ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ထိုင်းတွင် မြန်မာအမျိုးသမီးတစ်ဦး ကားပေါ်၌ ကလေးမွေး

Dawei Watch

January 10, 2026

ထိုင်းနိုင်ငံအရှေ့ပိုင်း လယောင်ခရိုင်တွင် ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးတစ်ဦးသည် ဗိုက်နာလာသဖြင့် ဆေးရုံသို့ ကားဖြင့်သွားစဉ် လမ်း၌ ကလေးမွေးဖွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဇန်နဝါရီလ ၉ ရက်၊ နံနက် ၈ နာရီခန့်က ပလိုဝက်ဒဲဒေသတွင် အသက် ၃၀ နှစ်အရွယ် ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးသည် ဗိုက်နာလာသဖြင့် အလုပ်ရှင်၏ သမီးဖြစ်သူက ကားဖြင့် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ဆေးရုံမရောက်မီ မြန်မာအမျိုးသမီးမှာ မခံမရပ်နိုင်အောင် ဗိုက်နာလာသဖြင့် လမ်းဘေး၌ ကားရပ်ပြီး အလုပ်ရှင်၏ သမီးဖြစ်သူက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာချိန်တွင် မြန်မာအမျိုးသမီးကို ကူညီပေးခဲ့ရာ ကားပေါ်တွင်ပင် ကလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည်။ မွေးဖွားလာသည့် ကလေးငယ်မှာ ယောက်ျားလေးဖြစ်ပြီး မိခင်နှင့် ကလေး နှစ်ဦးစလုံး […]

ချွန်ဘူရီတွင် မြန်မာတစ်ဦး ရထားတိုက်ခံရပြီး သေဆုံး

Dawei Watch

January 10, 2026

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ချွန်ဘူရီခရိုင်တွင် မြန်မာနိုင်ငံသားတစ်ဦး ရထားတိုက်ခံရပြီး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားချက်အရ သိရသည်။ ဇန်နဝါရီလ ၉ ရက်၊ ညနေ ၃ နာရီခန့်က ချွန်ဘူရီခရိုင်၊ ဘန်းလမောင်ဒေသတွင် မြန်မာနိုင်ငံသားတစ်ဦး ရထားကြိတ်ခံရသဖြင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းရရှိခဲ့သည်။ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာသောအခါ ရထားကြိတ်ခံရမှုကြောင့် ခန္ဓာကိုယ်နှစ်ပိုင်းပြတ်၍ သေဆုံးနေသော အလောင်းနှင့်အတူ အနီးတွင် ကျုစေ့-ဘန်ကောက် ပြေးဆွဲနေသော ရထား ရပ်နားထားသည်ကို တွေ့ရကြောင်း သိရသည်။ သေဆုံးသူမှာ အသက် ၄၄ နှစ်အရွယ် ကိုမင်းသူဖြစ်ပြီး အနီးရှိ သက်သေအထောက်အထားများကို သိမ်းဆည်းခဲ့ဟုဆိုသည်။ သေဆုံးသူသည် ကုမ္ပဏီတစ်ခု၏ အမှိုက်သိမ်းအလုပ်သမားဖြစ်ပြီး ပြီးခဲ့သော ဇန်နဝါရီလ ၆ ရက်နေ့က သူငယ်ချင်းဖြစ်သူ ရုတ်တရက် သေဆုံးသွားသဖြင့် စိတ်သောကရောက်နေကြောင်း၊ ကိုမင်းသူက […]

နှစ်သစ်တွင် မြိတ်ဒေသခံတစ်ဦးအပါအဝင် မြန်မာလေးဦး ထိုင်းထီ ဘတ် ၂၄သန်း ကံထူး

Dawei Watch

January 9, 2026

နှစ်သစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂ရက်တွင် ဖွင့်လှစ်ခဲ့သော ထိုင်းထီတွင် မြန်မာနိုင်ငံသားလေးဦး ဘတ် ၂၄ သန်းအထိ ထီပေါက်ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ထိုင်းထီ ပထမဆု ၈၃၇၇၀၆ တွင် ခြောက်လုံးတိုက် ပထမဆုကို ကံထူးခဲ့ကြခြင်းဖြစ်သည်။ ကံထူးရှင်များအနက် ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်တွင် အလုပ်လုပ်ကိုင်နေသော မြိတ်ဒေသခံတစ်ဦးလည်း ပါဝင်ကာ ဘတ် ခြောက်သန်းဆု ကံထူးခဲ့ခြင်းဖြစ်ကြောင်း MHAC ထံမှ သိရသည်။ အုန်းနွဲ၊ အုန်းရိုင်ဒေသတွင် အလုပ်လုပ်ကိုင်နေသော ပဲခူးတိုင်းဒေသခံ ဇနီးမောင်နှံနှစ်ဦးကလည်း ဘတ် ခြောက်သန်း ကံထူးကြောင်း သိရသည်။ နောက်ထပ် ထိုင်းထီ နှစ်စောင်တွဲ ဘတ် ၁၂ သန်း ကံထူးခဲ့သူမှာ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တွင် နေထိုင်နေသူ ဖြစ်ကြောင်း MHAC […]

