ထိုင်းတွင် မြန်မာမိန်းကလေးတစ်ဦး ဓားထောက်အဓမ္မပြုကျင့်ခံရ
diz_admin
January 31, 2023ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင်တွင် အသက် ၂၂ နှစ်အရွယ်ရှိ မြန်မာမိန်းကလေးကို ထိုင်းနိုင်ငံသားတစ်ဦးက အလုပ်လျှောက်ပေးမည်ဟု လိမ်လည်ခေါ်ဆောင်ပြီး ဓားထောက်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း ဖူထောင်စာခလာ ရဲစခန်းက ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၂၆ ရက် ည ၉ နာရီခန့်တွင် မြန်မာမိန်းကလေးတစ်ဦးက အဆိုပါဖြစ်စဉ်ကို စမွတ်ပရကန်ခရိုင် စာခလာရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ မြန်မာမိန်းကလေး၏ သက်သေထွက်ဆိုမှုအရ CCTV ကင်မရာများမှတစ်ဆင့် ကျူးလွန်သူ အသက် ၂၄နှစ်အရွယ် ထိုင်းနိုင်ငံသားကို ခြေရာခံလိုက်လံစစ်ဆေးခဲ့ပြီး ဇန်နဝါရီလ ၂၇ရက် ညနေ ၆နာရီခန့်တွင် နေအိမ်အတွင်း ဖမ်းမိခဲ့ ကြောင်း ရေးသားထားသည်။ အဆိုပါထိုင်းနိုင်ငံသားသည် အလုပ်လျှောက်ပေးမည်ဟုဆိုကာ မြန်မာမိန်းကလေးအား ဝတ်ခေါင်စန်ဘုန်းကြီးကျောင်း ရှေ့တွင် ကားဖြင့် လာရောက်ကြိုခဲ့ပြီးနောက် မြေကွက်လပ်တစ်ခုသို့ လိမ်လည်ခေါ်ဆောင်ခဲ့သည်ဟု ဖော်ပြသည်။ ထို့နောက် မြန်မာမိန်းကလေးကို […]


