ရနောင်းသို့ လှေဖြင့် တရားမဝင်လာသော ဘုတ်ပြင်းဒေသခံ ၂၀ကျော် ဖမ်းဆီးခံရ
diz_admin
February 13, 2023ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင် ကော့သောင်းဘက်မှ စက်လှေဖြင့် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၂၁ ဦးကို ဖေဖော်ဝါရီလ ၁၂ ရက် ညနေပိုင်းတွင် ပင်လယ်ပြင်၌ ဖမ်းဆီးရမိကြောင်း အမှတ် (၂၅) ထိုင်းခြေမြန်တပ်ရင်းက သတင်းထုတ်ပြန်သည်။ ပင်လယ်ပြင်တွင် အလုပ်သမားများပါသော လှေတစ်စီး ရနောင်းဘက်သို့ ဦးတည်သွားရောက်နေသည်ဟု သတင်းပေးတိုင်ကြားချက်ရသဖြင့် သွားရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြပါရှိသည်။ ကျော်အမည်ရှိသော လှေတစ်စီးကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ရပ်တန့်ခိုင်းခဲ့ကာ စနရီကျွန်း စစ်ဆေးရေးဂိတ်သို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း ရေးသားထားသည်။ လှေပိုင်ရှင်ဖြစ်သော အသက် ၃၁နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးနှင့် ခရီးသွားအထောက်အထားမရှိသော မြန်မာအလုပ်သမား ၂၁ ဦးတို့ကို ဖမ်းမိကြောင်း ဆက်လက်ဖော်ပြသည်။ မြန်မာအလုပ်သမားများသည် ဘုတ်ပြင်းမြို့နယ် ဒေသခံများ ဖြစ်ကြပြီး ချုံဖော်ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်နိုင်ရန် လာရောက်ကြခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ […]