ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ရပ်တည်ဖို့ ခက်လာသည့် ပရဟိတလူနာတင်ယာဉ်များ

Dawei Watch

December 5, 2024

ကျန်းမာရေး စောင့်ရှောက်မှု မရှိသလောက်ဖြစ်နေတဲ့ ကျေးလက်နေပြည်သူတွေက မြို့ပေါ်တက်အရေးပေါ်ဆေးကုဖို့အတွက် လူနာတင်ယာဉ်တွေကိုပဲ အားကိုးနေရတာပါ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် လူနာတင်ယာဉ်ပရဟိတအဖွဲ့တွေ ရပ်နားလာလို့ ကျေးလက်နေသူတွေ အခက်ကြုံနေရပါပြီ။

အခက်အခဲများစွာဖြင့် ကျေးလက်နေ ပြည်သူများ၏ ဆေးကုသခွင့်

Dawei Watch

December 5, 2024

တနင်္သာရီတိုင်းက ကျေးလက်ဒေသတွေမှာ ပြည်သူတွေရဲ့ ဆေးဝါးကုသနိုင်ခွင့်ဟာ နည်းသထက် နည်းလာနေတဲ့ အခြေအနေကို ရင်ဆိုင်နေရပါပြီ။ ကျန်းမာရေး တစ်ခုခုဖြစ်လာရင် ဆေးဝါးကုသနိုင်ဖို့ အခက်အခဲများစွာကို ကျော်ဖြတ်ကြရပါတယ်။

မိသားစုတိုင်းရှင်သန်ဖို့အိမ်နဲ့မကွာပုန်းခိုစို့

Dawei Watch

December 5, 2024

မင်္ဂလာပါ မိတ်ဆွေတို့ရေ။ အခုလို အရေးကြီးတဲ့ အချိန်မှာ ကိုယ့်မိသားစုအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့ အရမ်းအရေးကြီးလာပြီနော်။ အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်ဖို့ အရေးပေါ်ခိုလှုံစရာ နေရာလေးတွေ ဘယ်လိုဆောက်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။ လူတိုင်း လွယ်လွယ်ကူကူ နားလည်အောင်လို့ ရုပ်ပုံတွေနဲ့ တစ်ဆင့်ချင်း ရှင်းပြထားပါတယ်။ ဒီအတိုင်း တစ်ဆင့်ချင်းစီ လုပ်သွားရင် မိသားစုအတွက် စိတ်ချရတဲ့ ခိုလှုံစရာနေရာ တစ်ခု ရရှိမှာပါ။ အသေးစိတ်အချက်အလက်တွေကို ကျွန်တော်တို့ရဲ့ Telegram Channel မှာ ဆက်တင်ပေးသွားမှာမို့ အောက်က Link လေးကနေ Join ထားပေးကြပါဦးနော်။ https://t.me/Building_Underground_Shelter_Bot

ထိုင်းရောက်မြန်မာလုပ်သားများထံမှ အခွန် ဘတ်သန်း ၅၀၀၀ ခန့်ကောက်ရန် စစ်ကောင်စီပြင်ဆင်ထား

Dawei Watch

December 4, 2024

အလုပ်လုပ်ခွင့်လက်မှတ်(work permit) သက်တမ်းတိုးချိန်တွင် ထိုင်းရောက်မြန်မာအလုပ်သမားများ ထံမှ အခွန် ဘတ်သန်း ၅၀၀၀ ခန့်ရရှိစေရန် စစ်ကောင်စီ၏ ဘန်ကောက်အခြေစိုက် မြန်မာသံရုံးက စီစဉ်နေကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။ ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးခြင်း၊ ပန်းရောင်ဘတ်အသစ် ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပွဲတစ်ရပ်ကို ယနေ့ (ဒီဇင်ဘာ ၄) ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။ စစ်ကောင်စီဘက်မှ မပါဝင်သည့် ယင်းဆွေးနွေးပွဲတွင် ထိုင်းလုပ်ငန်းရှင်များ၊ ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ ထိုင်းနှင့်မြန်မာအလုပ်သမား ကူညီရေးအသင်းများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲတွင် MoU စနစ်ဖြင့် သက်တမ်းတိုးမည့် မြန်မာအလုပ်သမားအရေအတွက် နှစ်သန်းကျော်ရှိပြီး မြန်မာစစ်ကောင်စီထံသို့ ပေးရမည့်အခွန်ငွေ ဘတ်သန်း ၅၀၀၀ ခန့်အထိရှိနေသည်ဟု တင်ပြခဲ့ခြင်းဖြစ်သည်။ “ဒီနေ့ MoU နဲ့ သက်တမ်းတိုးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အကြိတ်အနယ် […]

ကန်ချနဘူရီတွင် မြန်မာကိုးဦးဖမ်းဆီးခံရ၊ နေအိမ်တွင် ကျည်ဆန်များတွေ့ဟုဆို

Dawei Watch

December 3, 2024

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီမြို့တွင် မြန်မာနိုင်ငံသားကိုးဦး ဒီဇင်ဘာလ ၂ရက် ညက ဖမ်းဆီးခံရပြီး ၎င်းတို့နေထိုင်သည့် နေအိမ်တွင် ကျည်ဆန်အတောင့် သုံးထောင်ခန့်ကို တွေ့ရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ကန်ချနဘူရီရဲတပ်ဖွဲ့ဝင်များက ဘန်းကောင်ဒေသတွင် ည ၇ နာရီခန့်က ကင်းလှည့်စစ်ဆေးနေစဉ် မှောင်ရိပ်ထဲ ရှိနေသော မြန်မာအမျိုးသားကိုးဦးကို တွေ့ရှိသဖြင့် ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။ ၎င်းတို့တွင် တရားဝင် နေထိုင်ခွင့် အထောက်အထားစာရွက်စာတမ်းများ မတွေ့ရသဖြင့် ဖမ်ဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ မြန်မာနိုင်ငံသားများသည် အိမ်တစ်ဆောင်တွင် ယာယီနေထိုင်နေသည်ဟု ထွက်ဆိုခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးစဉ် စက္ကူဘူးများဖြင့် သိမ်းထားသော ကျည်ဆန်အတောင့် ၂၇၅၀ ကျော်ကို တွေ့ရှိခဲ့သဖြင့် သိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဖမ်းဆီးခံရသူများအနက် တစ်ဦးကို လက်နက်အမှု၊ တရားမဝင် […]

မိသားစုတိုင်းရှင်သန်ဖို့ အိမ်နဲ့မကွာ ပုန်းဖိုစို့ (PSA 2)

Dawei Watch

December 1, 2024

မမြင်နိုင်တဲ့နေရာက ကျရောက်လာမယ့် အန္တရာယ်တွေကို ကျမတို့ ဘယ်လိုကာကွယ်ကြမလဲ။ မိသားစုတိုင်းအတွက် “အိမ်နဲ့မကွာ ပုန်းခိုရာ” ဗုံးခိုကျင်း တခု ရှိဖို့တော့လိုလိမ့်မယ်။ ကဲ..ဗုံးခိုကျင်းတခုတူးတော့မယ်ဆိုပါစို့ – သင် ဒါတွေ သိထားပြီးပြီလား?

မိသားစုတိုင်းရှင်သန်ဖို့ အိမ်နဲ့မကွာ ပုန်းဖိုစို့

Dawei Watch

November 30, 2024

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးကျရောက်မှုတွေ မကြာခဏ ကြုံတွေ့နေရပါတယ်။ မျက်စိနဲ့မြင်နိုင်တဲ့ အန္တရာယ်တွေကို ရှောင်ရှားဖို့ လွယ်ပေမယ့် ရုတ်တရက် ကျရောက်လာနိုင်တဲ့ အန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဗုံးခိုကျင်းတူးဖော်နည်းတွေကို မျှဝေပေးချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဗီဒီယိုတွေမှာ အခြေခံ ဗုံးခိုကျင်းတည်ဆောက်နည်းတွေကို အဆင့်ဆင့် လေ့လာသွားကြမှာပါ။ နောက်ထပ်ဗီဒီယိုတွေမှာ အသေးစိတ်ဖော်ပြသွားမှာဖြစ်ပြီး စိတ်ဝင်စားတဲ့ လူတွေအနေနဲ့လည်း အောက်ပါလင့်မှာလည်း Download လုပ်ရလွယ်ကူအောင် တင်ပေးသွားမှာဖြစ်ပါတယ်။

မဟာချိုင်က ဆောက်လုပ်ဆဲ မိုးပျံလမ်းပြိုကျမှုတွင် မြန်မာလေးဦးသေဆုံး

Dawei Watch

November 29, 2024

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် ယနေ့ နံနက်ပိုင်းက ဆောက်လက်စ မိုးပျံအဝေးပြေးလမ်းမကြီးလုပ်ငန်းခွင် ပြိုကျမှုကြောင့် မြန်မာအလုပ်သမားလေးဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်နှင့် သေဆုံးသူ၏ မိသားစုဝင်တို့၏ ပြောဆိုချက်များအရ သိရသည်။ ယနေ့ နိုဝင်ဘာလ ၂၉ရက် နံနက် ၄ နာရီခန့်က မဟာချိုင်ဈေးသစ်အနီးရှိ ဖလန်စောင်လမ်းမကြီးပေါ်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင် ပြိုကျခဲ့ခြင်းဖြစ်သည်။ ပြိုကျမှုကြောင့် မြန်မာအလုပ်သမားလေးဦးနှင့် ထိုင်းနိုင်ငံသားတစ်ဦး စုစုပေါင်း ငါးဦး သေဆုံးခဲ့ကြောင်း စမွတ်စခွန် ပြန်ကြားရေးဌာနက ယနေ့နံနက် ၁၀ နာရီခန့်က ထုတ်ပြန်ထားသည်။ သေဆုံးသူအရေအတွက် ထပ်တိုးရှိနိုင်သေးကြောင်းလည်း ဆိုသည်။ သေဆုံးခဲ့သော မြန်မာနိုင်ငံသားများမှာ ကိုချစ်ကိုကို၊ ကိုဧရာ၊ ကိုဖြိုးကိုကိုနှင့် ကိုအောင်သိန်းဌေးတို့ဖြစ်ကြပြီး ကိုချစ်ကိုကိုနှင့် ကိုဧရာတို့၏ အလောင်းများကို တွေ့ရှိထားပြီးဖြစ်ကြောင်း ဖော်ပြသည်။ ကျန်နှစ်ဦးသည် အပျက်အစီးများအောက်တွင် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း […]