ထိုင်း စူရတ်ဌာနီတွင် အလုပ်ဖြုတ်ခံရသော မြန်မာလုပ်သားများ လျော်ကြေး ဘတ်တစ်သန်းကျော်ရမည်
diz_admin
October 8, 2022ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်တွင် နစ်နာကြေးမရရှိဘဲ အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမား ၁၀၀ ကျော်အတွက် နစ်နာကြေး ဘတ် တစ်သန်းကျော်ရရှိတော့မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမား ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။ စူရတ်ဌာနီခရိုင် ချိုင့်ရာမြို့ ဖွန်ဖတ်သစ်စက်ရုံတွင် အလုပ်ရှင်သူဌေးပြောင်းသဖြင့် မြန်မာအလုပ်သမား ၁၁၀ ဦးကို နစ်နာကြေး တစ်စုံတစ်ရာမပေးဘဲ စက်တင်ဘာလ ၂၈ ရက်နေ့တွင် အလုပ်ထုတ်လိုက်ခြင်းဖြစ်သည်။ ကူညီဖြေရှင်းပေးရန် အလုပ်သမားများက တောင်းဆိုမှုကြောင့် NUG နှင့် ကိုရဲမင်း ဦးဆောင်သည့် AAC မဟာမိတ် အဖွဲ့တို့က အောက်တိုဘာလ ၆ ရက်တွင် စူရတ်ဌာနီခရိုင်ရှိ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး (ဆာဝါဒီကန်) နှင့် ချိတ်ဆက်၍ ကူညီပေးခဲ့ကြောင်း ထုတ်ပြန်သည်။ ယင်းနောက် အလုပ်ရှင်၊ အလုပ်သမားများ ညှိနှိုင်းပေးရာ နစ်နာကြေး ဘတ် […]


