ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

လေထုညစ်ညမ်းမှု

diz_admin

March 9, 2023

၂၀၂၃ ခုနှစ် မတ်လအတွင်း ကမ္ဘာမှာ လေထု အညစ်ညမ်းဆုံး ဆယ်မြို့ထဲမှာ ရန်ကုန်လည်း ပါနေပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာမြို့က အဆိုးဆုံး ဖြစ်နေပါတယ်။ ရန်ကုန်က အညစ်ညမ်းဆုံး ဒုတိယ လိုက်နေပြီး အဲဒီနောက် အိန္ဒိယနိုင်ငံ ဒေလီနဲ့ မွန်ဘိုင်းမြို့တွေက အစဉ်လိုက် တည်ရှိနေပါတယ်။ မြန်မာတွေ အနေများတဲ့ ချင်းမိုင် ကလည်း နံပါတ် ၆ နေရာက လိုက်နေပါတယ်။

ဘန်ကောက်ရှိ ဈေးဝယ်စင်တာအပြင်တွင် မြန်မာအချင်းချင်းဓားထိုးမှု အမျိုးသမီးတစ်ဦးသေဆုံး

diz_admin

March 9, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဈေးဝယ်စင်တာတစ်ခု၏ အပြင်ဘက်တွင် မြန်မာအမျိုးသားတစ်ဦးက မြန်မာအမျိုးသမီး တစ်ဦးကို ဓားဖြင့်ထိုးသဖြင့် အမျိုးသမီးဖြစ်သူသေဆုံးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယနေ့ (မတ်လ ၉) နေ့လယ် ၁၂နာရီခန့်တွင် ဘန်ကောက်မြို့ ရတ်ချထေဝီဒေသ ပတူနမ်နယ်မြေရှိ ဈေးဝယ်စင်တာ အပြင်ဘက်တွင် ဓားထိုးမှုဖြစ်ပွားခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့များ သွားရောက်စစ်ဆေးချိန် ဈေးဝယ်စင်တာတစ်ခု၏ အရှေ့ဘက်တွင် ဓားဒဏ်ရာဖြင့် လဲကျနေသော အသက် ၃၄ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီး မဖြူမာအောင်ကို တွေ့ရှိကြောင်း သတင်းများတွင် ဖော်ပြသည်။ ရင်ဘတ်၊ လက်နှင့် နောက်ကျောတို့တွင် ဓားဒဏ်ရာ ငါးချက် ရရှိထားသည့် မဖြူမာအောင်ကို ဆေးရုံမှ ဆေးအကူအဖွဲ့များက မိနစ် ၃၀ ခန့် ရှေ့ဦးပြုစုနည်း CPR ဖြင့် လုပ်ဆောင်ပေးခဲ့သော်လည်း အောင်မြင်မှုမရှိဘဲ သေဆုံးသွားကြောင်း ရေးသားထားသည်။ […]

မြန်မာလုပ်သားများကို မလေးရှားသို့ တရားမဝင်ပို့နေသော ထိုင်းလူမှောင်ခိုခေါင်းဆောင် ဖမ်းဆီးခံရ

diz_admin

March 9, 2023

မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ တရားမဝင်လမ်းကြောင်းဖြင့် ပို့ဆောင်ပေးနေသော ထိုင်းလူမှောင်ခိုအဖွဲ့ခေါင်းဆောင် အမျိုးသမီးတစ်ဦးကို ဖမ်းမိကြောင်း Bangkok Post သတင်းဌာနတွင် ဖော်ပြသည်။ အသက် ၅၃နှစ်အရွယ် Che Mai ဟုခေါ်သော အဆိုပါအမျိုးသမီးကို မတ်လ ၇ရက်တွင် နွန်ထဘူရီခရိုင်ရှိ ၎င်းနေထိုင်ရာ နေအိမ်၌ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထိုင်းလဝကရဲတပ်ဖွဲ့မှ ရဲမှူးကြီးတစ်ဦးက ပြောသည်။ Che Mai သည် စကဲ့ဝိုခရိုင်ရှိ ပို့ဆောင်ရေးကုမ္ပဏီတစ်ခု၏ မန်နေဂျာဖြစ်ပြီး ကိုဗစ်ကာလမတိုင်မီအချိန်တွင် ကမ္ဘောဒီးယားနယ်စပ်မှတစ်ဆင့် ထိုင်းသို့ ကုန်ပစ္စည်းများနှင့် ခရီးသည်များကို ပို့ဆောင်ပေးနေကြောင်း သတင်းတွင် ဖော်ပြသည်။ ကိုဗစ်ကပ်ရောဂါပြန့်ပွားလာမှုကြောင့် နယ်စပ်ဂိတ်များပိတ်သွားချိန်တွင် ကုမ္ပဏီမှာ ထိခိုက်နစ်နာမှုများ ကြုံတွေ့ခဲ့ ရသဖြင့် အလုပ်သမားများကို တရားမဝင် ပို့ဆောင်ပေးသည့်လုပ်ငန်းသို့ ပြောင်းလဲလုပ်ကိုင်လာခဲ့ကြောင်း ရေးသားထားသည်။ ၎င်းသည် မြန်မာအလုပ်သမားများကို […]

