ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

စစ်ကောင်စီလက်ထက် အားကိုးရာမဲ့နေသည့် MoU လုပ်သားများ

Dawei Watch

January 21, 2024

ဗိုက်ခွဲပြီး ကလေးမွေးထားသည်မှာ လပိုင်းသာရှိသေးသည့် မသူဇာတစ်ယောက် အုန်းပင်တက်သည့်အလုပ်ကို ခက်ခက်ခဲခဲ လုပ်ကိုင်နေရသည်။ ထိုင်းနိုင်ငံ စမွတ်စွန်ခရမ်ရှိ အုန်းတောအတွင်း အသက် ၂၈နှစ်အရွယ် မသူဇာက အမျိုးသားများပင် လုပ်ကိုင်ရခက်ခဲသည့် အလုပ်ကို လုပ်နေရသည်။ အုန်းရည်ခံထားသည့် ခွက်များကို တက်ယူနေရခြင်းဖြစ်သည်။ သူမအဖို့ မကျွမ်းကျင်သည့် အလုပ်ကို လုပ်နေရသဖြင့် အဆင်ချောနေသည်တော့ မဟုတ်ပေ။ အုန်းပင်ပေါ်မှ အောက်ကို အမြဲတမ်း ချော်ကျလေ့ရှိပြီး အမျိုးသမီးတစ်ဦး မပြောအပ်သည့်နေရာတွင် အမြဲတမ်းဒဏ်ရာရလေ့ရှိသည်။ မွေးရပ်တွင် ကျန်ရစ်ခဲ့သည့် ၇ လအရွယ်သမီးနှင့် ကျန်းမာရေးမကောင်းသည့် ခင်ပွန်းသည်တို့ကို ထောက်ပံ့နိုင်ရန် MoU စနစ် ဟု လူသိများသည့် ထိုင်းနိုင်ငံသို့ တရားဝင်နည်းလမ်းဖြင့် လာရောက်လုပ်ကိုင်သော်လည်း စာချုပ်ပါအလုပ်အတိုင်း မလုပ်ရဘဲ အခက်အခဲများစွာ ကြုံနေရခြင်း ဖြစ်သည်။ နှစ်နိုင်ငံအစိုးရနားလည်မှုစာချွန်လွှာ MoU စနစ်ဖြင့် […]

ထိုင်းတွင် မြန်မာငါးဖမ်းသမားတစ်ဦး ကျောက်ချစဉ် ကြိုးဖြင့်ပတ်မိသဖြင့် ခြေထောက်အပြင်းအထန်ဒဏ်ရာရ

Dawei Watch

January 17, 2024

ထိုင်းနိုင်ငံ စထွန်းခရိုင်တွင် လုပ်ကိုင်နေသော မြန်မာငါးဖမ်းသမားတစ်ဦးသည် ငါးဖမ်းလှေတွင် ကျောက်ချစဉ် မတော်တဆ ကြိုးဖြင့်ပတ်မိသွားသဖြင့် ခြေထောက်တွင် အပြင်းအထန်ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ကော့တားဘိုင်းကျွန်းအနီး ငါးဖမ်းလှေပေါ်တွင် ဇန်နဝါရီလ ၁၆ ရက်နေ့က မတော်တဆဖြစ်မှုကြောင့် မြန်မာအလုပ်သမား တစ်ဦး ဘယ်ဘက်ခြေထောက် ဒဏ်ရာအပြင်းအထန်ရရှိထားသည်ကို လှေဦးစီးက ကမ်းခြေစောင့်တပ်ကို အရေးပေါ်အကြောင်းကြားခဲ့ကြောင်း ရေးသားထားသည်။ ကမ်းခြေစောင့်တပ်များ ရောက်ရှိလာသောအခါ အသက် ၅၆ နှစ်အရွယ် မြန်မာငါးဖမ်းသမားတွင် ဘယ်ဘက်ခြေထောက် ပြတ်လုနီးပါးအထိ ဒဏ်ရာရထားသည်ကို တွေ့ရကြောင်း ဖော်ပြသည်။ ဒဏ်ရာကို သွေးတိတ်စေရန် ရှေးဦးပြုစုကုသခဲ့ပြီး ပတ်တီးစည်းကာ ကမ်းခြေသို့ အရေးပေါ်လှေဖြင့် ပို့ဆောင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ကမ်းခြေမှတဆင့် လငူဆေးရုံသို့ အရေးပေါ်ကားဖြင့် ထပ်မံပို့ဆောင်ပေးခဲ့ကြောင်း ဆိုသည်။ ထိုင်းရောက် မြန်မာငါးဖမ်းသမားများတွင် လုပ်ငန်းခွင်တွင် အန္တရာယ်မဖြစ်စေရန် […]

