မြန်မာမိန်းကလေးငယ်ကို အဓမ္မပြုကျင့်သည့် မြန်မာအမျိုးသားကို ထိုင်းရဲဖမ်းဆီး
diz_admin
April 27, 2022ဆယ်ကျော်သက်မြန်မာမိန်းကလေးကို အဓမ္မပြုကျင့်သော မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းနိုင်ငံ Muang Kamphaeng Phet ရဲစခန်းက ဧပြီလ ၂၅ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းမီဒီယာများတွင် ဖော်ပြထားသည်။ ပြုကျင့်ခံရသူ မြန်မာမိန်းကလေးသည် အသက် ၁၄ နှစ်အရွယ်သာ ရှိသေးပြီး ရှော့ပင်းစင်တာဈေးအနောက်ဘက်ရှိ တိုက်ခန်းတွဲတွင် သူမ၏မိခင်ဖြစ်သူနှင့်အတူ အခန်းငှားနေထိုင်ပြီး အမေဖြစ်သူ အလုပ်သွားနေချိန်တွင် အဓမ္မပြုကျင့်ခံရခြင်းဖြစ်သည်။ အမေဖြစ်သူ အလုပ်သွားနေချိန်တွင် တစ်ယောက်တည်းကျန်ခဲ့သည့် အမျိုးသမီးငယ်ကို အသက် ၄၀နှစ်အရွယ် ဦးယောင်းက ၃ ကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ခဲ့ကြောင်း သူမ၏မိခင်ဖြစ်သူက ရဲစခန်းတွင် ထွက်ဆိုခဲ့သည်။ အဓမ္မပြုကျင့်ပြီးနောက် သူမကို သန္ဓေတားဆေးသောက်ခိုင်းကာ အခြားသူကို မပြောပြရန်နှင့် ပြောပါက သတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း မိန်းကလေးက ရဲစခန်းတွင် ထပ်မံထွက်ဆိုခဲ့သည်။ အမျိုးသမီးငယ်က မိခင်ဖြစ်သူကို ပြန်ပြောသဖြင့် ဆွေမျိုးများနှင့် […]