြီး နိုင်ငံသား ဖြစ်ခွင့် မရသေးသည့် လူနည်းစုမိဘများမှ မွေးဖွား လာသော ကလေးငယ်များကို ထိုင်းနိုင်ငံသားဖြစ်ခွင့် ပေးမည်ဖြစ် ကြောင်း အောက်တိုဘာလ ၂၉ရက်နေ့က ပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေးတွင် အတည်ပြုခဲ့သည်။ ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သဖြင့် ထိုင်းနိုင်ငံသားဖြစ်ခွင့်ပေးရန် သင့်လျော်မှုရှိသည်ဟု အစိုးရအဖွဲ့အနေဖြင့် ခံစားမိကြောင်း ဝန်ကြီးချုပ်ရုံး၏ ပြောရေး ဆိုခွင့်ရှိသူ Mr. Jirayu Huangsap က ပြောသည်။ ၎င်းတို့သည် ထိုင်းနိုင်ငံသားဖြစ်လာပါက နိုင်ငံအတွင်း လွတ်လပ်စွာသွားလာနိုင်မည်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ စီးပွားရေး […]

ဘန်ကောက်တွင် မြန်မာအချင်းချင်း ဓါးထိုးမှုဖြစ်၍ ၂ ဦးသေ၊ ၁ ဦး ဒဏ်ရာရ

Dawei Watch

October 29, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တလင်းချန်းနယ်မြေတွင် မြန်မာအလုပ်သမားများ အချင်းချင်း အရက်အတူတူသောက်ရာမှ စကားများရန်ဖြစ်ပြီး ဓါးဖြင့်ထိုး၍ ၂ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာအပြင်းအထန် ရရှိသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယမန်နေ့ (အောက်တိုဘာ ၂၈) ည ၁၁ နာရီအချိန်ခန့်က အလုပ်ပြီးချိန် အသက် ၂၇ နှစ် အရွယ် သူငယ်ချင်းလေးဦး အခန်းထဲ အရက်အတူတူစုသောက်ရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နှစ်ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး တစ်ဦးမှာ ဝမ်းဗိုက်တွင် ဓါးဒဏ်ရာ အပြင်းအထန်ရရှိထား၍ စီရရတ်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။ အခင်းဖြစ်သော အခန်းထဲတွင်လည်း ရုန်းရင်းဆန်ခတ်ဖြစ်ထားသည့် ပုံစံကို တွေ့ရပြီး ဓါးနှစ်ချောင်းကို လည်း တွေ့ရှိခဲ့သဖြင့် သက်သေသိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ အရက်မူးလာကြပြီးနောက် အချင်းချင်းစကားများ […]