BREAKING
October 19, 2025

အားကစား/ကမ္ဘာ့ဖလား

အီတလီနဲ့ ဂျာမနီပဲ ကွာတားဖိုင်နယ်ကို တက်လှမ်းသွားလိမ့်မယ်

Dawei Watch

June 29, 2024

ယူရို ၂၀၂၄ ပြိုင်ပွဲကြီးရဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွေကို အစပြုပါပြီ။ ဒီညမှာတော့ နာမည်ကြီးအသင်းတွေဖြစ်ကြတဲ့ လက်ရှိချန်ပီယံ အီတလီ၊ အိမ်ရှင် ဂျာမနီတို့ရဲ့ ပွဲတွေကို စတင်ရှုစားရတော့မှာပါ။ ဂျာမနီနဲ့ ဒိန်းမတ် ပွဲစဉ်ကတော့ ပိုပြီး အကြိတ်အနယ်ဖြစ်လာဖို့ ရှိနေပါတယ်။ အဲ့ဒီပွဲစဉ်ဟာ စိတ်မကျေပွဲသဘောမျိုးတောင် ဖြစ်လာပါလိမ့်မယ်။ အီတလီနဲ့ ဆွစ်ဇာလန်တို့ရဲ့ ပွဲစဉ်ကို မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ ယှဉ်ပြိုင်ဖို့ ရှိနေပြီး ဂျာမနီနဲ့ ဒိန်းမတ်တို့ရဲ့ ပွဲစဉ်ကိုတော့ ညသန်းခေါင်ယံကျော်လို့ နောက်တစ်နေ့မနက်ကို ကူးတဲ့ မနက် ၁ နာရီခွဲမှာ ကျင်းပမှာပါ။ ဘယ်အသင်းတွေက ရလဒ်ကောင်းတွေ ရယူပြီး နောက်တစ်ဆင့်ဆီကို ဆက်လက် တက်လှမ်းသွားလေမလဲ။

ဘယ်အသင်းတွေ အုပ်စုဒုတိယပွဲစဉ်တွေမှာ သတိထားရတော့မလဲ

Dawei Watch TV

June 19, 2024

ယူရို ၂၀၂၄ ရဲ့အုပ်စုဒုတိယပွဲစဉ်တွေ စတင်ပါတော့မယ်။ အုပ်စုပထမပွဲစဉ်တွေ ပြီးဆုံးချိန်မှာ အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် အသင်းကြီးတချို့က အားရစရာအနေအထားမျိုး ဖြစ်မလာသေးပါဘူး။ ဘယ်လ်ဂျီယံ ဆိုရင် အထင်ကြီးထားသလောက် အလုပ်မဖြစ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ အင်္ဂလန်ဆိုရင်လည်း နိုင်ပွဲရသွားခဲ့တာပဲ ရှိတာပါ၊ တကယ့်အားရစရာခြေစွမ်းမျိုးကို ထုတ်မပြနိုင်ခဲ့ပါဘူး။ အုပ်စုဒုတိယပွဲစဉ်တွေ ပြီးဆုံးချိန်ကိုရောက်ရင်တော့ နောက်တစ်ဆင့်ဆီ တက်လှမ်းခွင့်ရတဲ့အသင်းတချို့ ထွက်ပေါ်လာတော့မှာဖြစ်သလို ဘယ်အသင်းတွေကတော့ဖြင့် မဖြစ်မနေ စောင့်ကြည့်ရလိမ့်မယ်ဆိုတာ အဖြေထွက်လာတော့မှာပါ။ ဒီကဏ္ဍမှာ အုပ်စု ၃ ခုကို စတင်ဆွေးနွေးပေးချင်ပါတယ်။

စပိန်နဲ့ အီတလီက နှာတစ်ဖျားသာနေတဲ့ အုပ်စု(ခ)