စမွတ်စခွန်တွင် တရားဝင်လာသည့် မြန်မာလုပ်သား ၁၈ဦး နှစ်လနီးပါးအထိ အလုပ်မရသေး

Dawei Watch

January 17, 2024

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် ကထူးဘင်ဒေသတွင် MoU စနစ်ဖြင့် တရားဝင် ဝင်ရောက်လာသော မြန်မာ အလုပ်သမား ၁၈ဦးသည် ရောက်ရှိပြီး နှစ်လနီးပါးကြာသည်အထိ အလုပ်မရသေးကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေး နေသော WAG အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမား ၁၈ ဦးကို မြန်မာအေဂျင်စီ ROYEL GOLDEN GATE INT’L SERVICES က ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် လုပ်ကိုင်ရန် ၂နှစ်စာချုပ်ချုပ်၍ ပြီးခဲ့သောနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့က စေလွှတ်ခဲ့ကြောင်း အလုပ်သမားများက ပြောသည်။ ၎င်းတို့သည် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဘန်ကောက်မြို့ ဘန်ကပီဒေသို့ ထပ်မံပို့ဆောင်ခံရကြောင်း အလုပ်သမားများထံမှ သိရသည်။ ယင်းနောက် မဟာချိုင် ကထူးဘင်ဒေသသို့ ထပ်မံပို့ဆောင်ခြင်းခံရပြီး ထိုင်းရောက်ပြီး နှစ်လနီးပါးကြာသည်အထိ […]

ထိုင်းတွင် ကားတိုက်မှုကြောင့် မြန်မာလုပ်သား ရှစ်ဦးဒဏ်ရာရ

Dawei Watch

January 16, 2024

ထိုင်းနိုင်ငံ ဖတ်ထလူခရိုင်တွင် ကားနှစ်စီး တိုက်သောကြောင့် ကားပေါ်ပါ မြန်မာအလုပ်သမား ရှစ်ဦး ဒဏ်ရာရပြီး တစ်ဖက် အိမ်စီးကားမောင်းသူ ထိုင်းနိုင်ငံသားတစ်ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ခွန်ခနူဒေသရှိ တောင်ပိုင်းအာရှလမ်းမကြီးပေါ်တွင် ဇန်နဝါရီလ ၁၄ ရက်နေ့က ပစ်ကပ်ကားနှင့် အိမ်စီးကားတို့ တိုက်မိခဲ့ခြင်းဖြစ်ပြီး ကားနှစ်စီးစလုံး လမ်းဘေးမြောင်းထဲ ကျသွားခဲ့ကြောင်း ဖော်ပြသည်။ ပစ်ကပ်ကားပေါ်တွင် မြန်မာအလုပ်သမား ရှစ်ဦး လိုက်ပါလာခဲ့ပြီး ကားကို အသက် ၆၀ အရွယ် ထိုင်းကားသမားတစ်ဦးက မောင်းနှင်လာခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။ ဒဏ်ရာရရှိသူအားလုံးကို ကယ်ဆယ်ရေးအဖွဲ့များက ရှေးဦးပြုစုကုသပေးခဲ့ပြီးနောက် ခွန်ခနူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဆိုသည်။ အိမ်စီးကားလည်း ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပြီး ကားမောင်းသူ အသက် ၅၃ နှစ်အရွယ် ထိုင်းနိုင်ငံသားလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ရာ ဆေးရုံသို့ […]

