ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ဒေါ်လာငါးသိန်းဖြင့် စင်ကာပူလေဆိပ်မှထွက်ခွာရန်ကြိုးပမ်းသည့် လက်နက်ပွဲစားအပါအဝင် မြန်မာသုံးဦးအရေးယူခံရ 

Dawei Watch

January 10, 2024

စင်ကာပူဒေါ်လာ ငါးသိန်းကျော်ကို သတင်းမပို့ဘဲ ယူဆောင်လာပြီး စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှ ထွက်ခွာရန် ကြိုးပမ်းသည့် မြန်မာနိုင်ငံသားသုံးဦး အရေးယူခံရကြောင်း စင်ကာပူရဲတပ်ဖွဲ့က ဇန်နဝါရီလ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ ဦးကျော်မင်းဦးဆိုသူသည် စင်ကာပူဒေါ်လာ ၅၀၈,၉၂၅ ကို ငွေသားအဖြစ် မကြေညာခဲ့ဘဲ ချန်ဂီလေဆိပ်မှ ထွက်ခွာရန် ပြီးခဲ့သည့် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။  ၎င်းသည် နောက်ထပ်မြန်မာနှစ်ဦးဖြစ်သည့် ဦးဝေဆာထွန်းနှင့် ဦးဝင်းမြင့်ဆိုသူတို့ကို ဒေါ်လာခွဲယူ သယ်ဆောင်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။  ဦးဝေဆာထွန်းက ဒေါ်လာနှစ်သိန်းခွဲ၊ ဦးဝင်းမြင့်က ဒေါ်လာ ၂၄၉၀၀၀၊ ဦးကျော်မင်းဦးက ၉၉၂၅ ဒေါ်လာ သယ်ဆောင် လာခဲ့ကြောင်း စင်ကာပူရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။  ငွေသားမှောင်ခိုသယ်ဆောင်မှုဖြင့် အရေးယူခံရသည့် ဦးကျော်မင်းဦးဆိုသူသည် စစ်ကောင်စီအတွက် စစ်လက်နက် ဝယ်ပေးသည့် ပွဲစားဖြစ်သဖြင့် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူထားသည့် Sky Aviator ကုမ္ပဏီ တည်ထောင်သူ ဖြစ်ကြောင်း ဧရာဝတီသတင်းတစ်ရပ်တွင် ဖော်ပြသည်။  စင်ကာပူလေဆိပ်မှ ထွက်ခွာလျှင် ဒေါ်လာ နှစ်သောင်းသာ သယ်ဆောင်ခွင့်ရှိပြီး အထက်ပါ မြန်မာသုံးဦးမှာ […]

မဟာချိုင်တွင် မြန်မာလုပ်သား ၁၇ ဦး လုပ်အားခမရဘဲ အလုပ်ထုတ်ခံရ

Dawei Watch

January 10, 2024

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသရှိ ပါကင်ပိတ်ပစ္စည်းပို့စက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၇ ဦးမှာ လုပ်အားခမရဘဲ အလုပ်မှ ထုတ်ပယ်ခံလိုက်ရကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမားများသည် ဒီဇင်ဘာလတွင် အလုပ်လုပ်ထားသော လုပ်အားခကို ရရှိခဲ့ခြင်းမရှိဘဲ ဇန်နဝါရီလ ၂ ရက်နေ့တွင် အလုပ်ရှင်က အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။ အလုပ်သမားများအတွက် လုပ်အားခ တစ်လစာ စုစုပေါင်း ဘတ် ၂၁၀၀၀၀ ကျော်ကို ထုတ်ပေးခဲ့ခြင်းမရှိဘဲ အလုပ်မှ ထုတ်လိုက်ခြင်းဖြစ်သည်။ မြန်မာအလုပ်သမားများသည် MoU စနစ်ဖြင့် ဝင်လာသော အလုပ်သမားများဖြစ်ပြီး အေဂျင်စီက စေလွှတ်ခဲ့သော လုပ်ငန်းခွင်တွင် အဆင်မပြေသဖြင့် အခြားအလုပ်ပြောင်းရွှေ့နိုင်ရေး အလုပ်ထွက်စာ (ဘိုင်ကျန့်အော်) တောင်းဆိုခဲ့ကြောင်း၊ သို့သော်လည်း အလုပ်ထွက်စာသည် အလုပ်သမားများဆီ ရောက်ရှိလာခြင်းမရှိဘဲ ပွဲစားလက်ထဲတွင် သက်တမ်းကုန်ဆုံးသွားခဲ့ကြောင်း သိရသည်။ ယင်းကြောင့် […]