Dawei Watch

June 15, 2024

ယူရို ၂၀၂၄ ရဲ့အုပ်စု(ခ)ဟာ အရမ်းပဲ စိတ်ဝင်စားစရာကောင်းလှပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ နှစ်ခုဆက်တိုက် အစွမ်းပြခဲ့တဲ့ ခရိုအေးရှားက ဒီအုပ်စုမှာ ပါဝင်နေသလို အစဉ်အလာကြီးမားခဲ့တဲ့ စပိန်နဲ့ အီတလီတို့ဟာ ခရိုအေးရှားကြောင့် အခက်တွေ့ရဦးမှာပါပဲ။ ခရိုအေးရှားဟာ မိုဒရစ်ကို အားပြုတဲ့အသင်းဖြစ်ပေမယ့် သူတို့ရစ်သမ် မိသွားပြီဆိုရင် သိပ်ကို ကြောက်စရာကောင်းလှပါတယ်။ အတက်ဘက်ကို ဆက်တိုက်ရောက်ခဲ့ပြီးတဲ့ ခရိုအေးရှားအတွက် အကျဘက်ဆီ ပြန်ရောက်လေတော့မလားဆိုတာကို စောင့်ကြည့်ကြရတော့မှာပါ။ ယူရိုလက်ရှိချန်ပီယံ အီတလီကတော့ ဒီတစ်ကြိမ်မှာ အစုအဖွဲ့အသစ်နဲ့ ယူရိုပြိုင်ပွဲဆင်နွှဲဖို့ ရောက်လာခဲ့တာဖြစ်ပါတယ်။ အီတလီဟာ ရိုးရာခံစစ်ကို အားပြုပြီး ပွဲထွက်လာမှာဖြစ်လို့ ဒီအုပ်စုအတွက် စိတ်ဝင်စားစရာပါပဲ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့အဓိကပြိုင်ဘက်တွေဖြစ်တဲ့ စပိန်နဲ့ ခရိုအေးရှားတို့က တိုက်စစ်အားသန်တဲ့အသင်းတွေ ဖြစ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။ စပိန်ကတော့ လူသစ်နဲ့ လူဟောင်းတွေ ပေါင်းစည်းထားတဲ့အသင်းပါ။ ဒါပေမဲ့ တစ်ခု သတိပြုရမှာက […]

အဇူရီ မိုးပြာရောင်တေးသွားကို ဒီညမှာ သီဆိုလိုက်ကြပါစို့

Dawei Watch

June 15, 2024

ဒီညမှာတော့ ယူရိုပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ပါလိမ့်မယ်။ မနေ့တုန်းက ဂျာမနီဟာ ဂိုးပြတ်ရလဒ်နဲ့ အနိုင်ရအောင် ကစားပြခဲ့လို့ ဒီနေ့ယှဉ်ပြိုင်ရမယ့် အုပ်စု(ခ)က အသင်းတွေဟာ ဂျာမနီကို တည့်တည့်ဝင်တိုးမလား ဒါမှမဟုတ် ရသလောက် ရှောင်မလားဆိုတာ တွက်ဆပြီး ကစားရတော့မှာပါ။ မြန်မာစံတော်ချိန် ည ၇ နာရီခွဲကိုရောက်ရင် အုပ်စု(က)ရဲ့လက်ကျန်ပွဲစဉ်ဖြစ်တဲ့ ဟန်ဂေရီနဲ့ ဆွစ်ဇာလန်၊ ည ၁၀ နာရီခွဲကိုရောက်ရင် အုပ်စု(ခ)ရဲ့အဖွင့်ပွဲဖြစ်တဲ့ စပိန်နဲ့ ခရိုအေးရှား၊ ညသန်းခေါင်ကျော်လို့ နောက်တစ်ရက်ဆီ ကူးပြောင်းတဲ့ မနက် ၁ နာရီခွဲကို ရောက်ရင်တော့ အီတလီနဲ့ အယ်လ်ဘေးနီးယားတို့ ယှဉ်ပြိုင်မယ့်ပွဲစဉ်တွေ ဒီညမှာ ရှိလို့နေပါတယ်။

ယူရိုပွဲတွေကို ဘက်တီးရီးယားတွေနဲ့ ခန့်မှန်းပေးမယ့် အဏုဇီဝဗေဒ ပညာရှင်

Dawei Watch

June 14, 2024

လေးနှစ်ကြာမှ တစ်ကြိမ်စီ ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတို့၊ ယူရိုပြိုင်ပွဲတို့ နီးကပ်လာပြီဆိုရင် လူတိုင်း စိတ်ဝင်စားတာတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ ဒီနှစ်ကျင်းပမယ့် ပြိုင်ပွဲကြီးမှာ ပွဲခန့်မှန်းပေးမယ့် တိရစ္ဆာန်တွေ ပါသလား၊ မပါဘူးလား ဆိုတာပါပဲ။ ရေဘဝဲလေး ပေါလ် ကနေ အစပြုလိုက်တဲ့ တိရစ္ဆာန်လေးတွေရဲ့ဟောကိန်းကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ပရိသတ်တွေက စိတ်ဝင်တစားနဲ့ အားပေးကြလေ့ရှိပါတယ်။ ဒီနှစ်မှာ ထူးခြားဆန်းပြားလှတဲ့ သတ္တဝါတစ်မျိုးနဲ့ ဒီပြိုင်ပွဲက ပွဲစဉ်တချို့ကို ခန့်မှန်းပေးမယ့်သူ ရှိလို့နေပါတယ်။ အဲ့ဒီပုဂ္ဂိုလ်ကတော့ အဏုဇီဝဗေဒ ပညာရှင် မားကပ်စ် အီဂျတ် ပါပဲ။ အရင်တုန်းကဆိုရင် ပွဲဟောကိန်းပေးတဲ့ တိရစ္ဆာန်တွေအဖြစ် ခွေးတွေ၊ ကြောင်တွေ၊ ဝက်တွေ၊ နွားတွေ၊ ကုလားအုတ်တွေ၊ သစ်ကုလားအုတ်တွေ၊ ဝက်ဝံတွေ၊ ဆင်တွေကို ပွဲထုတ်ခဲ့ကြဖူးပါတယ်။ အခုတစ်ကြိမ်မှာတော့ အဏုဇီဝဗေဒ ပညာရှင် […]