မြန်မာအလုပ်သမားအရေး ပိုမိုကူညီပေးကြရန် ချင်းမိုင် နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနားတွင် တောင်းဆို

diz_admin

March 8, 2023

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ Tha Phae ဂိတ်တွင် ယနေ့(မတ် ၈) ကျင်းပပြုလုပ်သည့် နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနားတွင် မြန်မာအလုပ်သမားအရေး ပိုမိုကူညီဆောင်ရွက်ပေးကြရန် အလုပ်သမားအရေး လှုပ်ရှားသူများက တောင်းဆိုခဲ့သည်။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အထူးသဖြင့် အမျိုးသမီးအလုပ်သမားများသည် လုပ်ငန်းခွင်အတွင်း ကိုယ်ဝန်ဆောင်စဉ် အလုပ်ထုတ်ခံရမှုများ၊ လုပ်ငန်းခွင် ဖိနှိပ်မှုများ ယနေ့အချိန်အထိ ဆက်တိုက်ကြုံတွေ့နေရဆဲ ဖြစ်သဖြင့် အမျိုးသမီးအခွင့်အရေးများ အမျိုးသားများနည်းတူ တန်းတူရရှိရန် အဆိုပါအခမ်းအနားတွင် တောင်းဆိုကြွေးကြော်ခဲ့ကြသည်။ ချွန်ဘူရီခရိုင်ရှိ စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော ၄ နှစ်ပြည့် MOU မြန်မာအမျိုးသမီး အလုပ်သမားများကို ထိုင်းအစိုးရမှ အလုပ်လုပ်ခွင့်ဗီဇာသက်တမ်း တိုးပေးခြင်းမရှိတော့သဖြင့် အလုပ်ရှင်မှ မြန်မာအလုပ်သမားများကို အလုပ်ထွက်ခိုင်းခြင်းများလည်း ကြုံတွေ့နေရကြောင်း ယင်းအခမ်းအနားတွင် အလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ဦးက ပြောကြားခဲ့သည်။ အလုပ်ထုတ်ခံရသော မြန်မာအမျိုးသမီးများတွင် တစ်ချို့မှာ စစ်ကိုင်း၊ ပဲခူး စသော ဒေသများမှ လာရောက်ကြရာ […]

အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု

diz_admin

March 8, 2023

အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု (Transitional Justice) မှာ အပိုင်းနှစ်ပိုင်း ပါဝင်ပါတယ်။ အသွင်ကူးပြောင်းမှု (Transition) နဲ့ တရားမျှတမှု (Justice) တို့ပါ။

အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု

diz_admin

March 8, 2023

အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု (Transitional Justice) မှာ အပိုင်းနှစ်ပိုင်း ပါဝင်ပါတယ်။အသွင်ကူးပြောင်းမှု (Transition) နဲ့ တရားမျှတမှု (Justice) တို့ပါ။

ထိုင်းတွင် မြန်မာဇနီးမောင်နှံ ဆိုင်ကယ်မှောက်ပြီးနောက် ကုန်ကားထပ်တိုက်ခံရပြီးသေဆုံး

diz_admin

March 8, 2023

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ညစာအတွက် ဈေးလာဝယ်သည့် မြန်မာအလုပ်သမားဇနီးမောင်နှံ ဆိုင်ကယ်မှောက်ပြီး နောက် ၂၂ ဘီးတပ်တွဲကားကြီးက ထပ်မံဝင်တိုက်မိသဖြင့် သေဆုံးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မတ်လ ၇ ရက် ညနေ ၄ နာရီ ၅ဝမိနစ်ခန့်တွင် ချွန်ဘူရီခရိုင် စရီရာချာဒေသ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကားဖြင့် တိုက်မိသဖြင့် ဦးခေါင်းခွံကြေမွဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ဖော်ပြသည်။ သေဆုံးသွားသော မြန်မာဇနီးမောင်နှံမှာ အသက် ၃၀ နှစ်အရွယ် ကိုမင်းညွန့်နှင့် အသက် ၃၁ နှစ်အရွယ် နန်းအုံ့စန်တို့ ဖြစ်ကြောင်း သတင်းများတွင် ရေးသားထားသည်။ ၎င်းတို့ဇနီးမောင်နှံသည် ‌ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ဆေးသုတ်သည့် အလုပ်လုပ်ကိုင်သည့် အလုပ်သမားများဖြစ်ကြပြီး အလုပ်သမားအဆောင်တွင် နေထိုင်သူများဖြစ်ကြကြောင်း ဖော်ပြသည်။ ကုန်ကားမောင်းသည့် ထိုင်းနိုင်ငံသား ကားသမားက တိမ်းရှောင်ရန် ကြိုးစားသော်လည်း မလွတ်ခဲ့ခြင်းဖြစ်သည်ဟု […]