ထိုင်းရောက် မြန်မာလုပ်သားတစ်ဦး၏ ကိုယ်တွင်းအင်္ဂါများကို ပေးလှူ
diz_admin
November 7, 2022ထိုင်းနိုင်ငံ ယာဉ်မတော်တဆမှုကြောင့် ဦးနှောက်သေသွားသည့် မြန်မာအလုပ်သမားတစ်ဦး၏ ကိုယ်တွင်းအင်္ဂါများကို အခြားလူနာများတွင် အစားထိုးကုသနိုင်ရန် မိသားစုက ပေးလှူကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ မြန်မာအလုပ်သမား၏ မျက်လုံးနှင့် ကျောက်ကပ်စသည့် ကိုယ်တွင်းအင်္ဂါများကို အခြားလူနာများအား အစားထိုး ကုသနိုင်ရန် ပေးလှူခဲ့ခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း နိုဝင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။ ချင်းရိုင်ခရိုင်တွင် တရားဝင်စာချုပ်ဖြင့် လာရောက် အလုပ်လုပ်ကိုင်နေသည့် အသက် ၄၃နှစ်အရွယ် မြန်မာအလုပ်သမားတစ်ဦးသည် ကားတိုက်ခံရမှုကြောင့် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဦးနှောက်သေသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ၎င်း၏အမည်နှင့် မြန်မာနိုင်ငံ နေရပ်တို့ကိုမူ ဖော်ပြထားခဲ့ခြင်း မရှိပေ။ မြန်မာအလုပ်သမားကို ကုသပေးနေသည့် Chiang Rai Prachanukroh ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများသည် မြန်မာအလုပ်သမား၏ မိသားစုဝင်များထံသို့ ဆက်သွယ်ကာ ကိုယ်တွင်းအင်္ဂါလှူဒါန်းနိုင်သည့်အကြောင်းကို အကြောင်းကြားခဲ့ကြောင်း […]