ယူရို ၂၀၂၄ ပြိုင်ပွဲကြီး စတော့မယ်

Dawei Watch

June 7, 2024

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးနဲ့တန်းတူထားပြီး ပရိသတ်စိတ်ဝင်စားမှုမြင့်တက်လေ့ရှိတဲ့ နောက်ထပ် နိုင်ငံတကာဘောလုံးပြိုင်ပွဲကြီးကတော့ ယူရိုပြိုင်ပွဲပဲ ဖြစ်ပါတယ်။ လေးနှစ်ကြာမှ တစ်ကြိမ်စီ ကျင်းပလေ့ရှိတဲ့ ယူရိုပြိုင်ပွဲကြီးကို လက်ရှိ ၂၀၂၄ ခုနှစ်မှာ ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ပြင်ဆင်နေပြီပဲဖြစ်ပါတယ်။ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတုန်းက တတိယနဲ့သာ ကျေနပ်ခဲ့ရတဲ့ ဂျာမနီဟာ အခုတစ်ကြိမ်မှာတော့ ချန်ပီယံဖြစ်ခွင့်ရနိုင်ဖို့အထိ ရည်မှန်းနေပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပြီးတဲ့နောက် ဂျာမနီဟာ နိုင်ငံတကာအဆင့်အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေခဲ့တာ ၁၀ နှစ် ရှိလာခဲ့ပါပြီ။ ဇွန်လ ၁၄ ရက်နေ့ ရောက်ရင် ပြိုင်ပွဲစတင်မှာဖြစ်ပြီး ဇူလိုင်လ ၁၄ ရက်နေ့ကိုရောက်ရင် ပြိုင်ပွဲကြီး ပြီးဆုံးမှာဖြစ်ပါတယ်။ ဂျာမနီနိုင်ငံမှာရှိတဲ့ ဘောလုံးကွင်းကြီး ၁၀ ကွင်းမှာ ယူရို ၂၀၂၄ ပြိုင်ပွဲကြီးကို ကျင်းပသွားမှာပါ။ ယူရို […]

အက်ဖ်အေဖလား ချန်ပီယံက မန်စီးတီးလား၊ မန်ယူလား

Dawei Watch

May 25, 2024

ဒီနှစ်ရဲ့အက်ဖ်အေဖလားဗိုလ်လုပွဲမှာလည်း မန်စီးတီးနဲ့ မန်ယူတို့ ထိပ်တိုက်ဆုံကြပါပြီ။ မနှစ်တုန်းကလည်း အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ဒီနှစ်သင်းပဲ တွေ့ဆုံခဲ့ပြီး မန်စီးတီးက ချန်ပီယံဖြစ်သွားခဲ့ပါတယ်။ အခုနှစ်ရဲ့ပရီးမီးယားလိဂ်ထိပ်တိုက်တွေ့ဆုံမှုတွေမှာလည်း မန်စီးတီးကချည်းပဲ နှစ်ကျော့လုံး အနိုင်ရထားပါတယ်။ အက်ဖ်အေဖလားပြိုင်ပွဲမှာ မန်စီးတီးပဲ ၂ နှစ်ဆက် ချန်ပီယံဖြစ်သွားလေမလား။

ဘောလုံးသမားကာကာက အရမ်းကောင်းလွန်းတဲ့ ယောက်ျားဖြစ်နေလို့ ကွာရှင်းလိုက်တာလို့ သူ့ဇနီးပြော

Dawei Watch

April 25, 2024

ဘောလုံးသမားကာကာက အရမ်းကောင်းလွန်းတဲ့ ယောက်ျားဖြစ်နေလို့ ကွာရှင်းလိုက်တာလို့ သူ့ဇနီးပြော