ဖူးခက်တွင် မြန်မာလုပ်သား ၁၅ ဦး လုပ်အားခမရသဖြင့်အမှုဖွင့်
Dawei Watch
January 29, 2024ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၅ ဦးသည် လုပ်အားခ ဘတ် ၂ သိန်းကျော်ကို သူဌေးက ထုတ်ပေးခဲ့ခြင်းမရှိသဖြင့် အမှုဖွင့်တိုင်ကြားထားကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ အမျိုးသမီးလေးဦးအပါအဝင် မြန်မာအလုပ်သမား ၁၅ဦးမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ပြီးခဲ့သည့်နှစ် ဇူလိုင်လမှစတင်ကာ လုပ်ကိုင်နေခြင်းဖြစ်ပြီး နောက်ဆုံး လုပ်ကိုင်ခဲ့သည့် လုပ်အားခ တစ်လစာကို သူဌေးဖြစ်သူက ပိုက်ဆံမရှိဟု ပြောဆိုပြီး ထုတ်မပေးကြောင်း WAG အဖွဲ့ထံမှသိရသည်။ လုပ်အားခမရသည့်အပြင် သူဌေးက ယာယီနေထိုင် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ပြုလုပ်ရန် ငွေကြေးများ ကောက်ခံထားပြီး စာရွက်စာတမ်းများ တာဝန်ယူလုပ်ဆောင်ပေးခဲ့ခြင်းမရှိသည့်အတွက် ဖူးခက်မြို့ရှိ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံး (ဆာဝါဒီကန်) သို့ ဇန်နဝါရီလ ၂၈ ရက်နေ့က တိုင်ကြားခဲ့ကြောင်း WAG […]