ဘန်ကောက်တွင် ဘတ်သိန်းချီ တန်ဖိုးရှိ ရွှေဆွဲကြိုး ခိုးယူသည်ဆိုပြီး မြန်မာတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

January 8, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဟိုတယ်တစ်လုံးတွင် ဘတ်သိန်းချီ တန်ဖိုးရှိသော ရွှေဆွဲကြိုးကို ခိုးယူသည်ဟု စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇန်နဝါရီလ ၆ရက်နေ့ ည ၈ နာရီခန့်က ဘန်ကောက်မြို့ ဘန်ကပီနယ်မြေ ခလောင်ချမ်းဒေသ အာရှဟိုတယ်အနီးတွင် အသက် ၃၅ နှစ်အရွယ် ကိုကျော်လွင်ကို ရွှေခိုးယူမှုစွပ်စွဲချက်ဖြင့် ဝရမ်းနှင့်အတူ လတ်ဖလောင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ဇန်နဝါရီလ ၂ရက်နေ့က ဟိုတယ်တစ်လုံးတွင် ဘတ် သိန်းချီတန်ဖိုးရှိသော ရွှေဆွဲကြိုးတစ်ကုံး ခိုးယူခံရသဖြင့် ရဲတပ်ဖွဲ့ထံ လာရောက်တိုင်ကြားခဲ့ကြောင်း ဖော်ပြသည်။ ရွှေဆွဲကြိုးက မည်သည့်ပုံစံဖြင့် ပျောက်ဆုံးသည်ကိုမူ သတင်းတွင် ဖော်ပြထားခြင်းမရှိပေ။ ရဲတပ်ဖွဲ့ CCTV မှတ်တမ်းများကို တိုက်ဆိုင်စစ်ဆေးပြီးနောက် မြန်မာနိုင်ငံသားကို ဝရမ်းထုတ်၍ နောက်ယောင်ခံ ရှာဖွေနေစဉ် ဟိုတယ်အနီးတွင် ပေါ်လာသဖြင့် ဖမ်းဆီးခဲ့ကြောင်း […]

မလေးရှားသွားမည့် မြန်မာ ၂၀ဦး ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ

Dawei Watch

January 7, 2026

မလေးရှားနိုင်ငံသို့ တရားမဝင် လမ်းကြောင်းက သွားမည့် မြန်မာနိုင်ငံသား ၂၀ ဦးသည် ထိုင်းနိုင်ငံတောင်ပိုင်း ပရာကျွတ်ခီရီခန်ခရိုင်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇန်နဝါရီလ ၆ ရက်က ပရာကျွတ်ခီရီခန်မြို့ ကလောင်ဝမ်ဒေသရှိ အုန်းခြံထဲတွင် မြန်မာနိုင်ငံသားများ ပုန်းနေကြောင်း သတင်းရရှိသဖြင့် ထိုင်းအာဏာပိုင်များက သွားရောက်စစ်ဆေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသား အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၈ ဦး စုစုပေါင်း ၂၀ ဦးဖြစ်ပြီး အားလုံးတွင် တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။ မြန်မာနိုင်ငံသားများသည် ရန်ကုန်၊ မြဝတီ၊ ပဲခူးဒေသများကတစ်ဆင့် ဘုရားသုံးဆူနယ်စပ် စန်ခရာဘူရီဒေသသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်လာကြကြောင်း ဆိုသည်။ ပွဲစားများ၏ အချိတ်အဆက်ဖြင့် နယ်စပ်မှတစ်ဆင့် ကားအဆင့်ဆင့်စီး၍ […]

နှစ်သစ်တွင် ထိုင်းက မြန်မာ ၇၅ ဦးကို ကော့သောင်းသို့ ပြန်ပို့

Dawei Watch

January 5, 2026

စစ်အာဏာရှင်တပ်က အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသား ၇၅ ဦးကို ယနေ့ ကော့သောင်းမြို့သို့ ပြန်ပို့လိုက်ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သော မြန်မာနိုင်ငံသားထံမှ သိရသည်။ ယခု ၂၀၂၆ ခုနှစ် နှစ်သစ်တွင် ပထမအကြိမ် မြန်မာနိုင်ငံသား ၇၅ ဦးကို နေရပ်ပြန်ပို့လိုက်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၆၂ ဦး၊ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၇၅ ဦးနှင့်အတူ ကလေး ၂ ဦးကို ယနေ့ ဇန်နဝါရီလ ၅ ရက် နေ့လယ် ၁၁ နာရီခွဲတွင် ကော့သောင်းမြို့သို့ လွှဲပြောင်းလိုက်သည်။ ပြီးခဲ့သော ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်လည်း မြန်မာနိုင်ငံသား […]