ဖူးခက်တွင် ဟိုတယ်ဝန်ထမ်း မြန်မာအမျိုးသမီးကို ပိုက်ဆံခိုးသည်ဆိုကာ ဖမ်းဆီး

Dawei Watch

January 15, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင် ပါတော်ဒေသရှိ ဟိုတယ်တစ်ခုတွင် လုပ်ကိုင်နေသော ဟိုတယ်ဝန်ထမ်း မြန်မာအမျိုးသမီးတစ်ဦးကို နိုင်ငံခြားသား ဧည့်သည်ထံမှ ဘတ် ၁၄၀,၀၀၀ ကျော် ခိုးသည်ဟုဆိုကာ ပါတော်ရဲစခန်းက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပြီးခဲ့သောနှစ် ဒီဇင်ဘာ ၂၇ ရက်က ပါ‌တော်ဒေသရှိ ဟိုတယ်တစ်လုံးတွင် တည်းခိုနေသော နိုင်ငံခြားသားတစ်ဦး၏ အိပ်ခန်းအတွင်းမှ အမေရိကန်ဒေါ်လာ ၇၀၀ ပျောက်ဆုံးခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့ကလည်း နိုင်ငံခြားသားဧည့်သည် ၂ ဦး၏ အိပ်ခန်းအတွင်းက ဘတ် ၅၅၀၀၀ ပျောက်ဆုံးသွားခဲ့သေးကြောင်း သတင်းတွင်ဖော်ပြထားသည်။ ယင်းနောက် နယ်မြေရဲစခန်းက ဇန်နဝါရီ ၁၂ ရက်တွင် ဟိုတယ်သို့လာရောက်၍ စုံစမ်းစစ်ဆေးသောအခါ အသက် ၂၇ နှစ်အရွယ် မလှလှဝင်း အမည်ရှိ မြန်မာဝန်ထမ်းတစ်ဦးသည် […]

ထိုင်းစက်ရုံက မြန်မာလုပ်သားများ အပါအဝင် အလုပ်သမား ၄၀၀ ကျော်ကို အလုပ်ထုတ်

Dawei Watch

January 13, 2024

ထိုင်းနိုင်ငံ၊ ဖစ်ချ်ဘူရီခရိုင်ရှိ Cal-Comp အီလက်ထရောနစ်စက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ အပါအဝင် အလုပ်သမား ၄၀၀ ကျော်ကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ လျော်ကြေးပေးကာ အလုပ်ထုတ်ခဲ့ကြောင်း စက်ရုံအလုပ်သမားများထံမှ သိရသည်။ အထုတ်ခံရသော အလုပ်သမား ၄၀၀ ကျော်တွင် မြန်မာအလုပ်သမား ၃၀၀ ကျော်အထိ ပါဝင်ခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။ စက်ရုံတွင် အမှာအော်ဒါလျော့ပါးလာသည်ဟုဆိုပြီး ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ လျော်ကြေးပေး၍ အလုပ်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု စက်ရုံဘက်ကပြောကြားခဲ့ကြောင်း အထုတ်ခံရသော အလုပ်သမားတစ်ဦးက ပြောသည်။ “မထုတ်ခင် သူတို့က ထုတ်မယ်လို့မပြောဘူး။ ညဆိုင်း နေ့ဆိုင်းဆင်းသမားတွေကို နေ့သက်သက်တွေ ဆင်းခိုင်းပြီးတော့ အကုန်လုံးထိုင်ခိုင်းလိုက်တာ။ ရုံပြောင်းပေးမယ်ဆိုပြီး ဘေးရုံတွေပြောင်းပေးမယ်လို့ပဲ သိထားကြတာ အကုန်လုံးက။ အဲနေ့ကျမှ ထမင်းစားတွေလွှတ်ပြီးတော့ ပြန်လာရော လူစုပြီးတော့ ပြောလိုက်တာ ထုတ်မယ်ဆိုတဲ့အကြောင်း” ဟု အလုပ်သမားတစ်ဦးက ဆိုသည်။ […]

