ဘန်ကောက်အနီး မြန်မာနိုင်ငံကူးလက်မှတ်အတု လုပ်သည့်နေအိမ်ကို ထိုင်းရဲဝင်စီး၊ မြန်မာတစ်ဦးဖမ်းဆီးခံရ
Dawei Watch
February 25, 2026ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး နွန်ထဘူရီခရိုင်တွင် မြန်မာနိုင်ငံကူးလက်မှတ်အတုနှင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) အတုများကို ပြုလုပ်နေသည်ဟုဆိုကာ မြန်မာနိုင်ငံသားတစ်ဦးကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နွန်ထဘူရီခရိုင် ဘန်းဘိုဝါဒေသရှိ နေအိမ်နှစ်ဆောင်ကို ရဲတပ်ဖွဲ့က ဝရမ်းအရ ဝင်ရောက်စီးနင်းရှာဖွေစဉ် ကိုမင်းအမည်ရှိ မြန်မာနိုင်ငံသားကို ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၄ ရက်တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။ နေအိမ်ထဲကို ဖေဖော်ဝါရီလ ၂၀ ရက်က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ နိုင်ငံကူးလက်မှတ်အတု ပြုလုပ်သည့် စက်ပစ္စည်း ၆၆ မျိုး၊ နိုင်ငံကူးလက်မှတ်အတု ၃၀ ကျော်၊ ထိုင်းနှင့် မြန်မာလဝက ပြည်ဝင်ခွင့်တုံးအတု ၁၆ ခု၊ ကား၊ ဆိုင်ကယ်နှင့် ဘတ်နှစ်သန်းကျော် လည်ပတ်နေသော ဘဏ်စာအုပ်များကိုလည်း တွေ့ရှိခဲ့ သဖြင့် […]


