ထိုင်းတောင်ပိုင်း ခရိုင်နှစ်ခုတွင် တရားမဝင်လာသော မြန်မာလုပ်သား တစ်ရာနီးပါး ဖမ်းဆီးခံရ
diz_admin
September 27, 2022ထိုင်းနိုင်ငံတောင်ပိုင်း ဖာတ်ထလုံနှင့် ရာလခရိုင်တို့တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၉၃ ဦး စက်တင်ဘာလ ၂၆ ရက် ညပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖာတ်ထလုံခရိုင် အမြန်တွင် ဗန်ကားနှစ်စီးကို ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာတွင် အထောက် အထားမဲ့ မြန်မာအလုပ်သမား ၇၁ ဦးနှင့် ထိုင်းကားမောင်းသမား လေးဦးတို့ကို ဖမ်းမိခြင်းကြောင်း ရေးသားထားသည်။ မြန်မာအလုပ်သမားများကို ပရာကျွတ်ခီရီခန်ခရိုင်မှ တစ်ဆင့် စွန်ခရာခရိုင် ဟတ်ယိုင်ဒေသတွင် Passport စာအုပ် ပြုလုပ်ရန် ပွဲစားတစ်ဦးက ငှားရမ်းခဲ့သဖြင့် ခေါ်ဆောင်လာခဲ့သည်ဟု ကားသမားက ရဲတပ်ဖွဲ့ထံ ထွက်ဆိုကြောင်း သတင်းများတွင် ဖော်ပြသည်။ ထိုခရီးစဉ်အတွက် ၎င်းကို ဘတ် ၄၀၀၀ ဖြင့်သာ ငှားရမ်းခဲ့ခြင်းဖြစ်ပြီး စွန်ခရာခရိုင်အတွင်းရောက်မှသာ ပွဲစားဆီသို့ ပို့ဆောင်ရမည့်နေရာ ပြန်မေးရန်ပြောဆိုထားသည်ဟု […]