တနင်္သာရီနယ်စပ် ဖက်ချ်ဘူရီခရိုင်တွင် ဖောင်စီးလာသော မြန်မာလုပ်သားငါးဦး ဖမ်းဆီးခံရ

Dawei Watch

January 12, 2024

တနင်္သာရီမြို့နယ်နှင့် ထိစပ်နေသော ထိုင်းနိုင်ငံ ဖက်ချ်ဘူရီခရိုင်ရှိ ချောင်းထဲတွင် ဖောင်စီးပြီး တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ငါးဦးကို ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇန်နဝါရီလ ၁၀ရက်က ဖက်ချ်ဘူရီခရိုင် အမျိုးသားဥယျာဉ်တစ်ခုတွင် အာဏာပိုင်များက ကွင်းဆင်းလေ့လာပြီး လှေစောင့်ဆိုင်းနေစဉ် ဖောင် ၂ စင်း လှော်ခတ်လာသည်ကို တွေ့ရှိခဲ့ကြကြောင်း ဖော်ပြထားသည်။ အာဏာပိုင်များက စစ်ဆေးရာ ဝါးလုံးများဖြင့် လုပ်ထားသော ဖောင်နှစ်စီးပေါ်တွင် ထမင်းအိုး၊ ဆိုလာပြားများနှင့် အဝတ်အစားများကို တွေ့ရှိခဲ့ကြရပြီး သေနတ်ကဲ့သို့ လက်နက်များကို မတွေ့ရှိရကြောင်း ဖော်ပြထားသည်။ ဖောင်ပေါ်က လူများကို စစ်ဆေးသောအခါ ကလေးငယ် နှစ်ဦးအပါအဝင် ၁၀ ဦး လိုက်ပါလာခဲ့ကြပြီး အားလုံးသည် ထိုင်းနိုင်ငံသားများဖြစ်ကြကြောင်း ကနဦး ဖြေကြားချက်ကို ဖော်ပြထားသည်။ ယင်းနောက် အာဏာပိုင်များက အမည်၊ ဓါတ်ပုံမှတ်တမ်းများ ရယူခဲ့သည်ဟုဆိုသည်။  ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရွာလူကြီးက လိုက်လာ၍ စစ်ဆေးခဲ့ရာ လှေတစ်စီးပေါ်လိုက်ပါလာသည့် […]

အယ်နီညိုနဲ့ရေရှားပါးမှု

Dawei Watch

January 11, 2024

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများမှာပဋိပက္ခ၊ တိုက်ပွဲနဲ့ အထွေထွေ အကျပ်အတည်းဒဏ်ကိုအလူးအလဲခံစားနေချိန် နောက်ထပ်ကပ်ဘေးတစ်ခုထပ်ကြုံရဖို့ရှိနေပါတယ်။ အဲဒါကတော့ အလွန်ပူပြင်းခြောက်သွေ့ပြီးအဖျက်မိုးရွာသွန်းနိုင်တဲ့ အယ်လ်နီညိုလို့ခေါ်တဲ့ရာသီဥတုကပ်ဘေး ဖြစ်ပါတယ်။ အယ်နီညိုရာသီဥတုဖြစ်တဲ့ အခုလိုအချိန်မှာ သောက်သုံးရေနဲ့ စိုက်ပျိုးရေးအတွက် ရေချိုရှားပါးတာကို ဘယ်လိုကြိုတင်ကာကွယ်ကြမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။