ကားမှောက်မှုကြောင့်သေဆုံးသော မြန်မာလုပ်သားနှစ်ဦးအတွက် အာမခံကြေးဘတ်နှစ်သန်းကျော်ရ
diz_admin
February 16, 2023ထိုင်းနိုင်ငံ တာခ့်ခရိုင် မဲဆောက်မြို့အနီး မြန်မာအလုပ်သမားများလိုက်ပါလာသည့် ဘတ်စ်ကားတိမ်းမှောက်မှုတွင် သေဆုံးသွားသော မြန်မာအလုပ်သမားနှစ်ဦးအတွက် အာမခံလျော်ကြေးငွေ ဘတ် ၂၁ သိန်းကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပေးအပ်လိုက်ကြောင်း တာခ့်ခရိုင်အလုပ်သမားရုံးက ထုတ်ပြန်သည်။ အဆိုပါမြန်မာအလုပ်သမားများမှာ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MoU) စနစ်ဖြင့် ထိုင်းနိုင်ငံတွင် တရားဝင် လာရောက် လုပ်ကိုင်နေသူများဖြစ်သည်။ ကားတိမ်းမှောက်ရာတွင် သေဆုံးသွားသည့် မရွှေရည်နှင့် မဟန်တို့နှစ်ဦးအတွက် ကားအာမခံကုမ္ပဏီက အာမခံ လျော်ကြေးငွေ တစ်ဦးလျှင် ဘတ် ၁၀၅၀၀၀၀ (ကျပ်သိန်း ၉၀၀ ခန့်) ကို မိသားစုဝင်များထံသို့ ချက်လက်မှတ်ဖြင့် ပေးအပ်ခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါအာမခံငွေပေးအပ်ပွဲကို တာခ့်ခရိုင် မဲဆောက်ရဲစခန်းရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီး ထိုင်းအလုပ်သမားရုံးက တာဝန်ရှိသူများနှင့် မြန်မာအလုပ်သမားသံအရာရှိတို့လည်း တက်ရောက်ခဲ့သည်ဟု ဖော်ပြသည်။ သေဆုံးသူ၏ မိသားစုဝင်များသည် […]