အယ်နီညိုနဲ့ရေရှားပါးမှု

Dawei Watch

January 10, 2024

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများမှာပဋိပက္ခ၊ တိုက်ပွဲနဲ့ အထွေထွေ အကျပ်အတည်းဒဏ်ကိုအလူးအလဲခံစားနေချိန် နောက်ထပ်ကပ်ဘေးတစ်ခုထပ်ကြုံရဖို့ရှိနေပါတယ်။ အဲဒါကတော့ အလွန်ပူပြင်းခြောက်သွေ့ပြီးအဖျက်မိုးရွာသွန်းနိုင်တဲ့ အယ်လ်နီညိုလို့ခေါ်တဲ့ရာသီဥတုကပ်ဘေး ဖြစ်ပါတယ်။ အယ်နီညိုရာသီဥတုဖြစ်တဲ့ အခုလိုအချိန်မှာ သောက်သုံးရေနဲ့ စိုက်ပျိုးရေးအတွက် ရေချိုရှားပါးတာကို ဘယ်လိုကြိုတင်ကာကွယ်ကြမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ချွန်ဘူရီတွင် MoU မြန်မာလုပ်သား ၇၀ ကျော် ရောင်းစားခံရပြီး ဒုက္ခရောက်နေ

Dawei Watch

January 9, 2024

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် တရားဝင်လာရောက် လုပ်ကိုင်သော မြန်မာအလုပ်သမား ၇၀ ကျော်သည် ရောင်းစားခံရသည့် အပြင် အလုပ်လည်း ပုံမှန်မလုပ်ရသဖြင့် ဒုက္ခရောက်နေကြကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ အဆိုပါအလုပ်သမားများသည် နှစ်နိုင်ငံအစိုးရ နားလည်မှုစာချွန်လွှာ MoU စနစ်ဖြင့် လာရောက် လုပ်ကိုင်ကြသူများဖြစ်သည်။  မြန်မာအလုပ်သမား ၇၁ ဦးကို မြန်မာအေဂျင်စီ Moe Thit Yan က ထိုင်းနိုင်ငံ ပထုံဌာနီရှိ Apisit ကုမ္ပဏီတွင် လုပ်ကိုင်ရန် ၂ နှစ်စာချုပ်ချုပ်ဆို၍ ပြီးခဲ့သောနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က စေလွှတ်ခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။ ထိုင်းနိုင်ငံသို့ ရောက်သောအခါ စာချုပ်ပါလုပ်ငန်းခွင်သို့ မဟုတ်ဘဲ ချွန်ဘူရီခရိုင်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုသို့ ပို့ဆောင်ခံရကြောင်း အလုပ်သမားများက ပြောသည်။ စာချုပ်ပါ Apisit ကုမ္ပဏီသူဌေးက မြန်မာအလုပ်သမား ၇၀ ကျော်ကို တစ်ဦးလျှင် ဘတ် ၂၀၀၀ ဖြင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုသို့ ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားတစ်ဦးက ဆိုသည်။ “မင်းတို့သူဌေးကတော့ […]

ဘန်ကောက်တွင် ဆယ်ကျော်သက် မြန်မာမိန်းကလေးကို ထိုင်းပွဲစားက အဓမ္မပြုကျင့်

Dawei Watch

January 8, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အသက် ၁၉ နှစ်အရွယ်ရှိ ဆယ်ကျော်သက် မြန်မာမိန်းကလေးတစ်ဦးကို ထိုင်းနိုင်ငံသားပွဲစားတစ်ဦးက အလိုမတူဘဲ ဓါးထောက်၍ အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသော မြန်မာလုပ်သား ကူညီစောင့်ရှောက်ရေးကော်မတီ MHAC အဖွဲ့ထံမှ သိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၇) နေ့လယ်ပိုင်းက ဘန်ကောက်မြို့ ဘန်ခွန်ထီရမ်နယ်မြေတွင် ယင်းသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ ထိုင်းနိုင်ငံသားပွဲစားက ထိုင်းရောက်ခါစ စကားရေရေလည်လည် မပြောတတ်သေးသော ကရင်တိုင်းရင်းသူ မြန်မာမိန်းကလေးကို အလုပ်ရှာပေးမည်ဟုဆိုကာ တည်းခိုခန်းသို့ ခေါ်သွားခဲ့ပြီး အလိုမတူဘဲ အတင်းအဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ဦးဆောင်သူ ကိုရဲမင်းက ပြောသည်။ “တည်းခိုခန်းထဲကိုဝင် အတင်းအခန်းထဲဆွဲသွင်းပြီးတော့ ဓါးတွေနဲ့ထောက် ပိတ်ကန် ထိုးကြိတ်ပြီးတော့ အဓမ္မပြုကျင့်တာ” ဟု ကိုရဲမင်းက ဆိုသည်။ ဖြစ်စဉ်သိရသည်နှင့် မြန်မာမိန်းကလေးထံ အရေးပေါ် သွားရောက်ကြည့်ရှုခဲ့ပြီး ဆေးရုံတွင် စစ်ဆေးချက် […]

ကန်ချနဘူရီတွင် မလေးရှားသွားမည့် မြန်မာလုပ်သားများ ကားတိုက်မှုဖြစ်၊ ရှစ်ဦးဒဏ်ရာရ

Dawei Watch

January 7, 2024

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာ အလုပ်သမားများအား တင်ဆောင်လာသော ပစ်ကပ်ကားသည် လမ်းဘေးဓါတ်တိုင်နှင့် တိုက်မိပြီး မြန်မာအလုပ်သမား ရှစ်ဦး ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာနေကြောင်း သတင်းရရှိထားသဖြင့် ထိုင်းအာဏာပိုင်များက စန်ခရာဘူရီဒေသတွင် ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၃ နာရီခန့်က စစ်ဆေးရေးဂိတ်ချ စစ်ဆေးနေခဲ့ကြောင်း ဖော်ပြသည်။ ပစ်ကပ်ကားသည် စစ်ဆေးရေးဂိတ်အရောက်တွင် အရှိန်လျှော့ဟန်ပြကာ အရှိန်ဖြင့် ပြန်မောင်းကာ အတားအဆီး များကို တိုက်၍ ထွက်ပြေးမောင်းနှင်ခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။  အာဏာပိုင်များက လိုက်လံဖမ်းဆီးရာ ပစ်ကပ်ကားသည် အရှိန်လွန်ကာ လမ်းချော်ပြီး ဓါတ်တိုင်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ကားပေါ်တွင် မြန်မာအလုပ်သမား အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း ၃၀ ဦးလိုက်ပါလာခဲ့ပြီး ဆယ်ကျော်သက်များ အပါအဝင် […]

မဲဆောက်တွင် ဆယ်ကျော်သက် မြန်မာလက်ဝှေ့နည်းပြ အသတ်ခံရ

Dawei Watch

January 5, 2024

ထိုင်းနိုင်ငံ တာခ့်ခရိုင် မဲဆောက်မြို့တွင် အသက် ၁၈ နှစ်အရွယ်သာရှိသေးသော မြန်မာလူငယ် လက်ဝှေ့နည်းပြတစ်ဦး၏ အလောင်းကို အသတ်ခံထားရသည့်ပုံစံဖြင့် လမ်းဘေးတွင် တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မဲဆောက်-အုံဖမ်းလမ်းမဘေး ငှက်ပျောပင်အောက်တွင် ဇန်နဝါရီလ ၃ ရက်နေ့က “ကို” အမည်ရှိသော မြန်မာလူငယ် လက်ဝှေ့နည်းပြ၏အလောင်းကို ပြည်သူတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ မြန်မာလူငယ်သည် အရက်မူးပြီး အိပ်ပျော်နေသည်ဟု ထင်ရသဖြင့် သွားပြီးနှိုးရာမှ သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သတင်းတွင် ဖော်ပြထားသည်။ အလောင်းတွင် အနက်ရောင်လက်ဝှေ့ဘောင်းဘီကို ဝတ်ဆင်ထားပြီး အလောင်း၏ နောက်ကျောတွင် ထိုးသွင်းဒဏ်ရာကိုလည်း တွေ့ရှိရသော်လည်း အသုံးပြုသော လက်နက်ကို ရှာမတွေ့ခဲ့ကြောင်း သိရသည်။ မြန်မာလူငယ်၏ အလောင်းကို မတွေ့မီ ဇန်နဝါရီလ ၁ ရက်နေ့ ညတွင် နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် လက်ဝှေ့ပြိုင်ပွဲ ကျင်းပခဲ့ဟုဆိုသည်။ […]

ထိုင်းတွင် MoU မြန်မာလုပ်သားများကို လုပ်အားခမပေးဘဲ ခြိမ်းခြောက်ခိုင်းစေ

Dawei Watch

January 4, 2024

ထိုင်း-လာအိုနယ်စပ် နခွန်ဖနွမ်တွင် နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် ဝင်ရောက်လာ‌သော မြန်မာအလုပ်သမားများကို လုပ်အားခ ဘတ် ၄ သိန်းခွဲကျော် မပေးသည့်အပြင် ထိုင်းရဲကိုဖမ်းခိုင်းမည်ဆိုကာ ခြိမ်းခြောက်ခိုင်းစေနေကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမား ၅၁ ဦးကို မြန်မာအေဂျင်စီ Zin Tun Win 999 က ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့တွင် လုပ်ကိုင်ရန် ၂ နှစ်စာချုပ်ဖြင့် နိုဝင်ဘာ ၂ ရက်နေ့က စေလွှတ်ထားခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။ သို့သော်လည်း စာချုပ်ပါလုပ်ငန်းခွင်သို့မဟုတ်ဘဲ ထိုင်း-လာအိုနယ်စပ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ပို့ဆောင်ခြင်းခံရပြီး နိုဝင်ဘာလ ၄ ရက်နေ့မှစ၍ အလုပ်ဆင်းခဲ့ရကြောင်း အလုပ်သမားများက ပြောသည်။ အလုပ်သမားများ အလုပ်လုပ်ကိုင်ထားသော ၂၅ ရက်စာ လုပ်အားခစုစုပေါင်း […]